Primary tabs

Trips & DIY

    ခရီးတစ်ခုသွားတော့မယ်ဆိုရင် မိန်းကလေး တွေအတွက်က အလှပြင်အသုံးအဆောင်တွေ မပါမဖြစ်ပါဖို့ အရေးကြီးဆုံးပါပဲ။ မရှိမဖြစ်အသုံးလို မယ့် ပစ္စည်းတွေကိုပဲ အသေအချာရွေးချယ်ထည့်သွားသင့်ပါတယ်။ မဟုတ်ရင် အိတ်ကြီးလေးပြီး
လိုအပ်တာတွေ မထည့်နိုင်တာမျိုး ဖြစ်တတ်ပါ တယ်။ ဒီတော့...
((ချုံ့နိုင်သမျှချုံ့ကြရအောင်))

 

Model - Thae Nandar Soe
H&M - Kyaw Moe
Photo - LMN

-    ရေမွှေးပုလင်းလိုမျိုး ကွဲလွယ်တဲ့ ပစ္စည်းမျိုး တွေဆို မယူပါနဲ့ ၊ ပုလင်းအစား ရေမွှေးဝယ်တဲ့အခါ လက်ဆောင်ပေးလေ့ရှိတဲ့ sample ပလက်စတစ်ဗူး သေး (၃၊ ၄ ခါဆွတ်စာလေး) ကို ပေါ့ပေါ့ပါးပါးနဲ့ ထည့်သွားလို့ ရပါတယ်။
-    Shampoo & conditioner ကိုလည်း ၁ ခါသုံးစာ အထုပ်ကလေးတွေ ထည့်သွားမယ်ဆို ရင် အိတ်အလေးချိန် လုံးမ၀မရှိတော့ပါဘူး။
-    နောက်အရေးကြီးတဲ့ သယ်စရာတစ်ခုက body mist - ပလပ်စတစ်လို ဗူးအကြည်လေးတွေနဲ့ Victoria Secrets မှာ တွေ့နိုင်ပါတယ်။ ရေချိုး ဖို့ အချိန်မရှိတဲ့အခါ ပက်ဖြန်းပေးနိုင်ပါတယ်။
-    မျက်လုံးရှဲဒိုး၊ ပါးနီနဲ့နှုတ်ခမ်းနီတို့ကို တစ်ခါ တည်းပါတဲ့ Makeup Palette ကိုသယ်သွားရုံ ပါပဲ။
-    မျက်နှာအတွက်လိမ်းမယ့် ဘရပ်ရှ်ကိုလည်း မျက်နှာအတွက်၊ မျက်လုံးရှဲဒိုးအတွက်၊ မျက်ခုံး အတွက်၃ ချောင်းပါရင် ခြယ်လို့ရပါပြီ။
-    Travel Manicure Kit လေးတွေကိုလည်း ဗူးသေးလေးတွေ ၀ယ်လို့ရနေပြီဖြစ်တာကြောင့် ကိုယ့်ရဲ့ခရီးဆောင်အိတ်ထဲကို အလွယ်တကူ ထည့် သွားလို့ရပါပြီ။
-    Nail Polish Remover လေးများကို အထုပ် ငယ်လေးများနဲ့ သယ်သွားလို့ရပါတယ်။
-    မျက်တောင်ကော့ဆေးနဲ့ eye liner ချောင်း လေးများကို ဆိုဒ်သေးလေးများအဖြစ် ယူသွားလို့ ရပါတယ်။

ခရီးသွားရင်သိထားသင့်တဲ့ လျှို့ဝှက်ချက် (၁၀)ချက်
-    Lip balm တဖြစ်လည်း ထောပတ်ခဲ
    လေယာဉ်ပေါ်မှာပဲဖြစ်ဖြစ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ခရီးသွားတဲ့အခါ နှုတ်ခမ်းတွေခြောက်ပြီး ကပ်နေတတ်ပါတယ်၊ ဒီလိုအချိန်မျိုးဆို နှုတ်ခမ်းနီ matte ဆိုးချင်တဲ့သူတွေအတွက် စိတ်ရှုပ်စရာ ပဲပေါ့။ အဆီပါတဲ့ နှုတ်ခမ်းနီဆိုးခဲ့ရင်တောင် နှုတ်
ခမ်းသားက ဖူးဖူးလေးနဲ့ လှမနေတော့ပါဘူး။ ဒီ လိုဖြစ်နေတယ်ဆိုရင်- ကားပေါ်မှာတော့ ကိုယ့် အိတ်ထဲက သယ်လာတဲ့ ဆန်းဒ၀ှစ်ခ်ျထဲကပဲဖြစ် ဖြစ်၊ လေယာဉ်ပေါ်မှာဆိုရင်တော့ ကိုယ့်ကိုကျွေးတဲ့ ဘာဂါထဲကပဲဖြစ်ဖြစ်၊ ပေါင်မုန့်ထဲက ပဲဖြစ်ဖြစ် ထောပတ်ခဲလေးကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်း ပေးလိုက်ပါ။ အရမ်းကိုအဆင်ပြေပါတယ်။ နှုတ်ခမ်းသား နူးညံ့ပြီးပျော့ပျောင်းလာပါလိမ့်မယ်။

