Primary tabs

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း(၂)

သဲမွန်ထွန်း

လက်ရှိလူသားတွေရဲ့မျှော်လင့်ခြင်းတွေကို အချိန်တိုအတွင်း ဖန်တီးပေးနေတဲ့နေရာ....ဥုံဖွဆိုပြီး မန်းမှုတ်လိုက်သလို လူတစ် ယောက်ကို ပြောင်းလဲသွားစေတဲ့နေရာ....မဖြစ်နိုင်ပါဘူးဆိုပြီး လက်မှိုင်ချနေတဲ့သူတွေကို ပျော်ရွှင်သွားစေတဲ့နေရာ......။

၂၀၁၃ ခုနှစ်ရဲ့ ပြောင်းလဲတိုးတက်မှုတွေထဲမှာ တစ်ခုပါဝင်လာတာက အမျိုးသားရော အမျိုးသမီးပါ မိမိရဲ့အသားအရေကို ဂရုတစိုက် ထိန်းသိမ်းလာတာပါပဲ။ ဖြစ်ချင်တဲ့ စိတ်ကူးတွေကို တကယ့်လက်တွေ့မှာ ဖန်တီးပေးနေတဲ့ အလှအပ ထိန်းသိမ်းရေးစင်တာ တွေ ပေါ်လာတာကြောင့်လို့လည်း ဆိုရမှာပေါ့။ ဆေးပညာဆိုင်ရာ တိုးတက်မှုတွေနဲ့ အလှမ်းဝေးနေတဲ့ မြန်မာပြည် လူထုအတွက်တော့ ဒီစင်တာတွေရဲ့ ပေးမယ့်သတင်းစကားက စိတ်ဝင်စားစရာ၊ မေးမြန်းချင်စရာတွေကြီးပါပဲ။ ဒီစင်တာတွေက ဘယ်လိုမျိုး ပြောင်းလဲပေးမှာ လဲ၊ ဖန်တီးမှုတွေက ဘေးအန္တရာယ်ကင်းရဲ့လား၊ ငွေကြေးကုန်ကျမှု ဘယ်လောက်ရှိမှာလဲ၊ ဒါတွေက လူတိုင်းသိချင်မယ့် ယေဘုယျ မေးခွန်းတွေပါပဲ။ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားပြီး နာမည်ကြီးနေပြီဖြစ်နေတဲ့ Beauty Center တွေဟာ အခုဆိုရင် ရန်ကုန်၊ မန္တလေးမြို့ ကြီးတွေမှာ အများအပြားရှိနေပါပြီ၊ လက်ရှိမှာလည်း မိမိရဲ့လိုအပ်ချက်ကို ပြုပြင်ပြီး ကျေနပ်နေကြတဲ့ လူတွေလည်း အများအပြား ရှိနေ ပါပြီ။ ဒီလို စင်တာများနဲ့ ပတ်သတ်ပြီးသိထားတဲ့ သူတွေရှိသလို၊ အချင်းချင်းလက်တို့ပြီး သွားရောက်ကုသကြတဲ့ သူတွေလည်းရှိပါတယ်၊ ဒါပေမဲ့အများစု သိစေချင်တဲ့စိတ်နဲ့ ယခုလအတွက် အနှစ်(၂၀) သက်တမ်းရှိပြီး ဆိုင်ခွဲပေါင်း(၂၀)အား ထိုင်းနိုင်ငံတွင် ဖွင့်လှစ်ထားသော PARINYA Slim & Beauty Center သို့ သွားရောက်မေးမြန်း ဖြစ်ခဲ့ပါတယ်။ လက်ရှိတွင် ရန်ကုန်၌ (၃)ဆိုင်၊ လာအိုတွင် ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံမှ ဆရာဝန်များ၏ လေ့ကျင့်သင်ကြားပေးသော စံညွှန်းများဖြင့် ၀န်ဆောင်မှုအား စိတ်တိုင်းကျ ပေးနေကြောင်း သိရပါတယ်။

