Primary tabs

ဟောလိဝုဒ်မှ လွင့်ပျံလာသော လျှို့ဝှက်ချက်များ

အနီရောင်ကော်ဇောပေါ် နင်းဖြတ်လာတဲ့ မင်းသမီးများရဲ့ အလှအပနဲ့ဖက်ရှင်ကို ရုပ်သံမှနိုင်ငံတကာရှိရုပ်ရှင်ချစ် ပရိသတ်များက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ၊ ဒီလို လူလုံးထွက်ပြရတဲ့ပွဲတွေ၊ ကင်မရာမှန်ဘီလူးတွေရဲ့ အနီး ကပ်ရိုက်ချက်တွေကြားမှာ မင်းသမီးတို့ရဲ့ အသားရေအကျိုးအပြစ်တွေကို လူတွေကမျက်မြင်ခံစားရတော့တာပါပဲ။ အသားရေအတွက် ဆောင်ရန်ရှောင်ရန် ထိမ်းသိမ်းရန်တွေ သူတို့မသိလို့လား၊ မဟုတ်ပါဘူး... သူတို့ရဲ့နောက်ကွယ်မှာ အရေပြားပြဿနာများကို ရှင်းလင်းကုသအကြံပေးနေကြတဲ့ သမားတော်တွေရှိပါတယ်။ ဒီသမားတော်တွေရဲ့ အသားရေ နဲ့ဆိုင်တဲ့ အကြံပြုချက်တွေကို သိချင်ကြမယ်လို့ထင်ပါတယ်။ ဒါကြောင့်  ဟောလိဝုဒ်မှအကောင်းဆုံးမျက်နှာနှင့် အရေ ပြားအထူးကုသမားတော်များ၏ အရေပြားအတွက် လျှို့ဝှက်ချက်များ အခုဖော်ပြပေးလိုက်ပါပြီ။

“ချားလိစ်သီရွန် ရဲ့   Facialist ပြောတဲ့ အသားရေပြန်လည်မွေးဖွားနည်း”

မိတ်ကပ်ဆရာတစ်ယောက်ရှိမယ်၊ ယောဂဆရာနဲ့ ကိုယ်ပိုင်စားဖိုမှူးလည်း ရှိမယ်ဆိုရင်တောက်ပပြီး စိုပြေတဲ့ အသားရေကို ရရှိဖို့အကောင်းဆုံးဆိုတာ ဟုတ်ပါတယ်။ မှန်လည်းမှန်ပါတယ်။ ဒါပေမယ့် တကယ်ထိရောက်ဖို့ကတော့ အိမ်မှာတင်ပြုလုပ်နိုင်တဲ့ home peel ပါပဲလို့ Los Angeles မြို့မှ Ole Henriksen မှအကြံပေးခဲ့ပါတယ်။ ဆေးလိပ်နဲ့ အရက်ကို အလွန်အကျွံ မသောက်ဘူး၊ ပေါင်ဒါတွေကို မတရားကြီးလိမ်းတာမျိုးရှောင်မယ်၊ အစိုဓာတ်လုံလောက်စွာ မပေးနိုင်တဲ့ moisturizer တွေလိမ်းနေတာမျိုး မလုပ်ဘူးဆိုရင် Dull Skin ကိုကာကွယ်ပြုပြင်လို့ရပြီလို့ လက်ရှိမှာ မင်းသမီး Charlize Theron ရဲ့ facialist သူကပြောပြပါတယ်။

ဆဲလ်သေတွေကိုဖယ်ရှားပြီး အသားရေပြန်လည် လန်းဆန်းလာဖို့ အိမ်မှာပြုလုပ်နိုင်တာတွေကတော့ သူထုတ် လုပ်ရောင်းချတဲ့ Ole Henriksen Micro/Mini Peel System( အဆင့် ၃ ဆင့် - scrub, facial peel, mask) နဲ့ တစ် ပတ်ကို (၁)ကြိမ် peeling လုပ်မယ်၊ ဒါမှမဟုတ် ညအိပ်ရာဝင်ရင် Avon တံဆိပ် Anew Clinical Advanced Retexturizing Peel နဲ့ မျက်နှာကိုကြေးချွတ် သန့်စင်ပေးမယ်ဆိုရင် ရပါတယ်။ မျက်နှာအတွက်လိမ်းဖို့ကတော့ Shiseido Future Solution LX Daytime Protective Cream SPF 15 ကို နေ့နဲ့ညမှာ လူးပေးရပါမယ်။

