Primary tabs

သင်္ကြန်အပြီးမှာ.....

 

Model - Yin Nann Nwe
Product - LABBELL & ARS
Saloon - Body & Beyond

    သင်္ကြန်ရေစိုစိုနွေနေပူပူမှာ စိတ်ကြိုက်ပျော်ခဲ့သမျှ အတိုးချပျက်စီးသွားတဲ့ ဆံသားတွေကို ပြန်လည်ဂရုစိုက်ဖို့ လိုလာပါပြီ။
    ဘယ်လိုတွေ ပြန်လည်ပြုပြင်နိုင်မလဲဆိုတာ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
    နေလောင်ထားလို့ ပျက်စီးသွားတဲ့ အသားအရေအတွက်  ပြန်လည်ပြုပြင်ဖို့ဆိုရင် နည်းလမ်း အသွယ်သွယ်တော့ ရှိပါတယ်။
    အိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေပေမယ့် သင်္ကြန်ရေနဲ့ လေပူနေပူတွေကြောင့် သာမာန်ထက် ပိုမိုပျက်စီး သွားတဲ့ အသားအရေအတွက်ကိုတော့ ကျွမ်းကျင်
ရာဆိုင်တစ်ဆိုင်မှာ ပြန်လည်ပြုပြင်တာက ပိုမိုသင့်လျော်တဲ့အတွက် အဆင့်ဆင့် ပြုပြင်မှုလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

    ပထမဆုံးကတော့  သေသေချာချာ cleasing လုပ်တာပါ။ ချွေးပေါက်လေးတွထဲမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်သွားအောင် ဂရုတစိုက် သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ရေနွေးငွေ့ပေးပြီးသန့်စင်လိုက်တာက ချွေးပေါက်လေးတွေကို ဖွင့်ပေးလိုက်တဲ့အတွက် ချွေးပေါက်ထဲက အညစ်အကြေးတွေကိုပါ သန့်စင်စေပါတယ်။

    သန့်စင်သွားတဲ့ မျက်နှာလေးကို တင်းရင်းပြီး နူးညံ့ဖြူဝင်းဖို့အတွက် ARS Black Diamond Mask မျက်နှာပေါင်းတင်ဆေးမှုန့်ကိုဖျော်ပြီးတော့ မျက်နှာအနှံ့ကို ညင်သာစွာ သုတ်လိမ်းပေးပါတယ်။ ARF Black Diamond Madk & Whtie Pearl Mask ဆိုပြီး နှစ်မျိုးရှိတဲ့အနက် Black Diamond ကို အသုံးပြုခဲ့တာပါ။

    Black Diamond Madk က အသားအရေကို စိုပြေတင်းရင်းစေပြီး နေရောင်ကြောင့်ဖြစ်တဲ့ မှဲ့ခြောက်တင်းတိတ်တွေကို သက်သာစေပါတယ်။ ဇရာကြောင့်ဖြစ်တဲ့ အရေးအကြောင်းများကိုလည်း ပျောက်ကင်းစေပါတယ်။ ခဲသွားဖို့ မြန်ဆန် တဲ့အတွက် အချိန်ကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။ မိနစ် ၂၀ ထားပြီး ခြောက်သွားတဲ့ အချိန်မှာ ညင်သာစွာ ခွာထုတ်နိုင်ပါပြီ။

    ARF White Pearl Mask ကတော့ ပုလဲပါဝင်တဲ့အတွက် နေလောင်ဒဏ်ကြောင့် ပျက်စီးညိုမဲသွားတဲ့ အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ပုံမှန်အသုံးပြုမည်ဆိုပါက ၀က်ခြံနှင့်မျက်နှာပေါ်မှာရှိတဲ့ အစက်အပြောက် များကို မှေးမှိန်ပျောက်ကွယ်စေနိုင်ပါတယ်။

        သင်္ကြန်မှာ အပျက်စီးဆုံးကတော့ ဆံသား တွေပဲဖြစ်ပါတယ်။ စတိုင်အတွက် ဆေးဆိုးမယ် ကျစ်ထားကောက်ထားတဲ့ ဆံပင်တွေဟာ ရေထိ လိုက် နေပူထဲခြောက်သွားလိုက်နဲ့ ရက်သတ္တပတ်နီးပါ အပြောင်းအလဲတွေ များလွန်းသွားတဲ့
အခါ ခြောက်သွေ့ပျက်စီးသွားမှာ မလွဲမသွေပါ။ ဒါကိုပြန်လည်ပြုပြင်ဖို့အတွက်  LABBELL က ပေါင်း ဆေးလေးတွေနဲ့ ပြန် CARE ကြည့်ရအောင်ပါ။


    ဆေးဆိုးကောက်ခြင်းကြောင့် ပျက်စီးသွား တဲ့ ဆံပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့  LABBELL Permed  &  Color Care Shampoo နဲ့ သန့်စင်သွားအောင် လျှော်ထားတဲ့ ဆံသားတွေကို  LABBELL Yogurt Masque  ပေါင်းဆေး နဲ့  LABBELL Essential Oil (blue) တို့ကိုရောစပ်ပြီး ဆံသားထဲ နှံ့အောင် လိမ်းပေးပါတယ်။ ဆယ့်ငါးမိနစ်ခန့် ထားပြီး ရေးဆးချလိုက်ပါတယ်။ LABBELL  Yogurt Masque ပေါင်းဆေးက ပျက်စီးသွားတဲ့ ဆံသားတွေကို ပြန်ပြီး နုပျို ကျန်းမာစေပြီး ခြောက် သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးပြီးတော့ LABBELL Eeeential Oil (blue)ကတော့ ရေဓာတ် နဲ့ ဆီဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး ဆံသား တောက်ပမှုကို ရစေနိုင်တဲ့အတွက် ရော စပ်ပြီး အသုံးပြုခဲ့တာပါ။

    

အိမ်မှာပဲ ကိုယ့်ဖာသာ ပြုလုပ်မယ်ဆိုရင်လည်း ဖော်ပြထားတဲ့ နည်းလေးတွေအတိုင်း ပြုလုပ်နိုင်ပါတယ်။
အခြားသော အိမ်တွင်းနည်းတွေအနေနဲ့ ဆံသားထဲကို သံလွင်ဆီ၊ အုန်းဆီ၊ ထောလပတ်ရွက်ကို ကြိတ်ချေပြီး လိမ်းတာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။
ပျားရည် ကြက်ဥအကာတို့တွေနဲ့လည်း ပေါင်းတင်တာ ပြုလုပ်နိုင်သလို တံစောင်းလက်ပတ်လည်း လိမ်းနိုင်ပါတယ်။ ထောပတ်သီးကို ချေပြီးတော့ ဦးရေပြားကိုမထိစေပဲ ဆံသားတွေကို လိမ်းပြီး ရေဓာတ်ပြန်လည် ဖြည့်နိုင်ပါတယ်။