Primary tabs

မျက်နှာနဲ့ လိုက်ဖက်တဲ့ eyebrow ဆိုတာ...

    ဒီလအတွက်ဖန်တီးဖြစ်တာကတော့ ပြည့် စုံလှပတဲ့ မျက်ခုံးတစ်စုံရရှိအောင် ပြင်ဆင်တတ် ဖို့ပါ။ လိုအပ်တာက မျက်ခုံးဆွဲခဲတဲ့ eye pencil ၊ မျက်ခုံးဆွဲပေါင်ဒါ (သို့) ခရင်မ် တစ်မျိုး၊ high light အရောင်တင်တစ်မျိုးဆိုရင် လုံလောက်ပါပြီ။ ဒါဆိုရင်တော့ ထင်ရှားပြီးတိကျလှပတဲ့ မျက်ခုံးတစ် စုံကို ဘယ်သူမဆိုဖန်တီးလို့ရပါတယ်။

မော်ဒယ်လ် - အိမ့်မြတ်နိုး
ဆံပင်၊ မိတ်ကပ် - ထူးထူး( Htet-Popsoul)
ဓါတ်ပုံ - LMN

မိမိရဲ့မျက်နှာနဲ့ လိုက်ဖက်တဲ့ perfect eyebrow ပုံစံက ဘယ်လိုမျိုးလဲ??
    မှန်တစ်ချပ်ရှေ့မှာထိုင်ပြီး ကိုယ့်ရဲ့မျက်နှာကို အသေးစိတ်ကြည့်ပါ။ ကိုယ့်မျက်လုံး ပုံ သဏ္ဌာန်က ဘယ်လိုပုံစံမျိုးလဲဆိုတာ သိအောင် လုပ်ပါ။ နောက်ပြီးကိုယ့်ရဲ့မျက်နှာပုံစံ shape က ရော ဘယ်လိုအချိုးမျိုးလဲဆိုတာ သိအောင်လုပ်ပါ။ မျက်နှာပုံသဏ္ဌာန် (၆)မျိုးရှိပါတယ် - long, round, oval, square, diamond, heart ။ ကိုယ့်ရဲ့မွေးကတည်းက မျက်နှာက ပြောင်းလဲလို့ မရမှတော့ မျက်ခုံးပုံစံလေးတွေကို လိုသလိုပြောင်း ကြရအောင်... ကဲ မျက်နှာပုံစံအလိုက် လိုက်ဖက် တဲ့ မျက်ခုံးလေးရွေးခြယ်ရအောင်။   ။

Long face >> ကိုယ့်ရဲ့မျက်နှာကရှည်လျား တယ်ဆိုရင် မျက်နှာကိုဝိုင်းသယောင်ဖြစ်စေဖို့ ပြုလုပ်ဖန်တီးရပါမယ်။ မျက်ခုံးကို မသေးပါနဲ့၊ အ ပြားပုံစံထားပါ။ ထောင့်ချိုးကိုလည်း အောက်ကို အရမ်းကြီးချိုးမချပါနဲ့။ ကိုယ့်ရဲ့မျက်နှာဟာ ရှည်
တဲ့အတွက် မျက်ခုံးအပြားအတည့်ထားပြီး အစွန် နားလေးကို နည်းနည်းပဲချိုးချပေးပါ။ ဒါဟာ အ လိုက်ဖက်ဆုံးပုံစံပါပဲ။

Round face >> မျက်နှာဝိုင်းတဲ့ သူကျတော့ မျက်နှာကိုသွယ်လျတဲ့ ပုံစံဖြစ်အောင် ဖန်တီးရမှာ ပါ။ မျက်ခုံးရိုးကိုအလယ်ထိ ခပ်မြင့်မြင့်လေးတက် သွားပြီးမှ အဆုံးနားမှ အောက်ကိုဆင်းချလာတဲ့ ပုံစံမျိုးပါ။ တောင်ထိပ်ပေါ်ကိုတက်ပြီး ပြန်ဆင်း လာ တဲ့ ပုံမျိုးပေါ့။

Oval face >> မျက်နှာသွယ်လျပြီးသား သူတွေ ကတော့ကံကောင်းတဲ့ သူတွေပါပဲ။ မိတ်ကပ်ဖန် တီးရှင်တွေကလည်း ဒီလိုမျက်နှာမျိုးကို သဘော ကျကျပါတယ်။ ပြင်ဆင်လို့ကောင်းတာကိုး။ မျက် ခုံးကို အထူးတလည်ကြီး မရွေးချယ်ရတော့ ပါဘူး။ ခပ်ပြေပြေပုံစံ ကုန်းလျှောလေး မျက်ခုံးကို ဖန်တီး ရင်ရပါပြီ။ ဒါဟာလှပပြီးထက်မြက်တဲ့ မိန်းကလေး အသွင်ကိုဖြစ်စေတာ သေချာပါတယ်။

