Primary tabs
Spa နဲ့ မျက်နှာနှင့် ခန္ဓာကိုယ် အသားအရေထိန်းသိမ်းခြင်း
    နေလောင်ခံထားရတဲ့ မျက်နှာအသားအရေ လေး ပြန်စိုပြေနေစေဖို့အတွက် Spa မှာသွားလုပ် လို့ရတဲ့ Facial Treatment အကြောင်းကိုလမ်း ညွှန်ပြောပြသွားပါမယ်။ ဒီ Treatment တွေက နေလောင်မျက်နှာအသားရေကိုပြန်ပြီး ဖြူဝင်း
လှပလာစေပါတယ်။ အထူးသဖြင့် နေရောင် အောက် ခရီးသွားခြင်းခံထားရတဲ့  အသားအရေ တွေ၊ သင်္ကြန်မှာ ရေ၊ လေနဲ့နေ ဒဏ်ခံထားရတဲ့ အသားအရေတွေက ဒီ Treatment ကို လုပ်သင့်ပါတယ်။
    မိမိရဲ့အသားအရေကို ကြည့်ရှုပြီး ပြုလုပ်ရ မယ့် skin care series ကို spa မှ ကျွမ်းကျင်ဝန်ထမ်း က ရွေးချယ်ပါလိမ့်မယ်။ ကိုယ်ခံစားရတဲ့ အသား အရေ ထိခိုက်မှုကို သေချာပြောပြီး package ကို ရွေးချယ်ပါ။ အခုသုံးပြသွားမှာ ကတော့ နေလောင်အသားအရေနဲ့ အသားရေဖြူဝင်းလှပစေဖို့ အတွက် DECLE’OR နဲ့ Dermalogica အမျိုးအစားကို ရွေးချယ်ကာ သုံးပြသွားပါမယ်။ ဒီ Treatment တွေ ဟာ ကျွမ်းကျင်ဝန်ထမ်းမှ customer အသားရေကို ကြည့်ကာ တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်ခြင်းတွေ ကို ပြုလုပ်သွားတာပါ။ ပုံမှန်လုပ်ပေးခြင်းဖြင့် သိသာထင်ရှားတဲ့ အသားရေကို ပိုင်ဆိုင်နိုင်ပါတယ်။
“နေလောင်အသားရေအတွက်ပြန် care ခြင်း”
    မျက်နှာမှာရှိတဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေ ကို မျက်နှာသန့်စင်ရည်  Clenasing Milk + Aroma Cleanser နဲ့ အရင်သန့်စင်ပါမယ်၊ ပြီးရင်တော့ facial foam (Brightening) နဲ့ ထပ်မံသန့်စင်ရပါတယ်။
    ရေခပ်နွေးနွေးလေးနဲ့ ဆေးချပြီးရင် T Zone တ၀ိုက် ဆားဝက်ခြံထွက်တဲ့ နှာခေါင်း၊ မေးစေ့ နေရာတွေကို micro smoothing cream & Scrub နဲ့ ပွတ်ပေးပါ။ နေလောင်ခံထားရတဲ့ အသားအရေ ဖြစ်လို့ လက်မှာအားအရမ်းတော့မများပဲ ဂရုတစိုက် လုပ်ပေးဖို့ သတိတော့ထားရပါမယ်။
    ရေနွေးငွေ့စက် steamer လေးနဲ့ မျက်နှာ ကို (၅)မိနစ်ခန့်ပေးပါမယ်။ ဒါဟာ မျက်နှာအရေပြား အတွင်း ပိတ်နေတဲ့ချွေးပေါက်၊ အညစ်အကြေးနဲ့ အဆီတွေကို ပျော်လာစေဖို့ပါ။ Steam ပေးနေတုန်း မှာ Decle’or  Neroli Aromessene Oil  နဲ့နဖူး၊ နားထင်၊ နဖူးအလယ်ဆုံမှတ်၊ မျက်ကြော၊ ပါးရိုးတ လျှောက်ကို လက်ချောင်းထိပ်လေးများ အသုံးပြုပြီး အောက်မှအပေါ်သို့ပင့်ပြီး နှိပ်ပေးပါ။ ဒီလိုနှိပ်နယ် ပေးခြင်းဟာ အသားအရေ တွဲကျမှုကင်းပြီး ချွေး ပေါက်ပွင့်စေတယ်၊ အသား အရောင်ကိုလည်း သန့် ရှင်းတောက်ပြောင်စေပြီး စိတ်ဖိစီးမှုလည်း ကင်းစေပါတယ်။