Ole Henriksen Micro/Mini Peel System ရဲ့တန်ဖိုးက ၉၅ ဒေါ်လာဖြစ်ပြီး အဆင့်(၃)ဆင့်လူးရတဲ့ပုံစံပါ။ ပထမအဆင့်က  Scrub လုပ်ရမယ်၊ ပြီးရင် facial peel နဲ့ မျက်နှာကိုကြေးချွတ်။ နောက်ဆုံးအဆင့်ကတော့ မျက်နှာ ကပ်ခွာ mask နဲ့ အုပ်ပေးရပါမယ်။ အသားရေကို ကြည်လင်ပြီး ဆဲလ်အသစ်တွေ ပြန်ဖြစ်ပေါ်ကာ နူးညံ့စိုပြေမှုကို ပြန်လည် ရရှိစေမှာပါ။ သဘာဝအသီးအနှံတွေကိုသာထည့်သွင်းဖော်စပ်ထားတယ်လို့ ဆိုပါတယ်။

Avon Anew Clinical Advanced Retexturizing Peel ရဲ့တန်ဖိုးကတော့ ၂၅ ဒေါ်လာဖြစ်ပြီး အိမ်မှာတင် ပြုလုပ်လွယ်တဲ့  facial peel အမျိုးအစားပါ။ များသောအားဖြင့် မျက်နှာအတွက်ဆိုရင် အဆင့် (၃)ဆင့် (၂)ဆင့်စသဖြင့် ရှိကြပါတယ်။ သူကတော့ အားလုံးပေါင်းပြီး အဆင့်(၁)ဆင့်တည်းနဲ့ ပြီးအောင်ဖော်မြူလာအသစ်နဲ့ ပြုလုပ်ထားတာပါ။ ဒီပစ္စည်းလေးကလည်း Allure ရဲ့ Best of Beauty အဖြစ် ၂၀၀၆ ၊ ၂၀၀၇ ၊ ၂၀၀၈ နဲ့ ၂၀၁၀ အဖြစ် ခဏခဏ ရွေး ချယ်ခံရတဲ့ အယ်ဒီတာကြိုက် သုံးစွဲသူကြိုက်ပါ။ ရက်အနည်းငယ် လောက် စွဲသုံးလိုက်တာနဲ့ အသားရေကို သိသိသာသာပဲ တောက်ပ၀င်းမွတ်လာမယ်လို့ ဆိုထားပါတယ်။

Shiseido Future Solution LX Daytime Protective Cream SPF 15 ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၂၄၀ ပါ၊ ဈေးနှုန်းကတော့ နည်းနည်းများတယ်လို့ ပြောရပေမယ့် ထိရောက်မှုအလွန်ရှိတာကြောင့် နုပျိုတင်းရင်းချင်တဲ့ အမျိုးသမီး ပရိသတ်တို့အကြိုက်ပါပဲ။ anti-aging facial moisturizer ဖြစ်တာကြောင့် အသားရေကို တင်းရင်းစေတဲ့ ဆွဲဆန့်ပေးတဲ့ ကာကွယ်ထိန်းသိမ်းပေးတဲ့ ဓာတ်များစွာပါဝင် ဖော်စပ်ထားပါတယ်။ လိမ်းပြီးတာနဲ့ အသားရေတွင်းကို စိမ့်ဝင်သွားတယ်၊ ချက်ချင်းကို နူးညံ့ပျော့ပျောင်းကာ သိသာစေတယ်လို့ ဆိုပါတယ်။

“အဆီပြန်ခြင်းကို ရပ်တန့်ပစ်ဖို့ ဘီဗာလီဟေးစ် ရဲ့ facialist Sonya Dakar ရဲ့အကြံပေးချက်”

