Primary tabs

အမျိုးသမီးတို့ စိတ်ဝင်စားလာသော အဖြူရောင် မိတ်ကပ်

    အဖြူရောင်မိတ်ကပ်ကို မျက်နှာမှာထည့် သွင်းခြယ်ဖို့ဆိုတာ ဟိုအရင်တုန်းကတော့ စဉ်း တောင် စဉ်းစားမိမယ် မထင်ဘူးနော်။ အခုတော့ ခေတ်ရဲ့ ရွှေ့လျားပြောင်းလဲခြင်းကနေ ဖန်တီးမှု အသစ်တွေကို ပေါင်းစပ်ပြီး အဖြူရောင်မိတ်ကပ်ကို ၂၀၁၄ နှစ်ကုန်ပိုင်းလောက်ကနေ runway လမ်းမ ပေါ်တွေမှာ မြင်တွေ့ခဲ့ရပါပြီ။ အဖြူရောင်မျက်နှာ ခြယ်တာမျိုးကို အရင်တုန်းကတော့ ဂျပန်ဂေးရှာ မယ်တွေမှာ မြင်တွေ့ဖူးကြမှာပါ။ မျက်နှာကို အဖြူရောင်ပါတဲ့ မိတ်ကပ်လိမ်းပြီး နှုတ်ခမ်းကို ရဲနေအောင် ဆိုးထားတဲ့ပုံစံပါ။ ဒါဟာမိန်းကလေး တစ်ယောက်ရဲ့အလှကို အစွမ်းကုန်ဖွင့်လှစ်ပြထား တဲ့ သဘောလို့တော့ မြင်မိပါတယ်။

    အဖြူရောင် ဒါမှမဟုတ် ငွေရောင်ကို မျက်လုံး မှာ ဟိုက်လိုက်သုံးတာမျိုးကတော့ နေ့စဉ်အလှပြင် တဲ့နေရာမှာ ထည့်ပြင်လို့ရတဲ့အပိုင်းပါ။ မျက်လုံး အောက်ဘက် အတွင်းလိုင်းကို အဖြူရောင်ထည့် ပေးခြင်းဖြင့် မျက်လုံးကိုပိုပြီး ကြီးသယောင်ဖြစ် တဲ့အတွက် မျက်လုံးသေးသူများနဲ့ မျက်ဝန်းကိုခပ် ကြီးကြီးဖြစ်ချင်သူများ ပြင်လို့ရပါတယ်။ မျက်ဝန်းရဲ့အပေါ်ဘက်ရှဲဒိုးမှာလည်း အိုင်းလိုင်နာအဖြစ် ဖက်ရှင်စတိုင်လ်ကို ဖော်ကျူးနိုင်ပါတယ်။
    အခု မော်ဒယ်လ်လျှောက်လမ်းပေါ်မှာ မြင် တွေ့မိတဲ့ စတိုင်လ်ကတော့ အဖြူရောင်အိုင်းလိုင် နာဆွဲပြီး ခြယ်တာမျိုး၊ နှုတ်ခမ်းနီ အဖြူရောင်ဆိုး တာမျိုး၊ မျက်ခုံးမွှေးကို အဖြူရောင်ခြယ်တာမျိုး တွေပါ။ အဖြူက အရောင်တွေထဲမှာ ထင်းပြီးတော့ သန့်ရှင်းတဲ့ပုံစံကို ဖြစ်စေတာမို့ ဖက်ရှင်ချစ်သူ များက နှစ်သက်ကြပါတယ်။ ၂၀၁၅ နှစ်လယ် ရောက်ချိန်မှာလည်း ဆက်လက်ပြီး အဖြူရောင်ကို ရှုစားနေရတာကြောင့် ဘာတွေထပ်ပြီး ဆန်းသစ် လာဦးမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲနော်။