Primary tabs

ပြောင်ပြောင်လက်လက် Strobing မိတ်ကပ်

    Strobing makeup ဆိုတာဘာလဲ ?? တကယ်တော့ ဒီမိတ်ကပ်ပုံစံက highlight ပုံစံ ပြင်ထားတာကိုပြောတဲ့ The Latest Makeup Trend တစ်မျိုးပါ။ ပြီးခဲ့တဲ့ အချိန်တွေကတော့ contouring မိတ်ကပ်စတိုင်လ် ကို နေရာအတော်များများ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အခု strobing ကတော့ shimmer & dewy & glow (၃)မျိုးကို ပေါင်းစပ်ထားတဲ့ ပုံစံပါ။ dewy ဆိုတာ ဘာပါလိမ့်ဆိုရင်တော့ ချွေးထွက် နေသလို ပြောင်ပြောင်လေး စိုစိုစွတ်စွတ်လေးဖြစ် နေတဲ့ ပုံစံကိုပြောတာပါနော်။

Model - Shwe Thun Kha

H&M - Kyaw Moe
Photo - LMN

    ဒီမိတ်ကပ်ပုံစံကို သတိထားမိလာတာက တော့ runway လမ်းမပေါ်က မော်ဒယ်လ်တွေရဲ့ ပြင်ဆင်မှုကနေစတာပါ။ အဲဒီကနေ နာမည်ကျော် beauty blogger တွေဆီကိုတဆင့် ရောက်ရှိပြီးနာမည်ကျော်လာခဲ့တာမျိုးပါ။
    ကဲ ခေတ်နောက်ကျ မကျန်ရလေအောင် ၂၀၁၆ အမှီ strobing makeup အကြောင်း တစေ့တစောင်း လေ့လာကြစို့...

-    ရေဓာတ်ပြည့်ဝပြီး အေးမြတဲ့ အသားရေ ဖြစ်အောင်လုပ်ပါ
    Strobing makeup ဟာ မျက်နှာမှာပြောင် ပြောင်လေးဖြစ်နေပြီး ကိုယ့်ရဲ့အသားရေကို ကောင်းရင်ကောင်းသလို သိသာစေတာမို့ မျက်နှာ အသားရေကို အစိုဓာတ်လုံလောက်အောင်ဖြည့် တင်းပေးထားပေးပါ။ ဒါမှမဟုတ် သဘာဝပင်ကိုယ်
ကကို oily skin ပိုင်ရှင်ဆိုရင် oil-free အစိုဓာတ် ဖြည့်ဆေးကိုသုံးပေးပါ။
    strobe ပုံစံကိုမလိမ်းမီ မျက်နှာရဲ့အသားရေ ကို စိုပြေချောမွေ့နေစေဖို့ လိုပါတယ်။ အစိုဓာတ် ဖြည့်တင်းပေးတဲ့ ခရင်မ်နဲ့ စတင်လိုက်ပါ။

-    Highlighter shade ပစ္စည်းတွေသုံးပါ
    မျက်နှာအသားရေ ပြောင်ပြောင်လေး ဖြစ် နေဖို့ ခပ်သိပ်သိပ်ဖြစ်တဲ့ မိတ်ကပ်ခရင်မ်တွေကို စွန့်ပြီး အသားရေကို ပြောင်ပြီးတင်းတင်းလေး ဖြစ် စေတဲ့ မိတ်ကပ်မျိုး၊ မျက်နှာသုံးခရင်မ်ကို သုံးပေး ရပါမယ်။
    မျက်နှာကို အပြစ်အနာဆာကင်းပြီး လင်း လက်ချင်တဲ့ပုံစံ လိုချင်ရင်တော့ မိတ်ကပ်လိမ်းတဲ့ အခါ foundation ရယ် CC cream ရယ် mineral foundation ရယ်ကို ရောလိုက်ပြီး brighten ဖြစ် စေတဲ့ မျက်နှာလိမ်းခရင်မ် တစ်မျိုးပါထပ် ထည့်ပြီး ရောမွှေလိုက်ပါ။ ကိုယ့်ရဲ့အသားရေက ကောင်းပြီး သားဆိုရင်တော့ moisturer နဲ့ BB (or) CC cream လောက်ပဲ ရောလိမ်းပေးရင်ရပါပြီ။