-    Lotion  ခပ်ထူထူလေး
      ခရီးမသွားခင် တစ်ညလောက်ကြိုပြီး Moisturizer လို့ခေါ်တဲ့ အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်ကို ခပ်ထူထူလေး လိမ်းထားပေးပါ၊ ဒီ အကျိုးအာနိသင်က ခရီးသွားတဲ့အခါ အသား ရေခြောက်သွေ့ခြင်းကို မဖြစ်စေပဲ စိုစိုပြေပြေလေး လှနေစေပါတယ်၊ မိတ်ကပ်လူးတဲ့အခါလည်း မျက်နှာအတွက် အဆင်ပြေပြီး ဘော်ဒီကိုလိမ်း ထားတယ်ဆိုရင်လည်း အသားရေကို စိုပြေလှပနေစေတယ်။

-    Mist ဆောင်ထားပါ
    ခရီးသွားတဲ့အခါ မျက်နှာအသားရေ အရမ်း ခြောက်သွေ့တတ်ပါတယ်၊ အလွယ်ကူဆုံးက တော့ မျက်နှာကိုပြန်ပြီးစိုပြေစေတဲ့ mineral mist လေး တစ်ဗူးလောက် ဆောင်ထားလိုက်ပါ။ ဈေး လည်းသက်သာတဲ့ E.L.F mist ဆိုရင် ၈ ဒေါ်လာ
လောက်ပဲရှိတာကြောင့် လူတိုင်းသုံးဖို့ အဆင်ပြေ နိုင်တယ်။

-    ဆောင်ထားသင့်တဲ့ အစိုတစ်ရှူး
    မျက်နှာသစ်ဖို့ အချိန်ပေးနေစရာ အခုချိန် မှာ အထူးမလိုတော့ပါဘူး။ ကလေးတွေအတွက် ထုတ်ထားတဲ့ အစို wet tissue / towelettes လေးတွေ ဆောင်ထားပေးပါ။ လူကြီးအတွက်တော့ လက်နဲ့မျက်နှာကို ကောင်းကောင်းသန့်စင်ပေးနိုင်
ပါတယ်။ လူကီးသုံးတာလိုချင်ရင်တော့ Neutro- gena Oil-Free Cleansing Wipes လေးတွေကို ၅.၅၉ ဒေါ်လာနဲ့ဝယ်ယူနိုင်ပါတယ်။ အနံ့တွေလည်း အစုံရှိပါတယ်။

-    ခေါင်းလျှော်စရာမလိုတဲ့  Dry Shampoo
    အစည်းအဝေးပွဲကို ခရီးဝေးကနေ လာတက် ရတဲ့အခါမျိုး၊ အမျိုးရဲ့မင်္ဂလာဆောင်ကို ခရီးဝေး ကနေလာရတာမျိုး၊ နောက် နေမကောင်းတဲ့အချိန် မျိုးဆိုရင် ဦးရေပြားအဆီ ပြန်တတ်တာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရလေ့ရှိပါတယ်။ ဒီလို
အချိန်မျိုးမှာ ဈေးလည်းသိပ်မကြီးတဲ့ ခေါင်းလျှော် ရည် အခြောက်ကိုဆောင်ထားပါ။ လုံးဝနောင်တ မရမယ့် ပစ္စည်းပါ။ ဆံသားပေါ်ကို ခပ်လှမ်းလှမ်း ကနေဖြန်းပြီး ခေါင်းခါချလိုက်ရုံပါပဲ။ ဆံသားလေး တွေဝဲပြီး လှပလာပါလိမ့်မယ်။

-    မီးပူအဖြစ်သုံးနိုင်တဲ့ flat iron
    ဆံပင်အတွက်သုံးတဲ့အပူချောင်းတွေကို သန့်သန့်ရှင်းရှင်း သုံးထားမယ်ဆိုရင် ကြေတွန့်နေ တဲ့ အင်္ကျီကော်လာတွေ၊ ခေါက်ရိုးကျိုးနေတာတွေ၊ အင်္ကျီလက်ဖျားလေးတွေကို မီးပူလိုသုံးပြီး တိုက် နိုင်ပါတယ်။

