Primary tabs

အိုဗာ ((၄၀)) ဆို ဒါတွေရှိဖို့လို...

   

Primer မျက်နှာပေါ် မိတ်ကပ်မလိမ်းခင်မှာ အရင်လိမ်းသင့်တဲ့ အောက်ခံလိမ်းခရင်မ်ပါ၊ သူက အရေး ကြောင်းလေးတွေနဲ့ ကျယ်နေတဲ့ ချွေးပေါက်လေးများကို သိပ်သွားအောင် ဖြည့်ပေးပါတယ်။ မိတ်ကပ်လိမ်း တဲ့အခါ ညီညာပြီးလှပသိပ်သည်းနေစေအောင် စွမ်းဆောင်ပေးတဲ့ ပစ္စည်းလေးပါ။ မျက်လုံးရှဲဒိုး မတင်မီလည်း အောက်ခံအဖြစ် သူ့ကိုလိမ်းပေးနိုင်လို့ ရှဲဒိုးအရောင်တွေ ပိုပြီးတောက်ပစေတယ်။ Maybelline Instant Age Rewind Primer ဆိုရင် ဒေါ်လာ(၁၀)၀န်းကျင်သာရှိလို့ သုံးရတာသက်သာစေတယ်။ Laura Geller Spackle Under Make-Up Primer ကလည်း သုံးစွဲရကောင်းတာကြောင့် ဒေါ်လာ (၂၅)ဈေးနှုန်းနဲ့ လူကြိုက်များပါ တယ်။

Concealer အမျိုးသမီးတိုင်းတော့ မိတ်ကပ်လူးတဲ့အခါ သူ့ကိုမသုံးကြပါဘူး။ ဒါပေမဲ့ သူက မျက်ဝန်း အောက်ညိုနေတာ၊ ၀က်ခြံထွက်နေချိန်မျိုးတွေဆိုရင် အလွန်ကို အသုံးဝင်ပါတယ်။ အသက်(၄၀) ကျော်သွားတဲ့ အခါမှာ အီစတိုဂျင် (estrogen) ကို စတင်လျော့ပါးလာတာကြောင့် အသားရေဟာ ခြောက်သွေ့လာပါပြီ၊ ကိုယ်သုံးတဲ့ အလှအပပစ္စည်းတွေတိုင်းမှာ အစိုဓာတ်ဖြည့်တင်းပေးနိုင်တာ ပါဖို့လိုလာပါပြီ။ ဒါကြောင့် ဈေး သက်သာပြီး သုံးရလွယ်ကူတဲ့  Revlon Age Defying Moisturizing Concealer လေးကိုလမ်းညွှန်ပေး လိုက်ပါတယ်။ သူကဒေါ်လာ (၁၀)၀န်းကျင်သာ ရှိပါတယ်။ နောက်တစ်မျိုးလူကြိုက်များတာကတော့ Cle’ de Peau Beaute’ Concealer (Beige colour)ပါ၊ ဈေးကတော့ နည်းနည်းများပါတယ်။ ဒေါ်လာ(၇၀)၀န်းကျင် ရှိပါတယ်။ Bobbi Brown Corrector ကတော့ (၂၂)ဒေါ်လာဝန်းကျင်ရှိပါတယ်။

Brow Color  အသက်ရလာတဲ့ နောက်ပိုင်းမှာ ဂရုပြုဖို့လိုတာက မျက်ခုံးပါ။ ကိုယ့်အသက်(၄၀) ကျော်သွားရင်တော့ မျက်ခုံးပုံစံလေးကို နေရာတကျ ပြုပြင်ပေးသင့်ပါတယ်။ လွတ်နေတဲ့ မျက်ခုံးမွှေး မရှိတဲ့ နေရာလေးတွေကို ခဲတံအမျိုးအစားထက် ပေါင်ဒါအမျိုးအစား မျက်ခုံးဆွဲတာနဲ့ ဖြည့်ပေးပါ။ ခဲတံကမျက်ခုံးကို ထူသယောင်ဖြစ်စေလို့ မသင့်တော်ပဲ အသက်ကိုပိုပြီးရင့်စေ လို့ပါ။ ပေါင်ဒါအမျိုးအစားကိုပဲ ရွေးချယ် ၀ယ်ယူပါလို့ တိုက်တွန်းပါရစေနော်။