Square face >> မေးရိုးရှိတဲ့ လေးထောင့်ကျကျ မျက်နှာပိုင်ရှင်တွေကတော့ ဒီမေးရိုးတွေကြောင့် ကြံ့ခိုင်ကျန်းမာတဲ့အသွင်ကို ဖြစ်စေပါတယ်။ ဒါကြောင့် မျက်နှာအသွင်အပြင်ကို နူးညံ့ပြီး အမျိုးသမီးဆန်အောင် ပြုပြင်ဖန်တီးပေးရမှာပါ။ မျက် ခုံးမွှေးအနေအထားကို မထူမပါးထားရပါမယ်။ အရမ်းကြီးထူထဲနေတာမျိုး အရမ်းကြီးပါးနေတာ မျိုး လုံးဝမလုပ်ပါနဲ့။ ဒီမျက်နှာရဲ့အသက်ကတော့ မျက်ခုံးမွှေးမထူမပါးလေးကို ခပ်ပြေပြေထားဖို့ပါ ပဲ။

Heart shape >> အသဲပုံလို့ဆိုလိုရင် ဘယ်လို မျက်နှာမျိုးလဲလို့ သိချင်ကြပါတယ်။ ဒီမျက်နှာ ပိုင်ရှင်တွေကတော့ မေးစေ့ချွန်နေတာမျိုးပါ။ နူး ညံ့တဲ့အသွင်ကိုဆောင်ဖို့ ခပ်ဝိုင်းဝိုင်းမျက်ခုံးပုံစံ က အလိုက်ဖက်ဆုံးပါ။ မျက်ခုံးကိုအနည်းငယ်ပဲ ခုံးစေပြီး သဘာဝဆန်ဆန်လေးပဲထားပါ။ တကယ် လို့ သင့်ရဲ့မျက်နှာက အသဲပုံစံတော့ ဖြစ်တယ်၊ ဒါ ပေမယ့် မျက်နှာကတိုနေတယ်ဆိုရင်တော့ မျက် ခုံးမွှေးအလယ်ခုံးကို ခပ်မြင့်မြင့်လေးထားဖို့ လိုပါ တယ်။

Diamond face >> စိန်ပုံစံမျက်နှာဆိုတာက sharp ဖြစ်တဲ့အသွင်ကို ပြောတာပါ။ မျက်နှာရဲ့ ထောင့်ချိုးတွေက ပြေပြစ်ပြီး ပါးမို့ကကျယ်ပြီး ထင်နေတာမျိုး။ ဒါကြောင့်ထင်ရှားတဲ့ မျက်နှာကျ မှာ မျက်ခုံးကို ခပ်ပြေပြေအခုံးလေးပဲထားပြီး မျက်
ခုံးအနေအထားကိုလည်း မထူမပါးလေးပဲထားပေး ပါ။

မျက်ခုံးနဲ့ပတ်သတ်၍ အကြံပြုချက်


-    ရေချိုးပြီးမှ မျက်ခုံးကို ရှင်းလင်းခြင်းလုပ်ပါ (မျက်ခုံးရှင်း ဓါးပြားလေးဖြင့်ရှင်းခြင်း၊ နှုတ်ခြင်း နှင့် ကြိုးဖြင့်ရှင်းခြင်း)။ ရေနွေးသုံးပြီးသန့်စင် ပေးခြင်းဖြင့် ချွေးပေါက်လေးများကို ပွင့်စေပြီး နာ ကျင်မှုလျော့နည်းကာ အမွှေးများဖယ်ရှားပေးဖို့ လွယ်ကူပါတယ်။
-    မှန်ကို အနီးကပ်ကြည့်ရှုတာမျိုးထက် အဝေးကနေ မျက်ခုံးပုံစံကိုကြည့်ပါ။ မှန်ဘီလူးပါတဲ့ မှန်ကို ဘယ်တော့မှသုံးတာမျိုး မလုပ်ပါနဲ့။
-    မျက်ခုံးဆွဲ eye pencil နဲ့ ပထမဆုံး မျက်ခုံး ကိုအရာပေးပါ။ ပြီးမှ အရောင်တူ eye shadow မှုန့် (သို့) brow cream နဲ့ ကာလာလိုက်ဖြည့်ပါ။ ဒီလိုလုပ်ခြင်းဖြင့် တိကျတဲ့မျက်ခုံးပုံစံကိုရစေပြီး ရလာဒ်ကောင်းစေပါတယ်။
-    ရှားစောင်းလက်ပက်ဂျဲလ်ဟာ အသားအရေကို စိုပြေစေတဲ့အတွက် မျက်ခုံးကိုလူးပေးနိုင်ပါ တယ်။
-    အလယ်အလတ် မျက်ခုံးမွှေးအနေအထား ဟာ သဘာဝဆန်ပြီး မျက်နှာကိုအမြဲနုပျိုတဲ့ပုံစံ ဖြစ်စေလို့ ဘယ်အသက်အရွယ်မဆို ကြည့်ကောင်း စေပါတယ်။