Primary tabs

ပန်းသွေးရောင်လွှမ်းတဲ့ပါးပြင်

    ဧပြီလ အလှအပရေးရာနဲ့ ပက်သတ်လို့  ပန်းသွေးရောင်လွှမ်းတဲ့ ပါးပြင်လေးအကြောင်း ရွေးချယ်ပြီး တင်ဆက်ပေးချင်ပါတယ်။ပါးနီခြယ်မယ့်အခါ…

 
    မျက်နှာရှည်တဲ့ မိန်းကလေးတွေဆိုရင်တော့ မျက်နှာရဲ့ ပန်းသီးလို လုံးလုံးမို့မို့လေး ဖြစ်နေတဲ့ နေရာကနေ နားသယ်စပ်ဆီသို့ ဘရပ်ရှ်နဲ့ ပင့်တင်ပြီး လိမ်းချယ်ပါ။ သင့်ပါးပေါ်က ပန်းသီးလေးကို ရှာမတွေ့ဘူးဆိုရင်တော့ ပါးနီခြယ်တဲ့အခါ သင်ပြုံးပြုံးလေးနေဖို့ လိုပါတယ်။ ပြုံးလိုက်တဲ့အခါ မို့မို့လေး ဖြစ်သွားတဲ့နေရာက သင့်မျက်နှာရဲ့ ပန်းသီးလေးတွေပါပဲ။


    လေးထောင့်စပ်စပ် မျက်နှာကျ ရှိတယ်ဆိုရင်တော့ နှာခေါင်းနဲ့ လက်မအနည်းငယ် အကွာကနေ ပါးနီကိုအလျားလိုက် ခြယ်သပေးနိုင်ပါတယ်။


    ဘဲဥပုံ မျက်နှာပိုင်ရှင်တွေ အတွက်တော့ ပန်းသီးလေးတစ်ဝိုက် ဘရပ်ရှ်လေးနဲ့ ခပ်ဖွဖွလေး ခြယ်ပေးနိုင်ပါတယ်။


    ပြည့်ပြည့်လုံးလုံး ဖြစ်နေတဲ့ မျက်နှာမှာ ထောင့်ချိုးလေးတွေနဲ့ သွယ်လျသွားသယောင် ထင်မှတ်စေဖို့ ပါးနီ ခြယ်သမယ်ဆိုရင် ပုံမှာပြ ထားသလို တြိဂံပုံစံလေး ခြယ်သနိုင်ပါတယ်။

Tip:  ပါးပေါ်မှာ သဘာဝကျကျ အရောင်းပါးပါးလေး ပြေးနေသလို အသွင်အပြင်မျိုးဖြစ်စေချင် တယ်ဆိုရင်တော့ Cream Type ပါးနီအမျိုးအစား ကို ဘရပ်ရှ် အလုံးကြီးကြီးနဲ့ ပါးပါးလေး လိမ်းပြီးမှ အောက်ခံမိတ်ကပ် လိမ်းပါ။ ဆန္ဒရှိမယ် ဆိုရင်တော့ နောက်ဆုံးမှာ Powder Blush ကို ခပ်ဖွဖွလေး ပုတ်ပေးနိုင်ပါတယ်။

Tip: ခြောက်သွေ့တဲ့ အသားအရေရှိသူတွေ၊ အသက်အရွယ်ကြောင့် အရေအကြောင်း ပါးပါးလေး ထင်နေသူတွေအတွက် Cream Blush က သင့်တော်ပါတယ်။ အဆီပြန်တဲ့ အသားအရေဆိုရင်တော့ Powder Blush ကိုပဲ ရွေးချယ်ပါလို့ အကြံ
ပြုချင်ပါတယ်။

Tip: ပူပြင်းတဲ့ ရာသီဥတုမှာ Powder Blush ကို လိမ်းခြယ်သင့်ပြီး အေးမြပြီး ခြောက်သွေ့တဲ့ ရာသီ ဥတုမှာတော့ Cream Blush က ပိုအဆင်ပြေပါ တယ်။ ဘယ်လိုပါးနီ အမျိုးအစားကိုမဆို လိမ်း ခြယ်ပြီးလို့ အရောင်ရင့်သွားတယ်လို့ ခံစားရတဲ့ အခါ Loose powder လေး ခပ်ပါးပါးဖို့ပြီး အရောင်ချနိုင်ပါတယ်။

