Primary tabs

မျက်နှာကျအလှ ပေါ်လွင်တဲ့ Contour

    အမျိုးသမီးထုကြား လက်တလောခေတ် စားနေတဲ့ မိတ်ကပ် contouring စတိုင်လ်ကို ယခု လအတွက် ရွေးချယ်တင်ဆက်ထားပါတယ်။ ဒီ မိတ်ကပ်လိမ်းနည်းဟာ မျက်နှာကို ပလက်စတစ် ဆာဂျီ လုပ်စရာမလို၊ V shape ဖြစ်ရန် ဆေးထိုး
စရာမလိုတဲ့  လိမ်းနည်းပါ။ သွယ်လျလှပတဲ့ မျက်နှာ ပုံစံဖြစ်အောင် ဘယ်လိုလိမ်းခြယ်သွားမလဲဆိုတာ အောက်မှာအဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်။

Model - Hnin Pwint

H&M - Kyaw Moe
Cosmetic - Silky Girl
Photo - LMN

Contouring Style ကိုဘယ်လိုလိမ်းရမလဲ


    အခုပြောပြပေးသွားမယ့် အကြောင်းအရာ ကတော့ contour ကိုဘယ်လိုလိမ်းရမှာလဲ၊ ဘာပစ္စည်းတွေလိုအပ်မလဲ ဆိုတာပါ။ ဒီမိတ်ကပ် စတိုင်လ်ကမ္ဘာကျော်လာခဲ့တာ သိပ်တော့မကြာ သေးပါဘူး။ ဒီလိမ်းခြယ်မှုမှာ လူကြိုက်များတဲ့
ဟောလိဝုဒ်စတားမမတွေက ကင်မ်ခါဒါရှီးယန်းနဲ့ အန်ဂျလီနာဂျိုလီပါ။ ဇာတ်ကားပေါ်မှာပဲဖြစ်ဖြစ်  ရုပ်ရှင်အကြိုပြပွဲတွေမှာဖြစ်ဖြစ် သူတို့ကိုတွေ့ရ တဲ့အခါ မျက်နှာကျထင်းနေပြီး လှပနေတာကို တွေ့ ရမှာပါ။ ဒီအလှအပရဲ့ နောက်ကွယ်က လျှို့ဝှက် ချက်ကတော့ contouring ကြောင့်ပါပဲ။ မေးရိုး သွယ်သွယ်၊ နဖူးပြင်ကျဉ်းကျဉ်း၊ နှာတံရိုးမြင့်မြင့် ဒီအချက်တွေက ရုပ်ကိုနုပျိုစေပြီး မျက်နှာအလှ ကို တင်းရင်းပေါ်လွင်စေပါတယ်။ သူ့ကိုလိမ်းခြယ် တဲ့အခါမှာ သိထားသင့်တဲ့ နည်းလမ်းလေးတွေ ရှိ ပါတယ်။
    အောက်ခံမိတ်ကပ် လိမ်းပြီးနောက်မှာ contour ကို စတင်လိမ်းနိုင်ပါပြီ။ မျက်နှာပြင် ရဲ့အစိတ်အပိုင်း ၁ မျိုးခြင်းစီအတွက် ဘယ်လိုလိမ်း ခြယ်ရမလဲဆိုတာကို ရှင်းပြသွားပါမယ်။

Lip Contouring >> ထူထဲပြီး ဖောင်းဖောင်းလေးနဲ့လှပတဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းကိုလိုချင် တယ်ဆိုရင် နှုတ်ခမ်းပေါ်ကို အရင်ဆုံး shimmer ပါဝင်တဲ့ နှုတ်ခမ်းနီ ဒါမှမဟုတ် lip gloss အရောင် ဖျော့လိမ်းပါ။ ပြီးမှ နှုတ်ခမ်း၂ လွှာရဲ့အလယ်ကို highlight လေးထည့်လိုက်ပါ။ (ဒါဟာ နှုတ်ခမ်းကို ကြွရွပြီး ထူထဲသွားစေပါတယ်)

Nose contouring >> မျက်ခုံးနှစ်ခုရဲ့အလယ် နှာတံထိပ်ကနေ အောက်တောက်လျှောက်ကို highlight ခြယ်ပေးပါ။ ပြီးမှနောက်တစ်ဆင့် မျက်ခုံးအတွင်းထောင့်/ တစ်နည်းအားဖြင့် နှာတံဘေး ပေါ့နော်၊ အဲဒီတလျှောက်ကို ဘရပ်ရှ်အသေးလေး
နဲ့ အရောင်ခပ်ညိုညို ကာလာခြယ်ပေးပါ။ ၂ ဖက်ကို အပြန်အလှန် ခြယ်ပေးပြီးပြီဆိုမှ ပေါင်ဒါ ဘရပ်ရှ်နဲ့ နှာတံဘေးမှ ပါးပြင်ပေါ်သို့ ကာလာ ဖြန့်ပေးပါ။ (အရောင်ညီသွားအောင် ဘရပ်ရှ်နဲ့ဆွဲခိုင်းခြင်း ဖြစ်ပါတယ်)။ ဒါဆိုရင်တော့ သေးသွယ်ပြီး နှာတံမြင့်မြင့်လေးပုံစံရပါပြီ။

