Primary tabs

သင်က Branded makeup ချစ်သူလား

    Branded makeup ဆိုတာ သုံးရတာ လည်း အဆင်ပြေသလို ဈေးနှုန်းလည်းမနည်းတဲ့ အလှကုန်ပစ္စည်းတွေလို့ ဆိုလိုချင်တာပါ။ လူလတ် ပိုင်းအမျိုးသမီးတွေလို ကိုယ်ပိုင်ဝင်ငွေရှိတယ်ဆို ရင်တော့ ကိုယ့်စိတ်ကြိုက်ကိုယ်ရွေး ချယ်ပြီး သုံး နိုင်ပေမယ့် ဆယ်ကျော်သက်အရွယ် မိန်းကလေး တွေအတွက် ဒီ Branded makeup တွေဟာ ငေး မောလိုချင်စဖွယ်တွေပါပဲ။ ကမ္ဘာနဲ့တစ်ဝှမ်း နာမည် ကြီးနေတဲ့ အဆင့်မြင့်အလှကုန်များကိုလည်း စုစည်းပြောပြပေးမှာ ဖြစ်သလို ဒီစာ မျက်နှာလေး ဖတ်မိတာနဲ့ ကမ္ဘာကျော် အလှကုန်များနဲ့ ရင်းနှီးသလို ဖြစ်သွားစေမှာပါ။

