Primary tabs

Beauty Chat Box

ယခုလအတွက်လက် တလောခေတ်စား နေတဲ့ Beauty style များအကြောင်းကို စာဖတ်သူတို့ အတွက်တင်ပြပေးသွား ပါမယ်။ ခေတ်စားနေတဲ့ လခြမ်းပုံစံလက်သည်းအလှ (half-moon manicure Nail Art )

အဆင့် (၁)          - သန့်ရှင်းနေတဲ့ လက်သည်းပေါ်ကို အောက်ခံလက်သည်းဆိုးဆေး အကြည်ရောင် (၁)ထပ်ဆိုးပါ။ စက္ကူ လေးတွေကို အ၀ိုင်းပုံစံညှပ်ပေးထားပါ။ 

အဆင့် (၂)          - ညှပ်ထားတဲ့ စက္ကူလေးတွေကို လက်သည်း၅ချောင်းမှာ တစ်ချောင်းစီကပ်လိုက်ပါ (ပုံမှာပြထားသလို လက် သည်းအရင်းနားမှာပါ)။

အဆင့် (၃)          - နောက်တစ်ဆင့်ကတော့ နှစ်သက်ရာလက်သည်းအရောင်ကို ဆိုးလို့ရပါပြီ။

အဆင့် (၄)          - ပြီးရင်အလက်ကလေးတွေ ပါတဲ့အကြည်ရောင်ကို အပေါ်ကနေထပ်လို့ရပါပြီ။ ဒီအဆင့်ထိ ပြီးသွားပြီဆိုရင် တော့ စက္ကူအ၀ိုင်းလေးတွေကို ခွါလိုက်ပါ။ ဒါဆို လက်သည်းလခြမ်းပုံစံလေးတွေကိုတွေ့ရပြီပေါ့။

 

အစင်းကျား လက်သည်းနီဒီဇိုင်း (Striped nail style )

အဆင့် (၁)          - နှစ်သက်ရာ လက်သည်းနီကို လက်ချောင်းအပြည့်ဆိုးနိုင်သလို မတူတဲ့ကာလာတွေကိုလည်း ရွေးချယ်ဆိုး နိုင်ပါတယ်။
အဆင့် (၂)          - လက်သည်းနီအရောင် ဆန့်ကျင်ဘက်ကိုရွေးပြီး လက်သည်းခွံများပေါ်မှာ မျဉ်းကြောင်းပုံစံဆွဲပေးပါ။ တစ် ချောင်းစီစိတ်ကြိုက်ဆိုးနိုင်သလို၊ ကာလာမတူဖို့လည်း လိုပါတယ်။
အဆင့် (၃)          - ဆိုးပြီးသားလက်သည်းခွံ များခြောက်သွားပြီဆိုရင်တော့ အကြည်ရောင် လက်သည်းနီကိုအပေါ်ကနေအုပ် ပြီး ဆိုးလိုက်ပါ။ ဒါဆိုရင် မျဉ်းကြောင်းအစင်းလေးတွေပါတဲ့ လက်သည်းနီဒီဇိုင်းကိုရပါပြီ။

 

ညပွဲတွေအတွက် လက်သည်းတောက်ပပ (Glitter Date night out nail style)

အဆင့် (၁)အနေနဲ့ သန့်ရှင်းထားပါလက်သည်းခွံတွေအားလုံးကို။ အဆင့် (၂)ကတော့ အလက်ပါတဲ့ လက်သည်းနီ ရွှေရောင် (သို့)ငွေရောင်ကို လက်သည်းနီဆိုးပေးပါ။ လက်သည်းတွေကိုခြောက်သွားပြီဆို နောက်အဆင့်တက်ပါမယ်။ ဖေါ့အထူတစ်ခုမှ လက် သည်းအရောင် ခပ်ရင့်ရင့်ကို သုတ်ပေးပါ။ ပြီးရင် အဆင့် (၄)ကတော့ လက်သည်းထိပ်များကို ပွတ်ဆွဲပေးပါ။ လက်သည်းအရှည်အပြင် ကိုယ်နှစ်သက်သလို ပမာဏများများ သုတ်ပေးလည်းရပါတယ်။ နောက်ဆုံးအဆင့်ကတော့ အကြည်ရောင်လက်သည်းဆိုးဆေးကို အပေါ်ကနေအုပ်ပေးလိုက်ပါ။ ဒါဆိုရင်ညပွဲအတွက် အဆင်ပြေပြီးလှပတဲ့ လက်သည်းတောက်ပပကိုရရှိပါပြီ။

 

 

ကိုရီးယားနှုတ်ခမ်းနီစတိုင်လ် ဘယ်လိုဆိုးမလဲ

- ကိုယ့်ရဲ့ နှုတ်ခမ်းသားပေါ်ကို ပန်းနုရောင်ပါတဲ့ Lip Balm ဆိုးပေးပါ။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားကို စိုပြေစေရုံသာမက နှုတ်ခမ်း အဖတ်လန်ခြင်း၊ ကွာခြင်းများကို ပြေပြစ်လှပ စေပါတယ်။