ဓာတ်ပုံရိုက်လို့ ဖလက်ရှ်လင်းသွားတဲ့အခါ ကိုယ့်ရဲ့မျက်နှာဟာ ပြောင်ပြောင်ကြီးဖြစ်နေတာမျိုး အမျိုးသမီးတွေ က မလိုချင်ကြပါဘူး။ အဆီထွက်တတ်တဲ့  T zone လိုနေရာမျိုးကို ထိန်းသိမ်းတတ်ဖို့လိုပါတယ်။ သတိထားရမယ့်အရာ က ကိုယ်သုံးနေတဲ့ မျက်နှာသစ်ဆေးဟာ နူးညံ့ဖို့လိုပါတယ်၊ အဆီမထွက်အောင်ဆိုပြီး ခပ်ပြင်းပြင်း အမျိုးအစားမျက်နှာ သစ်ဆေးနဲ့ သစ်၊ oil-free ဖြစ်တဲ့ အစိုဓာတ်ထိန်းဆေးကို လိမ်းခဲ့မယ်ဆိုရင် မျက်နှာကနေ အဆီထွက်တာဟာ ပိုပြီး ပြင်းထန်လာတတ်ပါတယ်။ ဒါကြောင့် Sonya Dakar NutraSphere Buriti Purifying Cleanser နဲ့ မျက်နှာသစ်၊ Garnier Nutritioniste Moisture Rescue Refreshing Gel-Cream လည်းကောင်းပါတယ်။ အဆီစုပ်တစ်ရှူး ကောင်း ကောင်းဆိုရင်တော့  Tatcha Blotting Papers က အဆီတွေကိုလျှော့ချသက်သာပြီး မိတ်ကပ်အလှကို တိုးစေတာမို့ အကြံပေးလိုက်ပါတယ်။

Sonya Dakar NutraSphere Buriti Purifying Cleanser ရဲ့ တန်ဖိုးကတော့ ၅၉ ဒေါ်လာဖြစ်ပြီး မျက်နှာသန့် စင်ရည်ဖြစ်သလို သန့်စင်ပြီးနောက်ပိုင်းလည်း မျက်နှာကိုအစိုဓာတ်တစ်ခါတည်း ဖြစ်ကျန်စေခဲ့ပါတယ်။ မျက်နှာပေါ်တွင် cleanser အား နှိပ်နယ်ပေးပြီး နောက်မိတ်ကပ်နဲ့ အညစ်အကြေးအားလုံးကိုပျော်ဝင်ပြီး တခါတည်း သန့်စင်သွားစေပါ တယ်။

Garnier Nutritioniste Moisture Rescue Refreshing Gel-Cream ရဲ့တန်ဖိုးကတော့ 7.79 ဒေါ်လာဖြစ်ပြီး မျက်နှာအဆီထွက်တဲ့ သူတွေအတွက် အကောင်းဆုံးပါပဲ။  ရေဓာတ်ကိုချက်ချင်းဖြည့်တင်းပေးလိုက်တဲ့အတွက် အသား ရေဟာ ပျော့ပြောင်းနူးညံ့တဲ့အထိ အတွေ့ကိုခံစားရမှာပါ။ ရေခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်ပြီးနောက် ဂျဲလ်ကိုစလိမ်း မယ်ဆိုရင်တော့ မျက်နှာပြင်အရမ်းပေါ့ပါးလန်းဆန်းသွားတာကို ခံစားရအုံးမှာလို့ ဆိုထားပါတယ်။ ဒီပစ္စည်းလေးကလည်း Allure ရဲ့ Best of Beauty အဖြစ် ၂၀၁၀ ခုနှစ်မှာ အရွေးခံခဲ့ရဖူးပါတယ်။

Tatcha Aburatorigami Japanese Beauty Papers ရဲ့ တန်ဖိုးကတော့ ၁၂ ဒေါ်လာပါ၊ ဒီအဆီစုပ်တစ်ရှူးရဲ့ ကောင်းသတင်းကတော့ အဆီကိုသာစုပ်ယူပြီး မျက်နှာပေါ်က မိတ်ကပ်တွေကို လုံးဝမထိတာပါပဲ။ အသားရေအမျိုးအစား အားလုံးအတွက် ထုတ်လုပ်ထားတာပါ။ မျက်နှာပြင်နေရာအနှံ့ အသာလေးတို့ထိပြီး ပုတ်လိုက်ရုံပါပဲ။ ၃ လက်မကျော် လောက် စက္ကူဆိုဒ်လေးဖြစ်လို့ နဖူးမှမေးစေ့အထိ လုံလုံလောက်လောက် အသုံးပြုနိုင်ပါတယ်။