    တတိယအဆင့်ကတော့ ရေခပ်နွေးနွေးနဲ့ ဆေးချပြီး ဆားဝက်ခြံရှိတဲ့နေရာတွေကို စက် ကလေးနဲ့ စုပ်ထုတ်ပေးပြီး မျက်နှာက ဆဲလ်အသစ် တွေ ထပ်ထွက်လာဖို့ Peeling လုပ်ပေးပါမယ်။ ပွင့် နေတဲ့ ချွေးပေါက်တွေ ပြန်ကျဉ်းဖို့ရယ် ၀က်ခြံ၊ မှဲ့  ခြောက်တွေ သက်သာဖို့ရယ် ပိုးသတ်ပေးပါတယ်။
    နောက်တစ်ဆင့်ကတော့ Matifying lotion &  Toner နဲ့ မျက်နှာပြင်အနှံ့ကို ညင်သာစွာ ပွတ်လိမ်းပေးပြီး အစိုဓာတ်လိုအပ်နေတဲ့ နေလောင် ခံထားရတဲ့ မျက်နှာပြင်အတွက် Aromaplastic facial care mask ကို မိနစ်(၂၀)လောက် ကပ် ထားပေးရပါမယ်။
    Mask ကိုခွာပြီးရင် ရေအေးလေးနဲ့ ဆေးချပြီး နောက်ဆုံးအဆင့်အနေဖြင့် Brightenign treat-ment lotion / eye cream / moisture / Sun Creen (or) Day Cream ကို တစ်ဆင့်ပြီးတစ်ဆင့် အသာအယာ စိမ့်ဝင်အောင် လိမ်းပေး လိုက်ရပါမယ်။
    Facial Treatment များကို ဆိုင်မှာပြုလုပ်တဲ့ အခါ နှစ်သက်ရာ skin care product ကို ရွေးချယ်ပြီး ပြုလုပ်နိုင်ပါတယ်။ SK 2 / Natural Clay ( Thai) /Decle’or / Dermalogica အမျိုးအစားများကတော့ လက်ရှိလူကြိုက်များနေတဲ့ ပစ္စည်းအမျိုးအစားများ ပါ။
“အသားရေအား ဖြူစင်လှပဖို့အတွက် care ခြင်း”
    Dermalogica products ကတော့ အသား ရေဖြူဝင်းလှပစေနိုင်ပြီး မျက်နှာအသားရေကို လည်း တင်းရင်းလှပစေပါတယ်။ မော်ဒယ်လ် မေကဗျာကို ဒီပစ္စည်းများနဲ့ အဆင့်ဆင့်ပြုလုပ်ပေး သွားပါမယ်။
    Dermalogica မှာ ပြုလုပ်မယ့်သူရဲ့အသား ရေကိုကြည့်ပြီး အသားရေအမျိုးအစားအလိုက် သုံးမယ့် အမျိုးအစားကို အရင်ရွေးချယ်ပေးရပါတယ်။ မျက်နှာအသားရေ အမျိုးအစားကို သိပြီးမှသာ မျက်နှာ မိတ်ကပ်ဖျက်ခြင်း၊ ခရင်မ်ဖြင့် pre-cleanလုပ်ခြင်း၊ မျက်နှာသန့်စင်ဆေးရည်ဖြင့် သန့်ခြင်း၊ အညစ်အကြေးများ ပြောင်စင်သွားရန် scrub ပွတ်ခြင်းတို့ကို ပြုလုပ်ရပါတယ်။
    မျက်နှာပေါင်းတင်ဆေးကို ရေနဲ့ပြန်ဆေးချ ပြီးပြီဆိုရင် မျက်နှာကို နှိပ်နယ်ပေးပါတယ်။ အရေးအကြောင်းတွေ လျော့ပါးစေဖို့ စက်နဲ့ဆွဲခြင်း (ဆေးရည်ထည့်၍)၊ အမည်းစက်ရှိသူများအတွက် ဆေး အားစက်နဲ့လှိမ့်ကာ ဆွဲပေးခြင်းတို့ကို ဆက်ပြီးလုပ်ပေးရပါတယ်။ ဒီ့နောက်မှာတော့ မျက်နှာအား eye cream/ toner/ moisture တို့ကိုလူးပေးပါတယ်။
    Facial Treatment Package တစ်ခုကို အေးအေးဆေးဆေးပြုလုပ်နိုင်ဖို့ အချိန်တော့ ချန်ထားဖို့လိုပါတယ်။ အလုပ်များတဲ့သူပဲဖြစ်ဖြစ် တစ်လမှာ တစ်ရက်လောက်တော့ မျက်နှာကိုထိန်း သိမ်းပေးသင့်ပါတယ်။ အဆင့်ဆင့်ပြုလုပ်ရတဲ့ အပိုင်းမှာလည်း မျက်နှာအရေပြား ကျန်းမာရေးကိုကြည့်ရှုကာ လိုအပ်သလို ပြုလုပ်သွားရပါတယ်။
    ဤစာမျက်နှာအတွက် ကူညီပေးပါသော Spa My Way ၊ Nature Spa / မော်ဒယ်လ် - ပိုင်ပိုင် ၊မေကဗျာ တို့အား ကျေးဇူးအထူးတင်ရှိပါသည်။