    ဘာကြောင့် brand makeup ကိုကြိုက်ကြတာလဲ >>     ဈေးမြင့်တဲ့ မိတ်ကပ်ပစ္စည်းဖြစ်တာ ကြောင့် ပိုပြီးကောင်းတယ်ထင်လို့၊ ပြီးတော့ ဈေး ကြီးတယ်ဆို ကောင်းမှာပဲဆိုတဲ့အသိနဲ့ ၀ယ်ကြ တယ်၊ သုံးကြတယ်ဆိုတာပါပဲ။ Brand တစ်ခုကိုပဲ သီးသန့်သုံးတဲ့ သူတွေနဲ့၊ ပစ္စည်းမျိုးစုံကို သုံးတဲ့သူ တွေဆိုပြီး ၂ မျိုးခွဲခြားလို့ရပါတယ်။ ၀ယ်ယူသုံး စွဲမယ့်သူတွေကို အဓိက ဆွဲဆောင်နိုင်တာက ကြော်ငြာတွေပါပဲ။ ပိုးသားလို ဆံသားဖြစ်ရမယ်... အသားရေ တောက်ပလန်းဆန်း သွားမယ် ဆိုတာ မျိုးကို ချက်ချင်းခံစားချင်တာက ၀ယ်ယူသူတိုင်း ပါပဲ။  ဒီပစ္စည်း ကောင်းမကောင်းဆိုတာကို သိရ ဖို့အတွက် သူနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေ ဖတ်ရမယ်၊ သုံးစွဲဖူးတဲ့သူတွေရှိရင် မေးမြန်းကြည့်ရမယ် ပြီးမှ သုံးဖို့ဝယ်ပါလို့ အကြံပေးပါစေ။
    မိတ်ကပ်ချစ်သူဆိုရင် - ကိုယ်က ထွက်သမျှ အလှကုန်တွေကို အဆက်မပြတ်ဝယ်နေမိသလား၊ တစ်ခုဝယ်ပြီးတာနဲ့ ကုန်အောင်သုံးဖို့မပြောနဲ့ ဗူး တောင်မဖောက်ရသေးဘူး နောက်တစ်ခုကိုဝယ် ဖို့ စဉ်းစားနေပြီလား ဒါဆိုရင် ကိုယ်က မိတ်ကပ် ချစ်သူ ဖြစ်နေပါပြီ။ အမြဲတမ်းဝယ်နေမိတဲ့ သူ တွေကို မေးကြည့်လိုက်ရင် ဒီလိုဝယ်ရတာ ပျော် စရာကောင်းတယ်၊ အချိန်တွေဘယ်လိုကုန်နေမှန်းကိုမသိဘူး။ သူကြော်ငြားထားတဲ့အတိုင်း ကိုယ် လည်းလှချင်သွားတယ် လို့ ဖြေကြတာ များပါတယ်။ တကယ်ပိုကုန်တဲ့အရာက မျက်လုံးခြယ်တဲ့ ရှဲဒိုး၊ လိုင်နာချောင်းတွေပါပဲ။ သူတို့က အရောင်စုံ ပုံစံ မျိုးစုံ အဆက်မပြတ် ထုတ်နေတာကြောင့် ကိုယ့်မှာ ရှိပြီးသားလည်း မကွဲပြားတော့ပဲ ထပ်ထပ်လိုချင် နေမိအောင် ဖြစ်နေတာပါ။  မိတ်ကပ်ရည်၊ ပေါင်ဒါ အသစ်ထွက်တိုင်း ဘယ်လိုကောင်းကြောင်း သိချင် လို့ဆိုပြီး ၀ယ်ဝယ်နေမိကြတယ်။
    အမှတ်တံဆိပ်ချစ်သူတွေ - နာမည်ကြီး brand တစ်ခုကနေ အသစ်ထွက်တိုင်း ယုံယုံကြည် ကြည်နဲ့ ၀ယ်သုံးချင်နေတဲ့ သူတွေပါ။ Brand အပေါ် မှာ သစ္စာရှိသူတွေလို့လည်း ပြောလို့ရပါတယ်။  ကိုယ်သုံးတဲ့ပစ္စည်းက ကိုယ့်အသားရေပေါ်မှာ ဘယ်လောက် အထောက်အပံ့ ပေးနိုင်မလဲဆိုတာ ကို သေချာကွဲပြားအောင်သိမှ Brand ကို စီးရီးလိုက် သုံးသင့်ပါတယ်။
     Brand - အားသားချက် - အရည်အသွေး မြင့်မားတဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ပဲ ထုတ် လုပ်ထားတယ်၊ အရောင်အသွေး လိုချင်တဲ့အတိုင်း ထွက်တယ်၊ သဘာဝဆန်တဲ့ ကာလာထုတ်တာ ကြောင့် နေရာတိုင်းနဲ့သင့်တော်တယ်၊ ထုတ်ပိုးမှု ပုံစံ ကောင်းမွန်ရိုးရှင်းတယ် ၊ လူကြားထဲမှာ ထုတ်သုံးရင် အထင်ကြီးကြတယ်၊
    အားနည်းချက် - ဈေးကြီးတာပေါ့၊ ကန့်သတ် ထုတ်တဲ့ ပစ္စည်းဆို အကုန်မြန်တယ်၊ အရောင်အ သွေး အသစ်ထုတ်တာမျိုးသိပ်မရှိ၊ အသစ်တစ်ခု နဲ့တစ်ခု ထွက်တဲ့အချိန်နီးကြတယ်၊ ၀ယ်ပြီးရင် လိုက်ဖက်ရင်တော်သေး မလိုက်ရင်ဆက်သုံးဖို့ မ သုံးဖို့ ခေါင်းစားရ။
    မိတ်ကပ်ပစ္စည်းကို စ၀ယ်တဲ့အချိန်မှာပဲ အခက်အခဲရှိတာပါ၊ နောက် သုံးတာများလာတဲ့ အခါ အ၀ယ်တော်ဖြစ်သွားပါတော့တယ် (အ၀ယ် တော်ဆိုတာက ကိုယ်နဲ့လိုက်တာကို ရွေးဝယ်တာ မျိုးပေါ့)။ အလှကုန်ဈေးကွက်ထဲမှာ နာမည်ပေါင်း များစွာနဲ့ အလှကုန်ပစ္စည်းပေါင်းများစွာ ရှိတာကြောင့် ၀ယ်ချင်တဲ့ ဆန္ဒပြင်းပြမှုကို ချိုးနှိမ်ပြီး သေချာလေ့လာပါဦးနော်။
    ဘယ်အသက်မှာ ဘာကိုကြိုက်မလဲ - အခုနေ စစ်တမ်းကောက်ကြည့်မယ်ဆိုရင် အသက်(၂၀) နဲ့ ၂၀အောက်အရွယ်အတွင်းက Stila / Nars / Trish & Bobbi Brown  ၊ အသက် (၂၀)ကျော်အရွယ် တွေက Chanel /MAC / Dior / Armani ၊ အသက် (၃၀)နဲ့ အကြီးပိုင်းတွေက Paul & Joe / Edward Bess / Dolce & Gabbana / Chanel / Bobbi Brown / Armani ဆိုပြီးတွေ့ရပါတယ် ( ဒါဟာ ကမ္ဘာ တစ်ဝှမ်း နှစ်သက်မှုအပေါ်ကြည့်ပြီး တွက်ထားတာပါ) ။