ဝန်ဆောင်မှုပေးမယ့် အကြောင်းအရာများနဲ့ ပတ်သတ်ပြီးတော့လည်း sales ပိုင်းမှာ တာဝန်ရှိသူ မမျိုးထက်ထက်ထွန်းနှင့် တွေ့ ဆုံပြီး ယခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

-           Parinya (ပရင်းယား) စင်တာမှာ ဘယ်လိုဝန်ဆောင်မှုတွေကို ပေးနေတာပါလဲ။

အပိုင်းကြီး(၄)ပိုင်း ရှိပါတယ်၊ ရှင်းပြရမယ်ဆိုရင် Slimming ၊ Facial ၊ Skin White ၊ Hair ဆိုပြီး ခွဲထားပါတယ်။ ဒီဟာကတော့ အားလုံးကိုခြုံပြီး ပြောလိုက်တာပါ။

-           ဒါဆိုအသေးစိတ်အနေနဲ့ ပြောပြပါဦး၊ ဈေးနှုန်းတွေကအစပေါ့။

ဟုတ်ကဲ့၊ Body Slim အပိုင်းမှာ Meso Slim ၊ Ultra Slim ၊ Carbo Slim ဆိုပြီး(၃)မျိုး ရှိပါတယ်။ Meso Slim ကို အသက် (၁၆)နှစ်ပြည့်ပြီးရင် စထိုးလို့ရပါပြီ။ အဆီပြင်ထဲကို ဆေးထိုးပြီး အဆီတွေကို ပြိုကွဲသွားအောင် လုပ်ပေးတာပါ။ လိုချင်တဲ့နေရာကို လုပ်ပေးတာပါ၊ ဗိုက်၊ လက်မောင်းအစရှိသဖြင့်ပေါ့။ ဆီး၊ ၀မ်း၊ ချွေးတွေကနေ အဆီဟာထွက်သွားပါတယ်။ customer ရဲ့ ကျန်းမာရေး အချက်အလက်ကိုတော့ ဆရာဝန်နဲ့ သေချာပြောပြရပါမယ်၊ ရောဂါရှိတဲ့သူဆိုရင် ညှိနှိုင်းပြီးလုပ်ရတာတွေ ရှိပါတယ်။ အချိန်(၁)ပတ်နေရင် သိသာစေပါတယ်။ Ultra Slim ကတော Sound Wave အသံလှိုင်းနဲ့ အဆီကိုချတာပါ၊ Vibration တုန်ခါပြီး ပွတ်တိုက်ချတာမျိုး လုံးဝ မဟုတ်ပါဘူး။ နာကျင်မှု လုံးဝမရှိပါဘူး၊ ဘေးထွက်ဆိုးကျိုးမရှိပဲ ဗိုက်၊ တင်၊ ပေါင်၊ လက်မောင်း၊ ခြေသလုံးတို့မှ အဆီပိုအစိုင်အခဲတွေကို ဖယ်ရှားပေးပါတယ်။ အသံလှိုင်းဖွင့်ထားပြီး အဆီချလိုတဲ့ နေရာကိုထိပေးတာပါ။ ဒီအမျိုးအစားကတော့ အဆီကျပြီးကျစ်လျစ်လှပ သွားစေပါတယ်။ ဒီနည်းလမ်းကတော့ လူတိုင်းနဲ့သင့်တော်ပါတယ်။ ဈေးနှုန်းတွေကတော့ Meso & Ultra Slim (၅ကြိမ်)ကို ၃ သိန်း၎ သောင်း၊ (၁၀ကြိမ်)ကို ၆ သိန်း ၈ သောင်းပါ။ (၅ကြိမ်)ဆိုတာက ပုံမှန်ဝတဲ့သူတွေပါ၊ (၁၀ကြိမ်)ဆိုတာကတော့ ပုံမှန်ထက်ပိုဝတဲ့ အဆီရှိ တဲ့သူတွေပါ။ နောက်တစ်မျိုး Carbo Slim ၊ သူက ကာဗွန်ပါတဲ့ဆေးကို ပရက်ရှာပေးပြီး အဆီပြင်ကိုဖြိုခွဲတာပါ၊ ဆေးထည့်ထားတဲ့အပ်နဲ့ မိမိချလိုတဲ့ အဆီပြင်ကို ထိုးလိုက်တာပါ။ အနည်းငယ် နာကျင်မှုရှိပြီး အဆီကျနှုန်းကလည်း ပိုပြီးမြန်ဆန်စေပါတယ်။ ဒီအတွက်ဈေးနှုန်းက (၅ကြိမ်)ကို ၁ သိန်း၆ သောင်း ၅ ထောင်၊ (၁၀ကြိမ်)ကို ၃ သိန်း ၃ သောင်းပါ။ Slimming Treatment တွေ အားလုံးဟာ အစားအ သောက်တော့ ဆင်ခြင်ရပါမယ်၊ နံနက်စာနဲ့နေ့လည်စာကို ပုံမှန်စားပြီး အချိုနဲ့အဆီ ရှောင်ပေးရတယ်၊ ညစာကိုတော့ လုံးဝမစားရပါဘူး။ ဒီလိုမျိုးပြုလုပ်ရင် အဆီကျတာ ပိုပြီးသိသာစေပါတယ်။ ဆရာဝန်ညွှန်ကြားတာကို ကိုယ်ကလည်း လိုက်နာဖို့ လိုတာပေါ့။