ခန္ဓာကိုယ်ရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် Body Treatment
    Body Treatment ဆိုတာက ခန္ဓာကိုယ်ရဲ့အလှအပအပြင် ကျန်းမာရေးနဲ့ပါ သွယ်ဝိုက်သက်ဆိုင်နေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ များသော အားဖြင့် Body Treatment နည်းလမ်းအများစုဟာ ခန္ဓာကိုယ်အပေါ်ယံက အသားအရေ လှပစိုပြေလာ စေဖို့အတွက်သာမကဘဲ အရေပြားအတွင်းပိုင်းထဲ မှာ အောင်းနေတဲ့ အဆိပ်အတောက် အညစ် အကြေးများကို ချွေးပေါက်တွေကတစ်ဆင့် ထွက် သွားစေတာကြောင့် အသားအရေကိုပါ  ပြန်လည်နုပျိုလာစေနိုင်ပါတယ်။  ဒါ့အပြင် အရေပြားအတွင်းပိုင်းက သွေးလှည့်ပတ်မှု ကောင်းမွန်းလာစေ ခြင်း၊ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေ ပြီး အကြောအခြင်များကို ပျော့ပြောင်းစေခြင်း၊ စိတ်ရောခန္ဓာကိုယ်ပါ ပေါ့ပါးလန်းဆန်းစေခြင်း စတဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုးတွေကိုလည်း ရရှိနိုင်ပါတယ်။
    Body Treatment ယူတယ်ဆိုတဲ့အခါမှာ ဆိုင်မှာလုပ်လို့ရသလို အိမ်မှာလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ ပညာရှင်တွေ၊ သေချာလေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်ဝန် ထမ်းတွေက စနစ်တကျ ပြုလုပ်ပေးထားလို့ ထွက်
လာတဲ့ရလဒ်နဲ့ ကိုယ်တိုင်လုပ်ပြီး ထွက်လာတဲ့ ရလဒ်က ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။ Spa တွေမှာ Body Treatment ကို စနစ်တကျ တစ်ဆင့်ပြီး တစ်ဆင့်ပြုလုပ်ပုံအကြောင်းနဲ့ တစ်ဆင့်ချင်းစီက ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ကို ဖော်ပြပေးချင်ပါတယ်။
    Body Treatment ယူတော့မယ်ဆိုတဲ့ အခါမှာ ပထမဆုံး သင့်အသားအရေနဲ့ ကိုက်ညီမယ့် နည်းလမ်းနဲ့ အသုံးပြုမယ့် Products များကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အသုံးပြုမယ့် Products များနဲ့ ပတ်သက်ပြီး သင် သုံးနေကျ အမှတ် တံဆိပ် တစ်မျိုးမျိုး ရှိတယ်ဆိုရင်လည်း သုံးနိုင်ပြီး Spa က ကျွမ်းကျင်သူတွေကိုလည်း ဘယ်လိုအမျိုးအစားကို ရွေးချယ်ရမလဲဆိုတာနဲ့ ပတ်သက်လို့ အကြံဉာဏ်တောင်းနိုင်ပါတယ်။
    ပြီးရင်တော့ တစ်ချို့ Spa တွေက ဆီအသုံးပြုပြီး နှိပ်နယ်တဲ့အဆင့်နဲ့ ပထမဆုံး စတာ ရှိသလို ဒီအဆင့်မပါပဲ Body Scrub ကို တန်းလုပ်တာမျိုး လည်း ရှိပါတယ်။
    Oil Massage လုပ်တဲ့အခါမှာ ဆီတစ်မျိုးမျိုးနဲ့ ခန္ဓာကိုယ်အနှံ့ နှိပ်နယ်ပေးတာ ဖြစ်ပါတယ်။ ဒီလိုနှိပ်နယ်ပေးခြင်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မှာရှိတဲ့ အကြောအခြင်တွေ ပြေလျော့သွားပြီး ခန္ဓာကိုယ်ကို ပျော့ပြောင်းသွားစေပါတယ်။