အမျိုးသမီးတစ်ယောက်အပေါ် လွှမ်းမိုးထားနိုင်တဲ့မိတ်ကပ်ဆိုတာဘာလဲ
    မိတ်ကပ်ပြင်လိုက်တာနဲ့ ချက်ချင်းဆိုသလို မင်းသမီးလေးတစ်ပါး ဒါမှမဟုတ် ဘုရင်မကြီး တစ် ပါးလို့ ခံစားမှုပြောင်းလဲသွားစေပါတယ်။ အဓိက ကတော့ ယုံကြည်မှုရှိသွားတာပါ။ ပြီးတော့ ဆွဲ ဆောင်မှု ရှိသွားတာပါ။ ဒါကြောင့်လည်း အလှ ကုန် လောကကြီးက အဆက်ပြတ်သွားသည်မရှိ အသစ် အသစ် ထွက်ပေါ်ကာ သူ့ထက်သူထုတ်လုပ် ဖြန့် ချိရောင်းချနိုင်ကြတာပါ။ လက်ရှိမှာတော့ မီဒီ ယာ ရုပ်သံကြော်ငြာတွေရဲ့ ထုတ်လွှင့်ဖြန့်ချိမှုက တော့ ဆွဲဆောင်အား အကောင်းဆုံးပါပဲ၊ ကမ္ဘာ ပေါ်မှာ လက်ရှိနာမည်ကျော်လည်းဖြစ် လူကြိုက် အများဆုံးလည်းဖြစ် ဘယ်တော့မှမရိုးရတဲ့ အလှ ကုန်တွေကို ထုတ်လုပ်နိုင်တာလည်းဖြစ်တဲ့ ကမ္ဘာ ကြီးကို လွှမ်းမိုးထားတဲ့ အလှကုန်(၁၀)မျိုး အကြောင်းဖော်ပြပေးသွားပါမယ်။

-    Christian Dior >>  ၁၉၄၆ ခုနှစ်မှာ Christian Dior က ဖက်ရှင်ဆိုင်အဖြစ် စတင်ခဲ့ပါတယ်။ ဒီ အမှတ်တံဆိပ်က အခုအချိန်မှာ လူသုံးအများဆုံး ဖြစ်နေပါပြီ။ တံဆိပ်ရဲ့တန်ဖိုးကြီးမှုကတော့ ၂.၉ ဘီလီယမ် ရှိတယ်လို့ သိရပါတယ်။ ပြင်သစ်
တံဆိပ်အဖြစ် ဖက်ရှင်အ၀တ်အစားနဲ့ အလှကုန် တွေကို ဦးဆောင်ထုတ်ဖော်တဲ့ တံဆိပ်အဖြစ် ကမ္ဘာ ပေါ်မှာ ထင်ရှားပါတယ်။ နှစ်စဉ် ဒေါ်လာဘီလီ ယမ်နဲ့ချီအောင် ရောင်းချနေရပြီး Dior ဆိုရင် မျက် တောင်ကော့ဆေးနဲ့ နှုတ်ခမ်းနီကို လူသိများ ကြပါတယ်။  မင်းသမီး Jessica Alba ၊ Kristen Bell ၊  Denise  Richard တို့ အသည်းစွဲတံဆိပ်ပါပဲ။

-    Biore >> ဒီကနေ့ အလှကုန်ဈေးကွက်ထဲ မှာ Biore ဆိုရင် လူတိုင်းသိပါတယ်။ တံဆိပ်ရဲ့ တန်ဖိုးကြီးမှုက ဒေါ်လာ ၃.၄ ဘီလီယမ်လို့ ခန့်မှန်း တွက်ကြပါတယ်။ နဂိုမူလက ဂျပန်နိုင်ငံကနေ စတင်ခဲ့ပြီး မျက်နှာသစ်ဆေး၊ မိတ်ကပ် ဖျက်ဆေးနဲ့ ဆားဝက်ခြံကပ်ဆေးတို့မှာ အခြားအလှကုန်တွေ ထက် လူကြိုက်များတာ တွေ့ရပါတယ်။ ဒီလို အသုံးတည့်လို့လည်း မင်းသမီး Emily Rossum ၊ Emilia Clarke ၊ Shay Mitchell တို့ရဲ့ အသည်း စွဲပါ။