    Cosmopolitan မဂ္ဂဇင်းမှ ရွေးချယ်ပြထားတဲ့ Best highlighter ပစ္စည်းလေးများပါ။ ဈေးနှုန်းတွေ ပါ ဖော်ပြပေးပါမယ်နော် (ဒါမှ strobing makeup အကြောင်းပြည့်စုံမှာပေါ့) ။ RMS beauty living luminizer က ဒေါ်လာ ၃၈ ၊ It cosmetics Hello Light Anti-Aging Creme Illuminizer က ဒေါ်လာ ၂၄ ၊ Benefit Sun Beam Golden Bronze Complexion Highlighter က ဒေါ်လာ ၂၆ ၊ NARS The Multiple in South Beach က ဒေါ်လာ ၃၉ ပါ။

((လိမ်းပေးရမယ့်နေရာလေးတွေ))
    ပါးမို့မို့နေရာတလျှောက်၊ နှာတံ ရိုးတလျှောက်၊ မျက်ခုံးရိုးအောက်တလျှောက်၊ မျက်လုံး အတွင်းထောင့်၊ နှုတ်ခမ်းအပေါ် (ကကြီးပုံစံ)နေရာ တို့ကို  highlight ပေးဖို့ အထူးလိုအပ်ပါတယ်။ ဟိုက် လိုက်ပေးဖို့ မျက်နှာတပြင်လုံး လူးပေးဖို့ မလိုပါဘူး၊ သဘာဝကျကျနဲ့ လှပဖို့ပဲလုပ်ပေးရမှာပါ။ အဆီ အရမ်းပြန်တတ်တယ်ဆိုရင်တော့ နဖူး နေရာနဲ့မေး စေ့တ၀ိုက်ကို ဟိုက်လိုက်ပေးဖို့ ချန်ခဲ့ပါ (ဘာလို့လဲဆိုတော့ အဲဒီနေရာတွေဟာ နဂို shine ဖြစ်ပြီးသားမို့ပါ)

အဆီပြန်တတ်သူများအတွက် strobing ခြယ်ခြင်းနည်း
    မိတ်ကပ်လိမ်းပြီး မကြာပါဘူး၊ မျက်နှာက အဆီထွက်တတ်တဲ့သူတွေ အခုခေတ်စားတဲ့ strobing ကို ခြယ်ချင်တယ်ဆိုရင်လည်း ကိုယ်သုံး မယ့် primer / foundation / bronzer / powder ကို matte ဖြစ်တဲ့ ခပ်သိပ်သိပ်လေးတွေပဲလူးပါ။ hightlight ဖြစ်ချင်တဲ့ နေရာတ၀ိုက်အတွက်ပဲ ဟိုက် လိုက်ပေါင်ဒါကို လိုက်လူးပေးလို့ ရပါတယ်။

    အသားရေ ကွဲပြားသွားတာနဲ့အမျှ ကိုယ် ရွေးချယ်သုံးသင့်တဲ့ highlighter တွေ အရောင် ကလည်း ကွဲပြားသွားပါတယ်။ သတ်မှတ်ထား တဲ့ ကာလာတွေကတော့ အသားရေဖြူ ဖျော့လွန်းသူ -  ethereal shades အရောင်ပြေးလေးများစွာ ပါဝင်ပြီးလှပသော

ဟိုက်လိုက်အသားဖြူသူ - white gold ရွှေရောင်အဖျော
အသားရေလင်းလက်သူ - pink champagne ပန်းရောင်ပြေးပြေး
အသားရေမဖြူမညိုသူ - peach champagne မက်မွန်ဖျော
သံလွင်ဆီရောင် အသားရေ - gold ရွှေရောင်
အသားမည်းသူ - rose gold / copper ရွှေရောင်နဲ့ ပန်းရောင်အရော/ကြေးနီအရောင်