    Body Scrub ပြုလုပ်တဲ့ အခါမှာတော့ ခန္ဓာကိုယ်ကို Scrub နဲ့ ပွတ်တိုက်ပေးရပါတယ်။ အဲဒီအခါ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆဲလ် အသေတွေ၊ ချေးတွေကွာကျသွားပြီး ချွေးပေါက် တွေ ပွင့်လာပါတယ်။ ပွတ်တိုက်မှုကြောင့် ဆဲလ်
လေးတွေကို လှုံ့ဆော်မှုဖြစ်စေပြီး ဆဲလ်အသစ် တွေ ဖြစ်ပေါ်ပြီး သွေးလှည့်ပတ်မှုကိုလည်း ကောင်း မွန်လာစေတယ်လို့ သိရပါတယ်။
    Scrub လုပ်ပြီးရင်တော့ ရေနွေးနွေးနဲ့ ဆေးချပေးရပါမယ်။ တစ်ချို့က ဒီအဆင့်မှာ Sauna ထိုင်ခိုင်းလေ့ရှိပါတယ်။ Sauna ရဲ့ သဘောတရား က ကိုယ်ထဲမှာ အောင်းနေတဲ့ ချွေးပုပ်တွေ ထွက်လာစေဖို့ ချွေးပေါင်းခြင်း ဖြစ်ပါတယ်။ Scrub
လုပ်ထားတာကြောင့် ပွင့်နေတဲ့ မွှေးညှင်းပေါက်တွေကတစ်ဆင့် ချွေးနဲ့အညစ်အကြေး အဆိပ်အတောက်တွေ ထွက်သွားတာကြောင့် ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းသွားစေပါတယ်။
    နောက်တစ်ဆင့်ကတော့ အသီးအနှံ၊ ဒိန်ချဉ် ဒါမှမဟုတ် Body Treatment အတွက်ထုတ်ထား တဲ့ Brand တစ်မျိုးမျိုးက ဆေးနဲ့ခန္ဓာကိုယ်အနှံ့ နှိပ်နယ်ပြီး လိမ်းကျံပေးတယ်။ မြန်မာနိုင်ငံမှာတော့ ဒိန်ချဉ်ကို လူကြိုက်များတယ်လို့ သိရပါတယ်။ တစ်ချို့ Spa ကတော့ ဒီအဆင့်မှာမှ ရေနွေးငွေ့နဲ့ ချွေးပေါင်းပေးလေ့ရှိပါတယ်။ ဒီလို ရေနွေးငွေ့နဲ့ ပေါင်းပေးခြင်းကလည်း အထက်မှာဆိုခဲ့ပြီးတဲ့ Sauna ထိုင်ခြင်းလိုပဲ တူညီတဲ့သက်ရောက်မှု ရှိပါတယ်။
    ခန္ဓာကိုယ် အညောင်းအညာပြေပြီး ပေါ့ပါးလန်းဆန်းသွားအောင် Jacuzzi ကန်ထဲ ထိုင်ခြင်းမျိုးလည်း လုပ်နိုင်ပါတယ်။ အသားအရေအတွက် အထောက်အကူဖြစ်စေတဲ့ Gel၊ ဆေးပူ၊ သစ်သီးပန်းမန် တွေလည်း ဆန္ဒရှိရင် ထည့်နိုင်ပါတယ်။
    နောက်ဆုံးမှာတော့ ရေချိုးပြီး Body Lotion လိမ်းပြီးရင်တော့ Body Treatment ပြုလုပ်ခြင်း ပြီးဆုံးပါပြီ။ တတ်နိုင်ရင် တစ်လကိုအနည်းဆုံး တစ်ခါလောက်တော့ Body Treatment ပြုလုပ်သင့်ပါတယ်လို့ ပညာရှင်တွေ အကြံပြုထားပါ
တယ်။ Body Treatment လုပ်ပြီးနောက်မှာ အသားအရက နူးညံ့သွားတာကြောင့် နေပူနဲ့ အတတ်နိုင်ဆုံး မထိတွေ့မိအောင်နေပါ၊ နေပူထဲ ထွက်တော့မယ်ဆိုလည်း SPF များများပါတဲ့ Sun screen လိမ်းပါ၊ ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည် စတဲ့ အကာအကွယ်များယူပြီးမှ ထွက်ပါလို့ ဆက်လက်အကြံပြုပါတယ်။ Body Treatment ယူထားသူတစ်ယောက် မဖြစ်မနေလုပ်ရမှာက Body Lotion မှန်မှန်လိမ်းပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
    ဤကဏ္ဍအတွက် ကူညီပေးပါသော Hello နှင့် Nature Spa ကို အထူးကျေးဇူးတင်ရှိပါ သည်။