-    Estee Lauder >> မိတ်ကပ်၊ ရေမွှေး၊ skincare နဲ့ ဆံပင်အလှကုန်တွေနဲ့ ပတ်သက်ရင် ဒီ အမှတ်တံဆိပ်က အကောင်းဆုံးပါ။  Estee Lauder ဟာ သူ့ရဲ့မောင် Leonard ၊ Ronald Lauder တို့နဲ့ အတူ ဒီအလှကုမ္ပဏီကြီးကို စတင်ခဲ့ပါ တယ်။ ဌာန ချုပ်ကိုတော့ နယူးယော့ခ်မြို့မှာ အခြေစိုက်ထား ပြီး အခုဆိုရင်  နိုင်ငံပေါင်း (၁၅၀)မှာ ဒီအလှကုန် ကို ၀ယ်ယူလို့ရနေပါပြီ။ Estee Lauder အလှကုန် ကုမ္ပဏီမှာ Estee Lauder တံဆိပ်အပြင် Clinique ၊ Origins ၊ Bobbi Brown ၊ Aramis စတဲ့ တံဆိပ် တွေကို ရောင်းချပေးနေပါတယ်။အမှတ်တံဆိပ်ရဲ့ တန်ဖိုးကြီးမှုကတော့ ဒေါ်လာ် ၃.၈ ဘီလီယမ် ရှိတယ်လို့ခန့်မှန်းပြောဆိုကြပါတယ်။
    ဒါ့အပြင် Estee Lauder ဟာ အလှအပ နဲ့ ရေမွှေးတို့ရဲ့ Global Licensee ရရှိပြီးသား ဖြစ် တာကြောင့် coach ၊ Tommy Hilfiger ၊ Donna Karan ၊ Tom Ford ၊ Michael Kors  စတဲ့ အမှတ် တံဆိပ် အလှကုန်များကို လည်း ရောင်းချပေးနေပါ တယ်။ ဒါကြောင့် ဒီအမှတ်တံဆိပ်ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးကိုတော့ အထူးရှင်းပြပေးစရာ မလို တော့ပါဘူးနော်။ မင်းသမီးကြီးတွေဖြစ်တဲ့ Elizabeth Hurley / Gwyneth Paltrow / Carolyn Murphy တို့က ဒီ brand ရဲ့ Loyal Customer တွေဖြစ်နေကြတာပါပဲ။


-    Dove >> ငှက်ပုံစံတံဆိပ်လေးနဲ့ ဒီအလှ ကုန်ကတော့ အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ် ၀ယ် သုံးနေရတဲ့အထဲမှာ ပါပါတယ်။ လူသုံးကုန် ပစ္စည်း တွေကို အသုံးဝင်အောင် အရည်အသွေးကောင်း ကောင်းနဲ့ ထုတ်လုပ်ဖြန့်ချိပေးနေတာပါ။ ၂၀၁၃ ခုနှစ်ရဲ့ ခန့်မှန်းတွက်ချက်မှုအရတော့ တံဆိပ်ရဲ့ တန်ဖိုးကြီးမှုဟာ ဒေါ်လာ ၄.၂ ဘီလီယမ်လောက် ရှိမယ်လို့ ပြောကြပါတယ်။ Unilever အုပ်စုမှ ဒီ အမှတ်တံဆိပ်ကို ပိုင်ဆိုင်ပြီး ကမ္ဘာပေါ်မှာ သုံးစွဲ သူအကြိုက်ကို အထုတ်လုပ်ပေးနိုင်ဆုံး အကြီးမား ဆုံး ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၃၅)နိုင်ငံကို ဖြန့်ဖြူးရောင်းချပေးနေပြီး ရေချိုး ဆပ်ပြာရည်၊ ကိုယ်လိမ်းခရင်မ်နဲ့ မျက်နှာသစ်ဆပ် ပြာတို့ကတော့ လူကြိုက်အများဆုံး ပစ္စည်းတွေ ပါပဲ။ Edyta Jungowska ၊ Ewa Kasprzyk တို့က တော့ ဒီ  Dove ကို အသည်းစွဲဖြစ်ကြပြီး Pro-Age Cream Oil Lotion နဲ့ Dove damage therapy moisture shampoo ကတော့ စဉ်ဆက်မပြတ် ရောင်းချပေးနေရတဲ့ လူအကြိုက်ဆုံး ပစ္စည်းတွေ ပါပဲ ဆိုတာလေး ပြောပြ လိုက်တယ်နော်။