လိုက်ဖက်တဲ့ ပါးနီအရောင်ကို ရွေးချယ်မယ့်အခါ…


    အသားအရောင်ကို အဓိကအားဖြင့်  Fair ၊ Medium ၊ Dark   ဆိုပြီး  အုပ်စုကြီး သုံးစုခွဲနိုင်ပါ တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အသား အရေက Medium နဲ့ Dark ကြား က အသားအရေ ၀ါဝင်းတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
    ဒါကြောင့် ပါးနီအရောင် ရွေးချယ်မယ်ဆိုတဲ့ အခါ အနွေးရောင်ဘက်သန်းတဲ့ အရောင်မျိုးကို အဓိကထားပြီး ရွေးချယ်ဖို့လိုပါတယ်။ ပန်းရင့် ရောင်၊ ပန်းနုဝါ၊ မရမ်းစေ့ရောင်အဖျော့ စတဲ့အရောင်တွေကို အခြေခံပြီး ရွေးချယ်သင့်ပါတယ်။

ဘရပ်ရှ်တွေကို ထိန်းသိမ်းဖို့…


    မိတ်ကပ်ဘရပ်ရှ် အများစုက ဈေးပေါတဲ့ ပစ္စည်းများ မဟုတ်တာ သေချာပါတယ်။ သင်က Quality ကောင်းတဲ့ ဘရပ်ရှ် အမျိုးအစားကိုမှ ရွေးချယ်ဝယ်ယူ ထားတယ်ဆိုရင်ဖြင့် သင့်ရဲ့ ဈေး မသေးတဲ့ ဘရပ်ရှ်များကို ထိန်းသိမ်းဖို့က အရေး
ကြီးတဲ့ကိစ္စ ဖြစ်လာပါပြီ။
    အချိန်ကြာလာတာနဲ့အမျှ မိက်ကပ်တွေ၊ ပေါင်ဒါမှုန့်တွေနဲ့အတူ မျက်နှာအရေပြားကို ဒုက္ခပေးမယ့် ဘက်တီးရီးယားတွေက ဘရပ်ရှ်ရဲ့ အမျှင်လေးတွေမှာ စုပုံလာတတ်ပါတယ်။ ဒါကြောင့် နှစ်ပတ်တစ်ခါလောက် ဘရပ်ရှ်တွေကို ဆေးကြော
ပေးသင့်ပါတယ်။ ဆပ်ပြာနဲ့ မကြာမကြာ ဆေးကြောခြင်းကြောင့် ဘရပ်ရှ်ရဲ့ အမွှေးအမျှင်လေးတွေမာကြောပြီး ကြမ်းတမ်းလာတတ်တာကို ကာကွယ်ဖို့ သံလွင်ဆီနဲ့ ဘရပ်ရှ်များကို ဆေးကြောနိုင်မယ့် နည်းလမ်းကို အကြံပြုချင်ပါတယ်။
    ပထမဆုံး သန့်စင်တဲ့ မျက်နှာသုတ်ပုဝါ အသေးစားလေးပေါ်မှာ သံလွင်ဆီ ဆွတ်လိုက်ပါ။ ဘရပ်ရှ်တွေကို သံလွင်ဆီ ဆွတ်ထားတဲ့ ပုဝါနဲ့ ဒေါင်လိုက်ပွတ်ဆွဲပေးပါ။ မိတ်ကပ်နဲ့ ပေါင်ဒါမှုန့်တွေ ပါလာတာကို တွေ့ရပါလိမ့်မယ်။ ပြီးရင်တော့
ရေခပ်နွေးနွေးထဲမှာ ဆပ်ပြာရည် အနည်းငယ်ထည့်ပြီး ဘရပ်ရှ်တွေကိုစိမ်ပြီး အမျှင်လေးတွေကို နှိပ်ကာလျှော်ပြီး ရေနွေးနဲ့ပဲဆေးပါ။ ဘရပ်ရှ်ရဲ့ လက်ကိုင်တေကို ရေမထိအောင် ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ ပြီးရင်တော့ ရေကိုစင်အောင် ခါထုတ်ပြီး တစ်သျှူးနဲ့ ခြောက်သွေ့အောင် သုတ်ပေးပါ။ အလျင်မလိုရင်တော့ လေနဲ့အခြောက်ခံနိုင်ပါတယ်။
    ဘရပ်ရှ်တွေကို အသုံးပြုပြီးတာနဲ့ အိတ်ထဲ ထည့်သိမ်းမယ့်အစား ခွက်ထဲမှာ ထောင်ထားတာ က ဘရပ်ရှ်ကို ပုံစံမပျက်စေဘဲ အနံ့အသက်လည်း ကင်းစေပါတယ်။ ဘရပ်ရှ်တွေ တစ်ခုနဲ့တစ်ခု ထိ မနေစေအောင်တော့ သတိထားရမှာပါ။