“မျက်လုံးနားတ၀ိုက် ညိုမည်းခြင်းများကို အကြံပေးမယ်”

Facialist Henriksen (ချားလိဇ်သီရွန်ရဲ့ အထူးကု) ကတော့ မျက်လုံးနားနေရာတ၀ိုက် ညိုမည်းခြင်းများအတွက် အခုလိုပြောပြခဲ့ပါတယ်။ Olay Definity Eye Illuminator Eye Treatment ကိုမျက်လုံးအောက်တ၀ိုက်ကို လိမ်းပေး နိုင်ပါတယ်။ သူကအစိုဓာတ်ကို ဖြည့်တင်းပေးပြီး မျက်လုံးအောက် အသားရေတွေကိုပြန်ပြီး ကြံ့ခိုင်စေပါတယ်။ နောက်ပြီး မျက်လုံးနားတ၀ိုက်ကို ညင်သာစွာနှိပ်ပေးခြင်းကလည်း မျက်လုံးအောက် ညိုမည်းနေခြင်းများကို သက်သာလျော့နည်းစေ ပါတယ်။ ဒီပစ္စည်းလေးကလည်း Best of Beauty အဖြစ် ၂၀၀၇ ၊ ၂၀၀၈ နဲ့ ၂၀၁၀ မှာတုန်းက Allure မဂ္ဂဇင်းမှာ ရွေး ချယ်ဖော်ပြခဲ့ပါတယ်။

Olay Definity Eye Illuminator Illuminating Eye Treatment ရဲ့ တန်ဖိုးကတော့ ၁၅ ဒေါ်လာပါ။  anti-aging eye cream ဖြစ်တဲ့အတွက် မျက်လုံးနား ကျီးကန်းခြေထောက်တွေနဲ့ ညိုမည်းနေခြင်းများကို ပျောက်ကင်းသက်သာ စေတယ်။ ပုလဲရောင်ဂျဲလ်လေးများက စေးကပ်ခြင်းမရှိပဲ ၀င်းလဲ့တောက်ပကာ ချက်ချင်းဆိုသလို မျက်လုံးအောက်ကို ချောမွေ့စေတဲ့ အစွမ်းရှိတယ်လို့ ဆိုပါတယ်။

“စင်ဒီကရော့ဖိုဒ် ရဲ့ အရေပြားအထူးကုမှ ပြောသောအကြံပေးချက်”

အငံများတဲ့ အစားအသောက်တွေ၊ အချိန်ကြာကြာ ငိုထားခဲ့တာတွေ၊ အအေးမိတာတွေ၊အိပ်ရေးပျက်တာတွေ စတာတွေကြောင့် မနက်မိုးလင်းတဲ့အခါမျိုးမှာ ကိုယ့်ရဲ့မျက်လုံးတွေဟာ မို့အစ်နေတတ်ပါတယ်။ ဒီလိုမို့အစ်နေပြီဆို ခေါင်း အုံးခပ်မြင့်မြင့် အုံးပြီးအိပ်တာ ဒါမှမဟုတ် ၂ လုံးဆင့်ပြီးအိပ်တာမျိုးနဲ့ ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့ ကိုယ်ကအပြင်သွားဖို့ ရှိလာပြီဆိုရင်တော့ မျက်လုံးခရင်မ်တစ်ခုခု လိမ်းပေးရပါတော့မယ်။ ဘယ်လိုခရင်မ်မျိုးလဲဆိုရင် ကဖင်းပါဝင်တဲ့ခရင်မ် (သို့) ဂျဲလ်ကိုလိမ်းပေးရမယ်လို့ ကမ္ဘာကျော် မော်ဒယ်မင်းသမီး စင်ဒီကရော့ဖိုဒ်ရဲ့ အရေပြားအထူးကုဖြစ်သူ Patricia Wexler ကပြောပြပေးပါတယ်။