-    Avon >> ဒီအမှတ်တံဆိပ်ရဲ့ တန်ဖိုးကြီးမှု ကတော့ ဒေါ်လာ ၅.၁၆ ဘီလီယမ်ရှိတယ်လို့ ခန့် မှန်းပြောကြပါတယ်။ ၁၈၈၆ ခုနှစ်ကတည်းက စတင်ခဲ့တာမို့ သက်တမ်းအားဖြင့် ရာချီခဲ့ပါပြီ။ David H, McConnell, Avon တို့က စတင် ဦးဆောင်သူတွေဖြစ်ပြီး အဲ့ဒီခုနှစ်ပိုင်းကတည်း ဒေါ်လာ(၁၀)ဘီလီယမ်တန်ဖိုး ရှိခဲ့တာပါ။ ဒီ brand ရဲ့ သာလွန်ကောင်းမွန်တဲ့ အလှကုန်တွေဟာ နှစ်စဉ်ရောင်းအားကို တိုးတက်ကောင်းမွန်လာစေခဲ့ပါတယ်။ အဆိုတော် မင်းသမီးတွေဖြစ်တဲ့ Fergie ၊ Keri Hilson ၊ Salma Hayek & Reese Wither-spoon တို့က နှစ်သက်ကြပါတယ်။


-    Lancome >> ပြင်သစ် အဆင့်တန်းမြင့်အလှကုန်တံဆိပ်ဖြစ်တဲ့ Lancome ကို ၁၉၃၅ ခုနှစ် မှာ Armand Petitjean က စတင်ခဲ့တာဖြစ်ပြီး ဒီတံဆိပ်ဟာ အခုချိန်မှာဆိုရင် ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးမားဆုံး  skincare / makeup / fragrance ဖြစ်ပါတယ်။ Genifique eye(activating eye concentrate)၊ Visionnaire (advanced skin corrector) စတဲ့ အလှကုန်များ အပါအ၀င် အခြား ပစ္စည်းများဟာ ဒေါ်လာ ၁၃၀ အထက်မှာရှိတာ ကြောင့် ဈေးအကြီးဆုံး အမျိုးအစား မှာ ပါဝင်သွား တာပါ။ ဒီလိုဈေးကြီးတဲ့ အလှကုန်ကိုလည်း နာမည် ကြီး(အေ)စာရင်းဝင်များဖြစ်တဲ့ Julia Roberts / Penelope Curz / Kate Winslet တို့က ၀ယ်ယူ အသုံးပြုကြပါတယ်။ နှစ်စဉ် ဒေါ်လာ ၄ ဘီလီယမ် ချီအောင် ရောင်း ချနေရတာကြောင့်လည်း ကမ္ဘာနဲ့ တစ်ဝှမ်းမှာ Brand ကိုနှစ်သက်သူတွေ ပေါများတယ်ဆိုတာ သိနိုင်ပါတယ်။