-           အခုဆို ကိုရီးယားကားတွေကလည်း အရမ်းပေါက်တော့ အသားဖြူချင်လာကြတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ များလာတာတွေ့ ရတယ်၊ ဒီလိုမျိုး ဖြူချင်လာတဲ့ သူတွေကိုရော ဘယ်လိုဝန်ဆောင်မှု ပေးနေပါသလဲ။

Skin White ဆိုတာက ဗီတာမင်ဓာတ် အမြောက်အများ ပါဝင်တဲ့ဆေးကို အသားထဲထိုးပေးတာပါ၊ ခန္ဓာကိုယ်နဲ့ မျက်နှာ အသားအရေ၊ မညီညာတဲ့ အသားရေတွေကို တစ်ရောင်တည်း ဖြစ်အောင်လုပ်ပေးတယ်၊ Antioxidant နိယာမကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်တားဆီးပေးပါတယ်။ (၁)ပတ်ကို (၁)ကြိမ်ဆေးထိုးရမှာဖြစ်ပြီး (၁၀)လုံးထိုးရမှာပါ။ ပထမအကြိမ်ကို တင်ပါး မှာထိုးမှာပါ၊ ဒုတိယအကြိမ်ကနေ စပြီး အကြောဆေးထိုးသလိုမျိုး လက်မောင်းမှာပဲထိုးမှာပါ။ သောက်ဆေး၊ လိမ်းဆေးနဲ့ ကုသနည်းဆိုပြီး (၃)မျိုးပေးမှာပါ။ နာကျင်တာ လုံးဝမရှိပါဘူး။ သိသိသာသာကိုပဲ အသားအရေကို ဖြူစင်နူးညံ့ပြီး ချောမွတ်သွားစေတယ်။ ဈေးနှုန်း တွေကတော့ (၁၀)လုံးကို ၆ သိန်း ၈ သောင်း ဖြစ်ပါတယ်။မျက်နှာမှာ ချိုင့်ခွက်ရှိတဲ့သူတွေ ၀က်ခြံကြောင့်မည်းနေတဲ့သူတွေ၊ ချွေးပေါက် အကျယ်ကြီး ဖြစ်နေတဲ့သူတွေ အတွက်တော့ Derma Point ဆိုတာနဲ့ ကုသရပါတယ်။ သူကတော့ လေဆာနဲ့ကုသ ရတာမျိုးပါ၊ မျက်နှာ ရဲ့အသားတွေ ပြန်ပြည့်လာစေပြီး အသားတက်လာစေပါတယ်။ သိသာပါတယ်။ (၅ကြိမ်)၃ သိန်း ၄ သောင်း၊ (၁၀ကြိမ်) ၆ သိန်း ၈ သောင်းဖြစ်ပါတယ်။