Eye Shadow . Liner . Mascara  မျက်လုံးအတွက် ရှဲဒိုးကိုရွေးမယ်ဆိုရင် ခရင်မ်ကာလာ၊ ပန်းဖျော့ လိုမျိုး light color လေးတွေကိုပဲ နေ့တိုင်းခြယ်သပေးပါ။ ဒီကာလာတွေက လူကိုနုငယ်ပြီး အရွယ်တင်စေ ပါတယ်။ မျက်တောင်ကော့ဆေးနဲ့ မျက်လုံးလိုင်နာကို အရောင်ဆင်တာတွေပဲ သုံးပါ၊ တစ်ခုကအညိုဆို တစ်ခု ကအနက်ပေါ့။ လိုင်နာကိုအရောင်တွေနဲ့ လက်လက်ထနေတာမျိုး သုံးတာတို့ မလုပ်ပါနဲ့၊ ပိုပြီးမျက်ဝန်းအ ရေးကြောင်း တွေကို သတိထားမိစေပါတယ်။ CoverGirl Liquiline Blast Eyeliner ဆို (၇)ဒေါ်လာပဲ ရှိပါ တယ်။  Dior Diorshow New Look Mascara ကတော့ ဒေါ်လာ(၂၉)၀န်းကျင်ရှိပြီး သုံးစွဲရတာ မျက်တောင် ကိုထူထဲပြီး လှပစေပါတယ်။

Blush  ဒီအသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကာလာလေးတွေက ပန်းနုရောင်နဲ့ မက်မွန်ရောင် ပါးနီ လေးတွေပါ။ ပါးရိုးကိုပေါ်စေပြီး မြှင့်တင်ပေးသလို ခြယ်ပေးရပါမယ်။ လူကြိုက်များတဲ့ Bobbi Brown Blush ကတော့ ဒေါ်လာ (၂၄)ဖြစ်ပြီး Nectar or Apricot နှစ်သက်ရာကာလာကိုရွေးချယ်နိုင်ပါတယ်။

Night Cream  မျက်နှာအသားရေဟာ တင်းနိုင်ကျုံ့နိုင်စွမ်းအားတွေ လျော့ကျလာပြီ ဖြစ်တာကြောင့် ညဖက်အိပ်ရာမ၀င်မီ Night Cream တစ်ခုခုလိမ်းပြီး အိပ်သင့်ပါတယ်။ ဒီလိုလိမ်း ခြင်းကြောင့် အသားရေတွေ တင်းရင်းပြီး အရေးကြောင်းတွေ မှေးမှိန်လျော့ပါး သက်သာစေပါတယ်။ L'Oréal Paris Advanced RevitaLift Deep-Set Wrinkle Repair Night Crème က ဒေါ်လာ(၂၀)၀န်းကျင်ပါ။ Vichy LiftActiv Retinol HA Night ကတော့ (၄၂)ဒေါ်လာ တန်ဖိုးရှိပါတယ်။ သုံးစွဲသူအကြိုက် ရွေးချယ်နိုင်ပါတယ်။

Eye Cream  မျက်ဝန်းနား အသားရေဟာ ခြောက်သွေ့လာတဲ့အခါ ဒါမှမဟုတ် အသက်ရလာတဲ့အခါ အရေးကြောင်းလေးတွေ၊ မျက်ဝန်းညိုတာလေးတွေ မျက်ခွံဖုံးအိုက်ကျလာတာတွေဖြစ်လာပါတယ်။ ဒါတွေကို မဖြစ်အောင် ကာကွယ်ဖို့၊ ဖြစ်လာတဲ့အခါမှာ သက်သာပျောက်ကင်းစေဖို့ မျက်လုံးခရင်မ်လူးပေးဖို့ လိုပါတယ်။ Olay Pro-X Eye Restoration Complex ကတော့လူကြိုက်များပြီး ဟော့ဖြစ်တဲ့ပစ္စည်းပါ။ ဈေးနှုန်း ဒေါ်လာ(၄၂)၀န်းကျင် ရှိပါတယ်။ သုံးစွဲပြီး (၈)ပတ်အကြာသိသာပျောက်ကင်းတယ်လို့ ပြောကြပါတယ်။