-    Nivea >> နေဗီယာ ဆိုတာနဲ့ မျက်နှာသန့် စင်ဆေးကို မြင်ယောင်မိကြမှာပါ။ ဟုတ်ပါတယ် ဒီတံဆိပ်ဟာ skin & body ပိုင်းဆိုင်ရာမှာ နာမည် ကြီး တံဆိပ်တစ်ခုပါ။ Carl Paul Beiersdorf ဆို သူ ပိုင်ဆိုင်တဲ့ ဂျာမန်ကုမ္ပဏီဖြစ်ပြီး ၁၈၈၂ မှာ
စတင်ခဲ့တာကြောင့် နှစ်ပေါင်းရာချီအောင်မြင် ကျော်ကြားနေခဲ့တာပါ ။  ၁၉၃၀ ရောက်တဲ့အခါမှာ တော့ သူဟာ အမျိုးသားသုံး Shaving cream များ နဲ့ မျက်နှာလိမ်း တိုနာ၊ အဆီတို့ကို စတင်ဖြန့်ချိ ရောင်းချမှု လုပ်ခဲ့ပါတော့တယ်။ အဲ့ဒီကတည်း က အလှကုန်ဈေးကွက်မှာ Nivea ဟာ လူသိများထင် ရှားပြီး စဉ်ဆက်မပြတ် ရောင်းချနေခဲ့ရတာပါ။ အလှ ကုန်တွေကို ဈေးနှုန်းအနိမ့်မှအမြင့်၊ အမြင့်မှအနိမ့် ဆိုပြီး စုံလင်အောင်ထားပြီး ရောင်းချပေးပါတယ်။ တံဆိပ်ရဲ့ တန်ဖိုးကြီးမားမှု ကတော့ ဒေါ်လာ ၅.၈ ဘီလီယမ်ချီအောင် တန်တယ်လို့ ခန့်မှန်းပြောဆို ကြပါတယ်။ အခုချိန်ဆိုရင်တော့ ဒေါ်လာ ၈ ဘီလီ ယမ်ကျော်အောင် တန်တယ်လို့လည်း ပြောကြ ပြန်ပါတယ်။ အဆိုကျော်ဖြစ်တဲ့ Rihanna / Khole Kardashian တို့က ဒီတံဆိပ်ကို ကြိုက်ကြပါတယ်။


-    Neutrogena >> အမေရိကန် အလှကုန် တံဆိပ်ဖြစ်ပြီး ကမ္ဘာနဲ့တစ်ဝှမ်း နိုင်ငံပေါင်း (၇၀) မှာ ရောင်းချပေးနေပါတယ်။ တံဆိပ်ရဲ့ တန်ဖိုးကြီး မားမှုကတော့ ဒေါ်လာ ၆.၉ ဘီလီယမ်ရှိပါတယ်။ ၁၉၃၀ ခုနှစ်ကတည်းက Neutrogena ဟာ အခြား တန်ဖိုးကြီးမားတဲ့ အလှကုန်တွေထက် လွှမ်းမိုးပြီး ဈေးကွက်နေရာ ရခဲ့ပါတယ်။ အကောင်းဆုံး Moisturizer နဲ့ Anti-Wrinkle ခရင်မ် ဆိုရင် Neutrogena ဟာ နာမည်ကြီးပါပဲ။ အမျိုးသမီးတိုင်းရဲ့ နေ့စဉ် အလှကုန် အသုံးဆောင်တွေ ထဲမှာ မရှိမဖြစ် ဖြစ် တာကြောင့် Diane Lane / Gabrielle Union / Jennifer Garner / Vanessa Hudgens တို့က ကောင်းကြောင်း ထောက်ခံကြပါတယ်။


-    L’oreal >>  ကမ္ဘာပေါ် အလှအပနဲ့ ပတ်သက် လာရင် အကြီးမားဆုံး အဖွဲ့အစည်းဖြစ်ကြောင်း ယုံမှားဖွယ်မရှိပါဘူး။ ပြင်သစ်အခြေခံပြီး စတင်ခဲ့ တဲ့ ဒီကုမ္ပဏီရဲ့ တန်ဖိုးကြီးမားမှုကတော့ ဒေါ်လာ ၈.၆၉ ဘီလီယမ်ရှိကြောင်း ခန့်မှန်းပြောဆို ကြပါ တယ်။ L’oreal ရဲ့အနောက်မှာတော့ Maybelline NY / Softsheen / Carson / Garnier အမှတ်တံဆိပ် တွေကို ထုတ်လုပ်ရောင်းချပါသေးတယ်။ ၀ယ်ယူ သုံးစွဲသူ အနိမ့်အမြင့်အလိုက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် ထုတ်လုပ်ပေးပါတယ်။ ဒါ ကြောင့်မို့လို့လည်း Jennifer Lopez နဲ့ Beyonce လို အဆိုတော်တွေရဲ့မရှိမဖြစ် အသုံးအဆောင်အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။


