Primary tabs

အိုးမကွာအိမ်မကွာ Treatment နည်းလမ်းများ

    နေရောင်၊ မီးရောင်၊ မိတ်ကပ်ရောင်၊ ဒီကြားထဲ ၁၀၀% သန့်စင်မှု မရှိတော့တဲ့ ပတ်ဝန်းကျင် ကြောင့် သင့်ရဲ့အသားအရေတွေ သေချာပေါက် ညစ်ညမ်းပြီး ပျက်စီးနေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို ပုံမှန်သန့်ရှင်းပေး၊ ပြုစုယုယပေးနေ သလိုပဲ သင့်ခန္ဓာကိုယ်ရဲ့ အသားအရေကိုလည်း ချေးချွတ်ပေး၊ သန့်စင်ပေးပြီး အားဖြည့်ပေးနေဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်တာကို Body Treatment ယူတယ်လို့ ဆိုကြပါစို့။ ပုံမှန်ဂရုတစ်စိုက် Body Treatment  လုပ်တဲ့သူရှိသလို ဆိုင်သွားဖို့ တကူး တက အချိန်မပေးနိုင်လို့ Body Treatment ဆို ကိုယ်နဲ့ မဆိုင်သလို နေနေကြတဲ့ မမ၊ ညီမ များ လည်း ရှိတဲ့အတွက် အိုးမကွာ၊ အိမ်မကွာ ပြုလုပ်လို့ ရမယ့် Treatment နည်းလမ်းတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

သကြားနဲ့ ပျားရည်


    ရာသီဥတု အပြောင်းအလဲ မှာ ဖြစ်တတ်တဲ့ အရေပြား ယားယံခြင်း၊ အသားအရေ ခြောက်သွေ့ ခြင်းကို သက်သာစေပြီး အသားအရေကို သဘာဝ အတိုင်း  နူးညံ့ စိုပြေ စေလိုတဲ့ အမျိုးသမီးများအတွက် သင့်တော်ပါတယ်။

ပါဝင်ပစ္စည်း
သကြား - လက်ဖက်ရည် အကြမ်းပန်းကန်တစ်ဝက်
သံလွင်ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်
ဟန်နီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်
    ပထမဦးစွာ သံလွင်ဆီထဲကို  သကြားထည့် ပြီး နှံ့သွားအောင် မွှေပေးပါ။ သကြားမပျော်တပျော် အနေအထားမှာ အရေပြား အပေါ်ယံက ဆဲလ် အသေတွေ ကွာကျသွားအောင် Scrub လုပ်တဲ့အ နေနဲ့  အသာအယာနှိပ်နယ်ပြီး လိမ်းကျံပေး ပါ။ (၁၀) မိနစ်ခန့်ထားပြီး ကြက်သီးနွေး ရေနဲ့ဆေးချ ပါ။ ဒီအချိန်မှာ အရေပြားပေါ်က ဆဲလ်အသေ တွေ ကွာကျသွားပြီး ချွေးပေါက်တွေ ပွင့်လာပါလိမ့်မယ်။ ပျားရည်ကို အပူပေးထားပါ။ (အရမ်း မပူသွားအောင် ဂရုစိုက်ဖို့လည်း လိုပါတယ်။) ပြီး
ရင်တော့ ပျားရည်နွေးနွေးကို ခပ်ပါးပါးလိမ်းကျံပြီး ပလပ်စတစ်စနဲ့ အုပ်ပေးပါ။ မိနစ်သုံးဆယ်ခန့် ထားပြီးရင်တော့ ရေဆေးချလိုက်တာမျိုး (သို့) ရေချိုးတာမျိုး လုပ်လို့ရပါပြီ။