-           မျက်နှာကို တင်းရင်းသွားအောင် အခုခေတ်စားနေတဲ့ ကြိုးထည့်တဲ့ နည်းလမ်းလေးလည်း ပြောပြပါဦး။

ဒါကတော့ ကိုရီးယားနည်းပညာပါ၊ Extra Lift လို့ ခေါ်ပါတယ်၊ အသားထဲမှာ ပျော်ဝင်နိုင်တဲ့ချည် (FDA မှခွင့်ပြုချက်ရပြီး) ကို အသုံးပြုပြီး မျက်နှာအရေးကြောင်းတွေ၊ မေးစေ့ (၂)ထပ်တွေကို ကုသတာပါ။ ခွဲစိတ်တာလုံးဝ မလုပ်ပါဘူး။ နာကျင်မှုလည်း မရှိပါဘူး။ Collagen အသစ်တွေဖြစ်လာစေပြီး မျက်နှာပြင်ကို သွယ်လျတင်းရင်းလာတာဖြစ်လို့ (၂)ပတ်အတွင်းမှာ သိသာစေပါတယ်။ ဒီလိုမျိုး လုပ်ထားမယ်ဆိုရင် အချိန်(၁ နှစ်ခွဲ)ခံပါတယ်၊ ကုသတဲ့အချိန်က (၁)နာရီပဲကြာပါတယ်၊ ထည့်ပြီး (၆)လမှာ ချည်ကြိုးလေးက အသားဖြစ် သွားတာပါ။ အသားအရေက ကြည်လာမယ်၊ တင်းရင်းလာမယ်၊ မျက်နှာကို(V)ပုံစံဖြစ်သွားစေလို့ လူကြိုက်များပါတယ်။ မျက်နှာတစ်ပြင် အတွက်ဆို ကြိုးက(၁၀)ချောင်းလောက် ထည့်ရပါတယ်၊ ဈေးနှုန်းက (၄) သိန်းကနေ စပါတယ်။(၂)ပတ်အတွင်း မျက်နှာကိုလူးချင်တာ လူးလို့ရပေမယ့် မဖိနှိပ်ရဘူး၊  facial massage  မလုပ်ရဖူးပေါ့။ အသက်အရွယ်မရွေးလည်း လုပ်လို့ရပါတယ်။

-           Hair အပိုင်းရဲ့ ၀န်ဆောင်မှုလေးလည်း ပြောပါဦး။

Forever Healthy Hair ဆိုပြီး ဆံပင်ကျွတ်တဲ့သူတွေနဲ့ ထိပ်ပြောင်တဲ့သူတွေကို ကုသပေးတာပါ။ ဆံပင်တွေသန်အောင် ဆံပင်ရဲ့အရင်းအမြစ်တွေထဲကို ဆေးထည့်ပြီး ကုတာပါ။ ဆေးထည့်ပေးရတယ်၊ သောက်ဆေးနဲ့လိမ်းဆေးနဲ့ တွဲပေးပါတယ်။ ပုံမှန်ဆံပင် ကျွတ်သူတွေကတော့ package တစ်ခုလောက်နဲ့ရပြီး ထိပ်ပြောင်တဲ့ သူတွေကတော့ package (2)ခါလုပ်ရပါတယ်။ package (1)ခုမှာ (၁၀ကြိမ်)ပါပါတယ်၊ အချိန် (၂)လခွဲကြာပါတယ်။ ဈေးနှုန်းကတော့ (၄)သိန်းဖြစ်ပြီး လိုအပ်တဲ့ ဆေးကိုထပ်ဝယ်ရမှာပါ၊ ဆံပင်အပိုင်းမှာပဲ package အပြင် ဆေးထပ်ဝယ်ရတာပါ၊ ကျန်တဲ့အပိုင်းတွေအားလုံးကတော့ Package ထဲမှာပါပြီးသာဖြစ်ပါတယ်။