-    Olay >> နောက် လူတိုင်းသိပြီး သုံးစွဲဖူး ကြတဲ့ တံဆိပ်တစ်ခုကတော့ Olay ပါပဲ။ ကမ္ဘာ့ နေရာ အနှံ့အပြားမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ အဆို တော် Kelly Rowland နဲ့ Carrie Underwood တို့ ကတော့ Olay ရဲ့အရည်အသွေးမြင့် ပစ္စည်းကို
နှစ်သက်သူတွေထဲမှာ ပါပါတယ်။ သူထွက်ရှိတဲ့ အထဲမှာ Olay Regenerist Micro Sculpting Cream ကလူသိများပြီး ကောင်းမွန်လို့ လူတိုင်းသိကြပါတယ်။

ကမ္ဘာပေါ်က ဈေးကြီးတဲ့ အမှတ်တံဆိပ်(၁၀)မျိုး
    အခုဖော်ပြပေးမယ့် အလှပြင်ပစ္စည်းတွေက အထက်မှာဖော်ပြခဲ့သလို ကမ္ဘာကြီးကိုလွှမ်းမိုး မထားနိုင်သေးပါဘူး၊ နေရာတိုင်းမှာလည်းဝယ်လို့ မရသေးပါဘူး။ ဒါပေမဲ့ သူတို့တွေက ဈေးကြီးတယ်၊ လူကြိုက်များတယ်။ ဈေးနှုန်းမြင့်တဲ့ Expensive Cosmetics လို့ ပြောရမယ့် အမျိုးအစားတွေပါ။ ဈေးကြီးပေမယ့်လည်း လူကြိုက်များလို့ ရောင်းနေ ရတဲ့ ဈေးကြီးမိတ်ကပ်(၁၀)မျိုးကို ဖော်ပြပေးသွား ပါမယ်။