- နှုတ်ခမ်းနီ အနီရောင် (သို့) ပန်းဆီရောင် အရင့်ကို စုတ်တံနဲ့အနည်းငယ်ယူပါ။

- နှုတ်ခမ်းကို ရှေ့ကိုနည်းနည်းလေးစူလိုက်ပါ။ အတွင်းသားလေးတွေကို စုတ်တံအသေးလေးနဲ့ နှုတ်ခမ်းနီဆိုးပါ။

- နှုတ်ခမ်းနီစုတ်တံအကြီးနဲ့ပြောင်းပြီး နှုတ်ခမ်းနီအရောင်အနုနဲ့ အရင့်ကို ကွာဟမသွားအောင် အရောင်ညှိပေးပါ။

- conceler အရည်နဲ့ နှုတ်ခမ်းရဲ့အနားသတ်ဘောင်တွေကိုလိုက်ပြီး ပုံဖေါ်ပေးပါ။

ဒီအဆင့်ပြီးသွားရင်တော့ နှုတ်ခမ်းအတွင်းသားလေးသာနီပြီး ဆွဲဆောင်မှုရှိတဲ့ ကိုရီးယားစတိုင်လ် နှုတ်ခမ်းအလှကိုရရှိပါပြီ။

 

ထူးခြားတဲ့ ကြောင်မျက်လုံးလေး (Mod Cat Eye Style )

- ပထမဦးစွာမျက်နှာကို မိတ်ကပ်လိမ်းပါ။

- မိတ်ကပ်လိမ်းပြီးပြီဆိုရင်တော့ Eye Liner အမည်းကိုစုတ်တံနဲ့ယူပြီး မျက်ခမ်းတစ်လျှောက်လိုင်းလေးတွေချသွားပါ။ (လက်မ ငြိမ်သေးသူတွေအတွက် အဆင်ပြေစေမှာပါ)

-ပြီးရင်တော့ မျက်ခမ်းတစ်လျှောက် တဆက်တည်းဆက်ဆွဲလိုက်လို့ရပါပြီ။

-ဆွဲပြီးသွားတဲ့အခါ မျက်ဝန်းတွေ နက်မှောင်သွားဖို့ မျက်တောင်တွေကို Mascara နဲ့ ကော့ပေးလိုက်ပါ။

- Eye Pencil အဖြူရောင်ကိုမျက်လုံးအောက်ဘက်တစ်လျှောက်ဆွဲပြီး အပေါ်ကိုကော့သွားသယောင်ပြုလုပ်ပါ။

ဒါဆိုရင်တော့ ထူးခြားပြီးသူများနဲ့မတူတဲ့ ကြောင်မျက်လုံးဒီဇိုင်းသစ်ကို ရရှိပါပြီ။ ဒီလိုပုံစံဆိုရင် rose-pink  ပါးနီလေးခြယ်ပြီး နှုတ်ခမ်းကိုပန်းနုရောင်လေးဆိုးပေးလိုက်ပါ။ အရမ်းကို လိုက်ဖက်တဲ့ ပြင်ဆင်မှုပါပဲ။

 

မျက်နှာပုံစံအလိုက်ထားသင့်တဲ့ မျက်ခုံးပုံစံအမျိုးမျိုးနှင့် စိတ်နေသဘောထား

မျက်ခုံးတိုတို - ဥပမာပေးရရင်တော့ အဆိုကျော် သရုပ်ဆောင် ဘရစ်တနီစပီးယားစ်လိုပေါ့။ ဒီလို မျက်နှာပေါက်ပုံစံရှိသူတွေ ထားသင့်တဲ့ မျက်ခုံးပုံစံပါ။ စိတ်ကိုကြံ့ကြံ့ခိုင်တဲ့ သူတစ်ယောက်အဖြစ် ရုပ်သွင်ပြင်ကို ပြောင်းလဲစေပါတယ်။ မျက်ခုံးတိုတဲ့သူတွေဟာ သူများအပူကို ကိုယ့်အပူအဖြစ်လက်မခံလိုကြဘူး။ ပြီးတော့ စိတ်ဖိစီးမှုကို ကြာကြာမခံတတ်ဘူးလို့ မျက်နှာသင်္ကေတက ဖေါ်ပြပါတယ် တဲ့။

 

 

 

 

 

မျက်ခုံးအရှည် - မင်းသမီး အီဗာမန်းဒိစ်ကို ဥပမာပေးရမယ့်ပုံစံပါ။ မျက်နှာအနေအထား ရှည်တဲ့သူတွေမှာ ဒီလိုမျက်ခုံးမျိုးထား သင့်ပါတယ်။ ဒါမှမျက်နှာကျကို လှပပြေပြစ်စေတာပါ။ ဒီလိုမျက်ခုံးရှည်ရင်တော့ မိတ်ဆွေအပေါင်း အသင်းတွေကို ခင်မင်စာနာပြီး ကူညီ တတ်တဲ့သူ လို့ဆိုပါတယ်။ သူတို့ဟာ အလုပ်အကိုင်ကြီးကြီးမားမားကို ဦးဆောင်ယှဉ်ပြိုင်တတ်ကြတယ်တဲ့။