Hand Cream လက်ဖမိုးပေါ်က အစက် ပျောက်လေးတွေ၊ အရေပြားတွန့်နေတာတွေကို အသက် ရလာတဲ့ အမျိုးသမီးအတော်များများက စိတ်ပျက်ကြပါတယ်။ ဒါဟာ လက်အရေပြား အစိုဓာတ်လိုအပ်ခြင်း၊ အသက်ရလာခြင်းနဲ့ နေရောင်ထိ၍ ပျက်စီးခြင်းစတဲ့ အကြောင်းအရာများကြောင့် ဖြစ်ပါတယ်။ ထိရောက် ပြီးကောင်းမွန်တဲ့  Hand cream ကိုလမ်းညွှန်ရမယ် ဆိုရင်တော့ Dior Capture Totale Multi-Perfection Hand Repair Creme SPF 15 ပါ၊ ဈေးနှုန်း (၅၆)ဒေါ်လာ ၀န်းကျင်ဖြစ်ပြီး လိမ်းထားတာနဲ့ အချိန် (၆)နာရီကျော် အစိုဓာတ်ဖြည့်တင်းပေးနိုင်တာရယ်၊ လက်အရေပြားကို အံ့အားသင့်စဖွယ် နူးညံ့ပြီး လှပစေတာကြောင့် သုံးစွဲသူများ နှစ်သက်ကြတယ်။

ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော်သက် ကလေးများအတွက်

အသားရေဟာ ကလေးတစ်ယောက်လို ဖြူစင်လွန်းတဲ့ အချိန်ဖြစ်တာကြောင့် ဓာတုပစ္စည်းတွေနဲ့ ထုတ်လုပ်တာမျိုးကိုရှောင်ပြီး သဘာဝဆန်တဲ့ သစ်သီးသစ်ဖုနဲ့ ထုတ်လုပ်တာမျိုးကိုပဲ ရွေးသုံးသင့်ပါတယ်။ ဒီအ ရွယ်မှာ အဓိကလိုအပ်တာကတော့ မျက်နှာအရေပြားကို သန့်ရှင်းစွာထားဖို့နဲ့ နေလောင်မခံရဖို့ပါပဲ။ နာမည် ကျော်ကြားတဲ့ ကမ္ဘာတစ်ဝှမ်းက အလှကုန်တံဆိပ်များနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Clinique - ဒီ brand ကတော့ Dermat-ologist အရေပြား အထူးစမ်းသပ်ထားခြင်းဖြစ်တာကြောင့် အမွှေးနံ့မပါ၊ အလာဂျီမဖြစ်စေပါဘူး။ ဆယ်ကျော်သက်အရွယ် အရေပြားနဲ့သင့်တော်တဲ့ ပစ္စည်းပါ။ မည်သည့် အသားရေ အမျိုးအစားမဆို၊ အသားရောင်မဆို သုံးလိုရတဲ့ အလှကုန်ပါ။

Maybelline - ဒီ brand ကတော့ အမေရိက ရဲ့နာမည်ကျော်ကြားတဲ့ အလှကုန်ပါ၊ ကာလာအစုံ နှုတ် ခမ်းနီ၊ အိုင်းရှဲဒိုး၊ မိတ်ကပ်တို့ကို နောက်ဆုံးပေါ် ဖော်မြူလာများနဲ့ ဆယ်ကျော်သက်များအကြိုက်ကို အမြဲမပြတ် ထုတ်လုပ်ထားနိုင်ပါတယ်။

Lorac -  ဆယ်ကျော်သက်များနဲ့ အရွယ်ရောက်ပြီး မိန်းမသားများအတွက် အဓိကထားပြီး ထုတ်လုပ် နေတဲ့ အလှကုန်တံဆိပ်ပါ။ အသားရေပေါ်ရောက်တာနဲ့ သိသာပြီးလှပသွားစေဖို့၊ အရေးကြောင်းများကို မဖြစ် အောင် ထိန်းသိမ်းထားစေဖို့ ရည်ရွယ်ထုတ်ထားပါတယ်။

Sephora - ဒီနာမည်ကတော့ အခုချိန်မှာ မိန်းမသားတွေ အကြိုက်ဖြစ်နေတဲ့ အလှကုန်ပါ။ အရောင်အသွေး စုံလင်လှတဲ့ ရှဲဒိုးကာလာများကဆယ်ကျော်သက်များ အကြိုက်ကို အလိုက်တသိနဲ့ ဖြည့်ဆည်း ပေးနေတယ်လို့ ခံစားမိပါတယ်။

Almay - မိတ်ကပ်ကို အခုမှစသုံးမယ့် မိန်းကလေးများအတွက် လမ်းညွှန်ပေးပါရစေ။ သဘာဝဆန်တဲ့ မိတ်ကပ်အရောင်များက မျက်နှာပေါ်မှာ သဘာဝကျကျ လှပနေတာကြောင့် ပျိုမြစ်နုနယ်တဲ့အလှကို ပံ့ပိုး ပေးပါတယ်။ ရှဲဒိုးနဲ့ gloss အဆီများကလည်း ဆယ်ကျော်သက်များ အကြိုက်သာ ဦးစားပေးထားပါတယ်။