-    Smashbox >> ဒီမိတ်ကပ်အမျိုးအစားက တော့ နှုတ်ခမ်းနဲ့ မျက်လုံးပိုင်းကို အသားပေး ပြင် ဆင်ဖို့အတွက် ထုတ်လုပ်ထားတာပါ။ ဟောလိဝုဒ် ရဲ့ စတားများအကြိုက် ဖြစ်ပါတယ်။ ဓာတ်ပုံရိုက် တဲ့အခါမျိုး ၊ မီးရောင်အောက်ဝင်တဲ့ အခါမျိုးမှာ ဒီမိတ်ကပ်က သိပ်အဆင်ပြေပါတယ်။
-    Nu Skin >> Anti Ageing ပစ္စည်းတွေကို ဦးဆောင်သွားနိုင်တဲ့ အမှတ်တံဆိပ်တစ်ခုပါ။ နိုင်ငံ ပေါင်း (၅၃)နိုင်ငံမှာ ၀ယ်ယူရရှိနေပါပြီ။ Antioxidant level များစွာပါဝင်ပြီး ရနံ့ပါဝင်ခြင်း မရှိပဲ အသားအရေရဲ့ လိုအပ်ချက်ကို ထိထိမိမိဖြည့်
ဆည်းပေးတဲ့ ပစ္စည်းမျိုးတွေပဲ ထုတ်ပါတယ်။ နေ ရောင်ခြည်မှလည်း လုံလောက်စွာ ကာကွယ်ပေးပါ တယ်။
-    Oriflame >> ဆွီဒင်က Jochnick ဆိုတဲ့ ညီအစ်ကို ၂ ဦးက ၁၉၆၇ ခုနှစ်မှာစတင်ခဲ့တဲ့ အမှတ် တံဆိပ်ပါ။ ပိုက်ဆံပေးရတာနဲ့တန်တဲ့ အကျိုးကျေးဇူးကို ချက်ချင်းရရှိတဲ့ ကုန်ပစ္စည်းတွေကြောင့် လူသိများပါတယ်။
-    Elizabeth Arden >> ဒီအမှတ်တံဆိပ်ကတော့ အမေရိကန် အမျိုးသမီးတွေကြားမှာ မရှိမဖြစ် လိုအပ်နေတဲ့ အပြစ်အနာဆာကင်းတဲ့ မိတ်ကပ်ကို ပို့ပေးနိုင်ခဲ့ပါတယ်။ နှုတ်ခမ်းနဲ့ မျက်တောင် ကော့ဆေးမှာလည်း အထူးထုတ်လုပ်ထား တာ ကြောင့် ယနေ့အချိန်မှာ အလွန်နာမည်ကြီးနေပါ တယ်။
-    Artistry >> ဒီတံဆိပ်ကတော့ တီတွင်နိုင် တဲ့ လင်မယား ၂ ယောက်က စတင်ခဲ့တာပါ။ အလှ အပ ပြင်တဲ့နေရာမှာ အသားရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး အားဖြည့်ပေးနိုင် အောင်ပြုလုပ်ဖို့ အကြံတွေနဲ့ ထုတ်လုပ်ခဲ့တာပါ။ အာဖရိကမှ အသီးအနှံတွေနဲ့ မြေထဲပင်လယ်ဒေသ
က အပင်တွေကို ထည့်သွင်းဖော်စပ်ထားတာ ကြောင့် ဈေးကြီးတာလည်း မပြောပါနဲ့တော့။
-    Estee lauder >> နယူးရော့ခ်မှာ ၁၉၄၆ ခုနှစ်က စတင်ခဲ့တဲ့ အမှတ်တံဆိပ်။ ကမ္ဘာတစ်ဝှမ်း မှာ သူ့ကိုနေရာတိုင်းမှာ ၀ယ်ယူလို့ရအောင်ကို ဈေး ကွက်ကြီးမားလွန်းပါတယ်။ နှုတ်ခမ်းနီ မိတ်ကပ် ရေမွှေး ဘာမဆို သူ့ဆီမှာဝယ်လို့ရပါတယ်။
-    MAC >> ဒီတံဆိပ်ကတော့ အလှပြင်တဲ့သူ တွေ အကြိုက်ပါပဲ။ ဈေးကြီးတယ်၊ အကျိုးထူးတယ် အဲ့ဒီတော့ မိတ်ကပ်ချစ်သူတွေ ၀ယ်သုံးကြပါတယ်။ ဈေးမြင့်တဲ့ အလှကုန်ဈေးကွက်ထဲမှာ သူလည်းပါ ပါတယ်။ ပစ္စည်းအသစ်တွေကိုလည်း ထုတ်လုပ် ပေးနိုင်တယ်။
-    L’oreal >> ကြီးမားတဲ့ ဒီအုပ်စုကုမ္ပဏီကြီး ရဲ့ အဆက်မပြတ် ထုတ်လုပ်ရောင်းချပေးနိုင်မှုက လည်း အံ့မခန်းပါပဲ။ ၀ယ်ယူသူတွေရဲ့ ထပ်ထပ် လိုချင်မှုတွေကို အမြဲတမ်းရှိစေနိုင်အောင် တီတွင်ကြံဆနိုင်ကြပါတယ်။
-    Mary Kay >> ၁၉၇၁ ခုနှစ်သြစတြီးလျမှ စတင်ခဲ့တဲ့ တံဆိပ်ဖြစ်ပေမယ့် အခုထက်ထိ လူသိများပြီး ရောင်းချနေရပါတယ်။ အသားရေထိန်းအလှကုန် ပစ္စည်းများရဲ့အာနိသင်ကောင်းမွန်မှု ကြောင့် အမျိုးသမီးတိုင်း လိုချင်တောင့်တတဲ့ တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
-    Chanel >> ၁၉၀၉ ခုနှစ် ပြင်သစ်နိုင်ငံမှာ Coco Chanel ဆိုသူက စတင်ခဲ့တဲ့တံဆိပ်။ အဲ့ဒီ ကတည်းက တစ်ကမ္ဘာလုံးနဲ့ သင့်တော်ကောင်းမွန် တဲ့ အလှကုန်တွေ အဆက်မပြတ် ထုတ်လုပ်ဖြန့်ချိခဲ့တယ်။ ဒါပေမဲ့ ဒီအလှကုန်တွေ က ဈေးကြီးတယ်၊ အမျိုးသမီးတွေကလည်း တန်ဖိုးထားပြီး ဂုဏ်ယူသုံး စွဲကြပြန်ရော။