-    လိုသလိုအသုံးပြုနိုင်တဲ့ မျက်တောင်ကော့ဆေး
    ခရီးသွားတဲ့အခါ ဆံပင်ကိုဆေးမဆိုးနိုင် တဲ့ သူတွေအတွက်တော့ ဒီနည်းလမ်းက လွယ်ကူ ရိုးရှင်းတယ်၊ အဆင်အရမ်းပြေပါတယ်။ ဆံသား ကို အညိုဆိုးထားပြီး အရင်းက အနက်ရောင် ဆံသားတွေကို ဖုံးအုပ်ချင်တာပဲဖြစ်ဖြစ်၊ ဆံပင်ဖြူ
နေတာကို ဖုံးအုပ်ချင်တာပဲဖြစ်ဖြစ် Mascara ကို (လိုချင်တဲ့အရောင်ရွေးပြီး)သုံးပြီး ဆံသားတွေ ကို ဖုံးအုပ်လိုက်ပါ။

-    အမွှေးရနံ့ပါတဲ့ အသုံးအဆောင်လေးတွေ
    ခရီးသွားလာတဲ့အခါ ချွေးထွက်တတ်တဲ့သူပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အမွှေးရနံ့ကို အမြဲတစေ ရနေ စေချင်တာပဲဖြစ်ဖြစ် ရေမွှေးဗူးမေ့ကျန်ခဲ့တဲ့အခါ စိတ်ရှုပ်ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးဆို ရေ မွှေးရနံ့ ထည့်သွင်းထားတဲ့ ရေမွှေးပုတီးလုံးလေး
တွေ အရမ်းကိုအသုံးဝင်ပါတယ်။ Lisa Hoffman Perfume Jewelry ဆိုတာ ရေမွှေးကို သစ်သား ပုတီးစေ့လေးတွေ အတွင်းမှာထည့်ပြီး လက်ဝတ် ရတနာအဖြစ် ရောင်းချပေးတာပါ။ ဈေးကတော့ amazon.com ကနေ ၆၀ ဒေါ်လာနဲ့ ရောင်းချ
ပါတယ်။ ဒီမှာဝယ်မယ်ဆိုရင် နံ့သာဖြူပုတီးလေး တွေ၊ ယပ်တောင်လေးတွေကို အိတ်ထဲဆောင်ထား လို့ ရပါတယ်နော်။

-    သန့်ရှင်းသပ်ရပ်နေမယ့် nude
    ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုဖော်ပြနေမယ့် လက်သည်းလေးတွေကိုလည်း ခရီးသွားတဲ့အခါ ဂရုစိုက်ဖို့လိုပါတယ်။ သွားတဲ့နေရာပေါ် အမျိုး မျိုးမူတည်ပြီး လက်သည်းအရောင်တွေ ဆိုးနေစရာ မလိုပါဘူး။ လက်သည်းကို သဘာဝဆန်ပြီး ကာလာ
လည်းငြိမ်တဲ့ Nude series အဖျော့၊ အရင့် စသဖြင့်ရွေးချယ်ပြီး လက်သည်းခွံပေါ် ဆိုးထား ပေးလို့ ရပါတယ်။ လှပတဲ့ လက်ဖမိုးတစ်စုံလည်း ဖြစ်တယ်၊ လက်သည်းပုံစံကိုလည်း သပ်သပ်ရပ်ရပ် လေး ဖြစ်သွားစေတယ်။
-    ၂ မျိုးသုံးနိုင်တဲ့ ချွေးနံ့ပျောက်ဆေး Deodorant
    Deodorant roll-on ဆို ခရီးသွားတိုင်း ဆောင်သွားလေ့ ရှိတတ်ကြတယ်နော်။ ဒီ roll-on လေးရဲ့အစွမ်းကလည်း အံ့မခန်းပါပဲ။ ပူအိုက်တဲ့ ရာသီဥတုမှာ ခရီးသွားတဲ့အခါ မိတ်ကပ်လိမ်းရတဲ့ အမျိုးသမီးတွေအဖို့ ချွေးသုတ်လိုက်၊ အလှပြင်
လိုက်နဲ့ပဲ သံသရာလည်နေရပါတယ်။ အဆီမထွက် အောင်လည်း ဂရုစိုက်ရပါသေးတယ်။ ဒါတွေ အဆင်ပြေသွားစေဖို့  နဖူး၊ နှာခေါင်းထိပ်နဲ့ နှုတ်ခမ်းနားတ၀ိုက် (ချွေးထွက်တတ်တဲ့ မျက်နှာပေါ် ကနေရာများ)ကို roll-on နဲ့ လိမ်းပေးလိုက်ပါ။ ပြီးမှ
အပေါ်ကနေ moisturizer & makeup ကို ပုံမှန် အတိုင်းလိမ်းလိုက်ပါ၊ သိသိသာသာကို ချွေးထွက် နည်းသွားပါတယ်။ (နေ့တိုင်းသုံးဖို့တော့ မဟုတ် ပါဘူးနော်)