Cheekbones contouring >> ပါးနီထဲမှ ကာလာအရင့်ဆုံး/ ဒါမှမဟုတ် ပေါင်ဒါအညိုနဲ့ နား သယ်စပ်ကနေ ပါးမို့အောက်အထိ တောက် လျှောက်ဆွဲလိုက်ပါ။ အရောင်ခပ်ထင်းထင်း ဖြစ် နေပါလိမ့်မယ်။ ဆွဲပြီးမှ Blush Brush နဲ့ ပြန်ပြီး
blend (ကာလာဖြည်)ပေးပါ။ ပါးမို့နဲ့ အစောကဆွဲ ထားတဲ့နားကို ကာလာအဖျော့လေးနဲ့ အရောင် ရောယှက်သွားအောင် သဘာဝကျကျလေး ဖြည့်ပါ။

Face contouring >> နဖူး၊ ပါးပြင်ဘေး ၂ ဖက်၊ မေးစေ့နေရာများ တနည်းအားဖြင့် မျက်နှာ၏ အပြင် ဘက်နေရာများကို အရောင်ရင့် မိတ်ကပ်လိမ်းပါ။ မျက်လုံးအောက် နေရာ၊ နဖူးနဲ့နှာတံထိပ်ပိုင်းနေရာ၊ နှာရိုးအလယ်တလျှောက်၊ မေးစေ့ အပေါ်ဘက် (အောက်နှုတ်ခမ်းနဲ့ ကပ်လျက်နေရာ)၊ အပေါ်နှုတ်ခမ်းအပေါ်ဘက်ကို highlight ကာလာဖျော့ထည့်ပါ။

Beauty blender  (ဘဲဥပုံစံ) / ဒါမှမဟုတ် ဘရပ်ရှ်ဖြင့် ကာလာများကို သဘာဝကျကျလေးဖြစ်အောင် ဖြည်ပေးပါ။ ကာလာတွေကိုပွတ်ဆွဲကာ အရောင်လျော့သွားရန်လုပ်ခြင်းပါ။  ပြီးရင်တော့ အပေါ် ကနေ loose powder ကို ပေါင်ဒါဘရပ်ရှ်ဖြင့်လိမ်းလိုက်ပါ။

Do’s & Dont’s
-    Contouring လိမ်းတော့မယ်ဆိုရင် လေဒီ တွေက ကာလာအရင့်ဆုံးတွေကို ကောက်ကိုင်ကြ ပါတယ်။ အမှန်တော့ ဒီလိုကိုယ့်အသားရေနဲ့ မအပ် စပ်ပဲ ကွဲထွက်လွန်းတဲ့ အရောင်တွေကို မရွေးချယ် သင့်ပါဘူး။ ဖောင်ဒေးရှင်းမိတ်ကပ်ကို အရောင် (၂) ရောင်ကွဲထွက်တာမျိုး ရွေးဝယ်ရင်ရပါပြီ။
-    အောက်ခံမိတ်ကပ် ဖောင်ဒေးရှင်းအရင် လိမ်းရမှာဖြစ်လို့ အမျိုးအစားကောင်းကောင်းလေး လိမ်းပေးဖို့ လိုပါတယ်။ ဒါမှ contour ပုံစံပီပီ ပြင် ပြင်ပေါ်မှာပါ။
-    အသားအရမ်းဖြူတဲ့ သူဆိုရင် contour လိမ်းရန်အတွက် medium fair ကာလာ၊ highlight အတွက် very light shade ကိုရွေးရင်ရပါပြီ။
-    အသားအရမ်းညိုတဲ့သူဆိုရင် contour အရောင်ကို ခပ်ရင့်ရင့်မသုံးပါနဲ့။ မျက်လုံးရှဲဒိုးဖြစ် တဲ့ ကာလာအရင့်ကိုပဲ ခြယ်ပေးရင်ရပါတယ်။ အသားညိုတဲ့သူတွေမှာ ရှဲဒိုးဟာ မျက်နှာကျကို ပေါ်လွင်လှပစေပါတယ်။
-    အဓိကအရေးကြီးတာကတော့ မေးရိုးနားရှိ contouring များကို ဘရပ်ရှ်နဲ့ အသေအချာ ပြန်ဖြည်ပေးဖို့ပါ။ မဟုတ်ရင် မျက်နှာဖုံးစွပ်ထား သလိုကြီး ဖြစ်တတ်ပါတယ်။

လိုအပ်သော ပစ္စည်းများ
-    Contouring makeup/ (သို့မဟုတ်) အောက်ခံမိတ်ကပ် အရောင်မတူ (၂) ရောင်
-    Highlight အရောင်
-    Beauty blender / contour brush
-    Powder
-    Blusher brush