 

 

 

 

 

ပါးပါးလှပ်လှပ်မျက်ခုံး - အဆိုကျော် သရုပ်ဆောင်တေလာဆွစ်ဖ်ရဲ့ မျက်ခုံးမျိုးပါ။ သူမကလည်း သူမမျက်ခုံးကကျဲပြီး သဘာဝကိုက ပါးတယ်လို့ဆိုပါတယ်။ ဒီလိုမျက်ခုံးပိုင်ရှင်ကျတော့သူများပြောတာ အယုံလွယ်တဲ့သူတွေ၊ ပြီးတော့သူတို့ဘ၀ကိုလည်း ဂရု တစိုက်နဲ့ နေထိုင်တတ်ကြပါတယ်။

 

 

 

 

 

 

ထူထူထဲထဲမျက်ခုံး - မော်ဒယ်လ်ကျော် ကာရာရဲ့ ပုံစံမျိုးပါ။ ဒီလိုမျက်ခုံးပိုင်ရှင်တွေက ယုံကြည်မှုရှိတယ်။ သူတို့ဖြစ်ချင်တာ လိုချင်တာကိုရအောင်လည်း ကြိုးစားတတ်တဲ့သူတွေလို့ ဆိုပါတယ်။

 

 

 

 

 

 

မျက်ခုံးအမြင့်       - မျက်လုံးပေါ်မှာမှာ မျဉ်းကွေးတစ်ခုလို ကောက်တတ်သွားတဲ့ မျက်ခုံးမျိုးဆိုရင် မင်းသမီးမီဂန်ဖေါက်စ်ကို ညွှန်ပြရပါမယ်။ ဒီလူမျိုးတွေက မဖေါ်ရွေတတ်ကြဘူး။ ချဉ်းကပ်ဖို့မလွယ်တဲ့သူတွေလို့ ဆိုရမယ်။ အရမ်းလည်းစိတ်ခံစားမှု ပြင်းထန်တယ်တဲ့။

 

 

 

 

 

 

မျက်ခုံးရိုးအနိမ့် - လုံးနဲ့ မျက်ခုံးကွာဟမှုက သိပ်မကွာဘဲ နီးကပ်နေတဲ့ပုံစံမျိုးကိုဆိုတာပါ။ အခုတလောနာမည်ကြီးလာတဲ့ မင်းသမီးလေး လီလီကောလင်းစ်ပေါ့။ လူတွေနဲ့ ခင်မင်ဖော်ရွေ လွယ်တဲ့သူပေါ့။ ပေးထားတဲ့ ကတိကိုလည်းပေးပြီးတော့ ကပ်တတ်တဲ့ လူစားမျိုးပေါ့။ ဒါကြောင့် Coaches Eyebrows (နည်းပြမျက်ခုံး)လို့ ခေါ်ပါတယ်။ (စကားကို ကပ်သီးကပ်သပ်ပြောတတ်တဲ့လူတွေပေါ့)

 

 

 

 

 

အ၀ိုင်းပုံစံမျက်ခုံး   - သူကျတော့ အဆိုတော်ဘီယွန်းစေးမျက်ခုံးလိုမျိုး အပေါ်ကိုမြင့်တက်သွားတာမဟုတ်ဘဲ မျက်ခုံးပုံစံကကို အ၀ိုင်းပုံစံမျိုးပါ။ ဒီလိုမျက်ခုံးပိုင်ရှင်ကတော့ အလွန်ကို ကြင်နာတတ်၊ နားလည်တတ်တဲ့သူပါ။ သူတပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေး တတ်ပြီး၊ ဘယ်တော့မှ အထီးကျန်မဖြစ်တဲ့ သူတွေပါပဲ။

 

 

 

 

 

တဲအိမ်မျက်ခုံး      - မော်ဒယ်လ်အိုလီဗာဝိုင်းရဲ့မျက်ခုံးမျိုးပါ။ ထိပ်ကိုတက်ပြီးမှ ပြန်ကျလာတဲ့ မျက်ခုံးပုံစံဖြစ်ပြီး လူအတော်များ များကြိုက်ကြတဲ့ပုံစံတစ်မျိုးလို့လည်း ပြောနိုင်ပါတယ်။  ဒီလို မျက်ခုံးပိုင်ရှင်တွေကတော့ ဟာသဥာဏ်ရှိတယ်။ မြန်မြန်ပြော မြန်မြန်တွေး ပြီး ဆုံးဖြတ်ချက်မြန် မြန်ချတတ်ကြပါတယ်။ သဘာဝဗီဇကိုက ခံစားချက်တဲ့အတိုင်းကို တုံ့ပြန်တတ်ကြတဲ့ လူမှုဆက်ဆံရေးကောင်းသူ တွေပေါ့။

 

 

 

 

 

ဒါကြောင့် မိမိမှာရှိတဲ့ မျက်ခုံးပုံစံကို ကြည့်ပြီးခွဲခြားနိုင်သလို၊ နှစ်သက်ရာမျက်ခုံးပုံစံကိုလည်း ဖန်တီးနိုင်တာပေါ့။