ကော်ဖီအနှစ်


    ဘယ်လိုပင် ရေချိုးသော်လည်း သင့်ခန္ဓာကိုယ်ရဲ့ အရေပြားက ဆဲလ်အသစ်တွေ ဖြစ်ပေါ် နှုန်းမြန်ဆန်ပြီး အပေါ်ယံအလွှာက ဆဲတွေသေဆုံးနှုန်းကလည်း မြန်ဆန်ပြီး အရေပြားပေါ်က ဂျီးတွေ ဖြစ်လာပါတယ်။ ရေချိုးလိုက်တဲ့အခါ ဆပ်ပြာကြောင့် ဂျီးအချို့ပြောင်စင်သွားသော်လည်း အရေပြားအတွင်းပိုင်းမှာ၊ မွေးညှင်းပေါက်တွေထဲမှာ ဆဲလ်အသေတွေ အလွှာလိုက် ကျန်ရှိနေတတ်ပါတယ်။ ခန္ဓာကိုယ်ကိုချေးချွတ်ဖို့ ဆိုရင်တော့ ကော်ဖီအနှစ်က အကောင်းဆုံး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း
ကော်ဖီ အနှစ် - လက်ဖက်ရည် ပန်းကန်း (၂)လုံး
သကြား (သို့) ဆား (နှစ်သက်ရာ) - လက်ဖက်ရည် ပန်းကန်လုံး တစ်ဝက်
သံလွင်ဆီ (သို့) အုန်းဆီ - လက်ဖက်ရည်ဇွန်း (၃) ဇွန်း
    ပါဝင်ပစ္စည်းအားလုံးကို နှံ့သွားအောင် မွှေပေးပါ။ Body Scrub မပြုလုပ်ခင် ကြက်သီးနွေး ရေနဲ့ ရေချိုပေးနိုင်ရင် ချွေးပေါက်လေးတွေ ပွင့်သွား တာကြောင့် ထိရောက်မှု ပိုရှိပါတယ်။ ခန္ဓာကိုယ်ကို ရောစပ်ထားတဲ့ ကော်ဖီအနှစ်တွေနဲ့ လိမ်းကျံ မယ့်အခါ အရေပြား ဧရိယာကျယ်ကျယ်ကို စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်ပြီး လိမ်းပေးပါ။ အားပျော့ပျော့နဲ့ဖိပြီး ပွတ်တိုက်သလို လိမ်းပေးရင် ပိုကောင်းပါတယ်။ ၁၅ မိနစ်ခန့် ထားပြီးရင်တော့ ရေချိုးနိုင်ပါပြီ။ ရေကို စင်အောင်သုတ်ပြီး သင်
လိမ်းနေကျ Body Lotion လေး လိမ်းပေးထား လိုက်ရင် လုံလောက်ပါပြီ။ ကော်ဖီမှာ ပါဝင်တဲ့ Antioxidant တွေကြောင့် သင့်အသားအရေလေး အရင်ကထက် ပိုပြီး ကြည်လင်လာတာကို တွေ့ရမှာပါ။

ဒိန်ချဉ်၊ ခရမ်းချဉ်သီး၊ အုတ်ဂျုံ


    အသားဖြူချင်တဲ့ မမများအကြိုက်တွေ့စေ မယ့် နည်းတစ်မျိုးလည်း ရှိပါသေးတယ်။ သိသိ သာသာ အသားအရေ ဖြူဝင်းလာစေတဲ့ နည်းလမ်း လို့ ကျွမ်းကျင်သူတွေက အာမခံထားရတဲ့ သဘာဝ ကုထုံးလည်း ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများက
လည်း ခက်ခက်ခဲခဲ ရှာစရာမလိုဘဲ အလွယ်တကူ ၀ယ်ယူရရှိနိုင်မယ့် ပစ္စည်းများ ဖြစ်လို့  လက်တွေ့ ပြုလုပ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