-           ဒါဆို တစ်ခုထပ်မေးချင်တာက Extra Lift နဲ့ Botox က ဘယ်လိုကွဲပြားလဲ။

မြန်မာနိုင်ငံမှာက အရင်ကတည်းက Botox ဆိုတာ တင်းရင်းသွားအောင် ဆေးထိုးတာကိုတော့ သိကြတယ်လေ။ အရေး အကြောင်းတွေကျတော့ Botox နဲ့မှ တင်းရင်းအောင် လုပ်လို့ရတယ်။ Botox က ဆေးထိုးပြီး ကုသတာပါ၊ ကြွက်သားတွေကို ကျုံ့
အောင်လုပ်ပေးတာမျိုးပေါ့။ Jaw Muscle အရမ်းကြီးနေရင် ကြိုးထည့်လို့လည်း ကိုယ်လိုချင်တဲ့ပုံစံကိုမရဘူး။ ဒီအခါမျိုးဆို Extra Lift (ကြိုးထည့်) နဲ့ Botox လည်းလုပ်မယ်ဆို ကိုယ်လိုချင်တဲ့ဒီဇိုင်းကို ရပါတယ်။ Botox ကျတော့ တစ်ခါလုပ်ပြီးရင် (၄)လကနေ(၆)လ အထိပဲခံမယ်၊ လူတစ်ယောက်က ဘယ်လောက်ထိုးဖို့ လိုအပ်သလဲဆိုတာပေါ်မှာ မူတည်တာပေါ့နော်၊ (၁၀)ယူနစ်ပဲလိုအပ်ရင် (၁၀)ယူ နစ်စာပဲ ရောင်းပါတယ်။ (၁)ယူနစ်ကို (၈)ထောင်ယူပြီး customer အဆင်ပြေစေအောင် ယူနစ်(၅၀)ဆိုရင် ဆေးခန်းက ၂ သိန်း ၇ သောင်းနဲ့ရောင်းပါတယ်။

ဆေးခန်းထဲ ခဏထိုင်နေစဉ်အတွင်းမှာပဲ ဆေးခန်းကိုလာရောက်မေးမြန်း ကုသကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို အများ အပြား တွေ့ရပါတယ်။ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ ဖြစ်ချင်တဲ့မျှော်လင့်ချက်တွေဟာ အရောင်လက်နေတာကို ခံစားရသလို၊ ဒီလို Beauty Center တွေဟာ လူသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးတယ်လို့လည်း ခံစားရစေပါတယ်။ နဂိုရှိရင်းစွဲလှပပြီးသား သူတွေတောင် အလှအပကို မြတ်နိုးကြတယ်ဆိုရင်၊ အလှအပ ချို့တဲ့နေသူတွေကပိုပြီးလိုချင်တပ်မက်ကြမှာ သာမန်ဖြစ်စဉ် ကိစ္စတစ်ခု ပါပဲ။ စင်တာတစ်ခုရဲ့ အောင်မြင်မှုဆိုတာ လူသားတွေရဲ့ ယုံကြည်အားပေးမှုတွေ၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကောင်းတွေ၊ နောက် ဆုံးပေါ် နည်းပညာတွေက ပံ့ပိုးကူညီထားကြတာပါ။ အလွန်အကျွံမဟုတ်ပဲ မိမိရဲ့အားနည်းချက်ကို ဖာထေးဖို့၊ လိုအပ်ချက်ကို ပြုပြင်ဖို့အ တွက် ယခုလမှာလမ်းညွန်ပြသရင်း နောက်လများမှာလည်း အောင်မြင်နေတဲ့ နာမည်ကျော် Beauty Center များကို မိတ်ဆက်ပေးသွား ပါဦးမည်။