 Clinique All About Eyes Serum De-Puffing Eye Massage ရဲ့တန်ဖိုးကတော့ ၂၈ ဒေါ်လာပါ။ မျက်လုံး အောက်ကို နှိပ်နယ်ပေးဖို့ အတွက် မသူနမဘေူ ပုံစံထုတ်ထားပါတယ်။ Dark circle တွေမဖြစ်အောင် ကာကွယ်နိုင်သလို Puffy eye လို့ခေါ်တဲ့ မျက်လုံးမို့အစ်ခြင်းများကိုလည်း သက်သာစေပါတယ်။ Serum အမျိုးအစားဖြစ်တာကြောင့် မျက် လုံးအောက်အသားရေထဲကိုလျှင်မြန်စွာစိမ့်ဝင်သွားစေပါတယ်။ သုံးရလွယ်ပြီး သယ်ဆောင်ရတာလည်း လွယ်တာကြောင့် သူကလည်း Allure Magazine ရဲ့ ၂၀၁၁ ခုနှစ် Best of Beauty Award ကိုရခဲ့ပါတယ်။

Patricia Wexler M.D. Dermatology Fastscription Instant De-Puff Eye Gel ရဲ့တန်ဖိုးကတော့ ၂၁ ဒေါ်လာဖြစ်ပြီး ကဖင်းနဲ့သခွားသီးတို့ကို ထည့်သွင်းဖော်စပ်ထားပါတယ်။ ဂျဲလ်ပုံစံအကြည်ရောင်ဖြစ်ပြီး မျက်လုံးအောက် သို့ ၁ မိနစ်ခန့် အသာအယာ နှိပ်နယ်လူးပေးရန်ဖြစ်သည်။ မျက်လုံးအောက် ညိုဖောင်းနေခြင်းများအတွက် အလွန်အသုံး တည့်သော ပစ္စည်းဟုဆိုသည်။

“အဆီပြင်တွေကို လျှော့ချဖို့အကြံပေးချက်”

အလွန်ပိန်ပါတယ်ဆိုတဲ့ မိန်းကလေးတွေတောင်မှ အဆီခဲတွေရှိတတ်ကြပါတယ်။ ပေါင်မှာအများဆုံး စုတတ်ကြ ပြီး ကျောအနောက်ဘက်၊ လက်မောင်းနေရာတွေမှာပါ။ ဒီအတွက်ကျွမ်းကျင်သူတွေ အကြံပေးထားတာ ရှိပါတယ်။ ရေခပ်နွေးနွေးထဲမှာ ရေချိုးနေရင်း၊ ရေစိမ်နေရင်း လုပ်လို့ရတဲ့ဟာပါ။ အလှကုန်ကောင်တာတွေမှာရောင်းနေကြတဲ့ cellulite cream ဆိုတာရှိပါတယ်၊ မိမိနှစ်သက်တဲ့ ခရင်မ်တစ်မျိုးမျိုးကိုဝယ်ပြီး ကော်ဖီဖျော်ရာမှ ကျန်ခဲ့တဲ့ကော်ဖီမှုန့် များကို ရောသမမွှေလိုက်ပြီး ကိုယ်အဆီကျချင်တဲ့ နေရာတွေကို စက်ဝိုင်းပုံစံနှိပ်နယ်ပေးပြီးချေပါ။ ဒီလိုပုံမှန်လုပ်သွားပေး မယ်ဆိုရင် သိသာတဲ့ရလာဒ်ကို တွေ့ရမှာပါ။

“ချွေးနံ့ပြင်းပြင်း မထွက်စေဖို့ အကြံပေးချက်”

ဒီအတွက် အကြံပေးထားတာကတော့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးရင် ရေချိုးတာကို ချက်ချင်း လုပ်ပါလို့ ပြောပါတယ်။ ရေချိုးဖို့ အချိန်မရှိဖူးဆိုရင်လည်း ချွေးစိုနေတဲ့အ၀တ်တွေကို လဲပစ်လိုက်တာတော့ အနည်းဆုံး လုပ်လိုက်ပါ၊ ပြီးရင် ရေစိုနေတဲ့အ၀တ်တစ်ခုခုနဲ့သုတ်၊ ခြောက်သွေ့တဲ့ အ၀တ်အစားကိုဝတ်ပါလို့ ပြောထားပါတယ်။ ဒီချွေးတွေဟာ ကိုယ်နံ့ကိုပျက်စီးစေပြီး ကျောအနောက်ဘက်မှာ ၀က်ခြံတွေကိုလည်း ဖြစ်စေနိုင်လို့ ကိုယ့်ကိုယ်ကိုယုံကြည် မှုကို လျော့နည်းစေတဲ့ အကြောင်းတွေပါ။