ပါဝင်ပစ္စည်း
ခရမ်းချဉ်သီး မှည့်မှည့် - (၁)လုံး
ဒိန်ချဉ် - လက်ဖက်ရည် ပန်းကန် (၁)လုံး
အုတ်ဂျုံ - လက်ဖက်ရည် ပန်းကန် (၁) လုံး
(စတိုးဆိုင်ကြီးများမှာ အုတ်ဂျုံ( Oatmeal ) ကို ၀ယ်ယူနိုင်ပါတယ်။)
    ခရမ်းချဉ်သီးကို အစေ့များထုတ်ပြီး ချေပါ။ ကြိတ်စက်နဲ့ ကြိတ်နိုင်လျှင် ပိုကောင်းပါတယ်။ ခရမ်းချဉ်သီးအရည်၊ ဒိန်ချဉ်၊ အုတ်ဂျုံများကို သမသွားအောင် ရောစပ်ပါ။ အုတ်ဂျုံများ ပျော့ သွားပြီးဆိုလျှင် သန့်စင်ပြီး ခြောက်သွေ့တဲ့ ခန္ဓာ
ကိုယ်ပေါ်မှာ အသာအယာ ပွတ်တိုက်ပြီး လိမ်းကျံပေးပါ။ ၁၅ -၂၀ မိနစ်ခန့်ထားပြီး ရေအေးအေးနဲ့ပဲ ဆေးချပေးပါ။ ဒိန်ချဉ်ကအရေပြားနဲ့ ထိတွေ့ရင် အပျော့စားအရောင်ချွတ်ဆေးလိုပဲ အာနိသင်ရှိပါတယ်။ သက်တမ်းနု နေလောင်ကွက်နဲ့ အမည်းအစက်အပျောက်များကို အရောင်ဖျော့ ပျောက်ကင်းသွားစေနိုင်ပြီး ပါဝင်တဲ့ ပရိုတိန်းက အရေပြား ကို အားပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။ အုတ်ဂျုံက ချေးကျွတ်စေတဲ့ Scrub အနုစားလို အာနိသင်ရှိပြီး ခရမ်းချဉ်သီးက သဘာဝအရ အသားဖြူစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ အသီးဖြစ်ပါတယ်။ ဒါကြောင့် ရေဆေးချပြီးတာနဲ့ သိသိသာ ဖြူဝင်းပြီး စိုပြေနေတဲ့ အသားအရည်ကို ထူးခြားစွာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

ထောပတ်သီး နဲ့ ပျားရည်


    အသားအရည် စိုပြေနူးညံ့ဖို့ဆိုတာကလည်း လိုအပ်ချက်တစ်ခုပါပဲ။ ညှိပေမယ့် စိုပြီးဝင်းနေတဲ့ အသားအရေကလည်း ဆွဲဆောင်မှု တစ်မျိုးရှိပါ တယ်။ ရေဓာတ်ပြည့်ပြီး နူးညံ့တဲ့ အသားအရေ ကို ကျန်းမာရေးကောင်းတဲ့ အသားအရေလို့ ဆို
နိုင်ပါတယ်။ အသားအရေရဲ့ ကျန်းမာရေးကိုလည်း ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးလိုပဲ ကောင်းမွန်လာအောင် ပြုပြင်ယူလို့ရပါတယ်။ အသားအရေလေး စိုပြည်လာအောင် ဘယ်လိုဂရုစိုက်ပေးနိုင်ပါသလဲ။

ပါဝင်ပစ္စည်း
ထောပတ်သီး - တစ်ခြမ်း
ပျားရည် - လက်ဖက်ရည်ဇွန်း(၂)ဇွန်း
    ပါဝင်ပစ္စည်းများကို ကြေညက်ပြီး အနှစ်ဖြစ်သွားအောင် ကြိတ်ချေလိုက်ပါ။ ရရှိလာတဲ့ အနှစ်တွေကို လက်(သို့)စုတ်တံနဲ့ယူပြီး ခန္ဓာကိုယ် အနှံ့ ခပ်ပါးပါး လိမ်းကျံပေးနိုင်ပါတယ်။ လိမ်းကျံ နေစဉ် အလွန်နူးညံ့တဲ့ အထိအတွေ့ကို ခံစားရမှာ
ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ အနည်းဆုံး တစ်နာရီလောက် ထားပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ပြီးရင်တော့ ကြက်သီးနွေးရေလေနဲ့ ဆေးကြောပေး နိုင်ပါတယ်။ ပထမဆုံးအကြိမ်မှာတင် ထောပတ်သီးရဲ့ သဘာဝအဆီနဲ့ ရေဓာတ်ကြောင့် သင့်
အသားအရေလေးစိုပြေပြီး နူးညံ့လာတာကို တွေ့ရှိရမှာပါ။