Primary tabs

နှစ်သစ်ကိုကြိုမယ့် DIY ပွဲတော်မိတ်ကပ်

Model - Khin Sandar Myint

H & M - Kyaw Moe

Photo - LMN

    ၂၀၁၆ ခုနှစ်မှာ ခေတ်စားမယ့် မိတ်ကပ်ပုံစံလေးတွေကို ခြုံငုံပြီး အခုလို ချစ်စရာလည်းကောင်း၊ ဆွဲဆောင်မှုလည်းရှိ၊ အရမ်းကြီး ထူးခြားဆန်းပြားနေတာမဟုတ်တဲ့ ပွဲတက်မိတ်ကပ်ကိုယ်တိုင်ခြယ်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၎ ရောင်ခြယ်မိတ်ကပ်
    ရှဲဒိုးမတူတဲ့အရောင် ၃ ရောင်နဲ့ နှုတ်ခမ်းကာလာ ၁ ရောင်ကို မျက်နှာမှာ လိုအပ်သလိုလေးထည့်ပြီး လှပတဲ့ပုံရိပ်တစ်ခုကို ဖန်တီးလို့ရပါတယ်။
    အပြာ၊ အစိမ်း၊ အ၀ါ ဆိုတဲ့ ကာလာမြူးမြူးလေးတွေကို မျက်လုံးထောင့်နဲ့ မျက်လုံးအလယ်၊ မျက်ခုံးရိုးအောက်ဘက်တွေမှာ ပုံမှာပြထားသလို လိုက်ခြယ်ပေးပါ။

Baby Pink ပန်းရောင်ပြေးပြေး ချစ်စရာမိတ်ကပ်
    ပန်းရောင်က အရမ်းကိုမိန်းမသားဆန်လွန်းပါတယ်။ ပြင်တတ်ရင် ပြင်တတ်သလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုပါ ပေါင်းစပ်ရရှိစေတဲ့ ကာလာမျိုးပါ။ အခု သူမရဲ့မျက်နှာကိုကြည့်မယ်ဆိုရင် ပန်းရောင်ပါးနီနဲ့ ပန်းရောင်နှုတ်ခမ်းနီ၊ ပန်းရောင်အိုင်းရှဲဒိုးကို အသားပေးထားတာ ခံစားရမှာပါ။ လွယ်ကူပြီး ရိုးရှင်းတယ်၊ အချိန်လည်းအများကြီး မကုန်တဲ့ ကိုယ်တိုင်ခြယ်နိုင်မယ့် မိတ်ကပ်ပုံစံတစ်မျိုးပါ။
-    မိတ်ကပ်အောက်ခံလိမ်းပြီးနောက်မှာဆိုရင် ကိုယ်နှစ်သက်ရာ ပါးနီပန်းရောင်တစ်မျိုးကိုခြယ်
-    မျက်လုံးကိုရှဲဒိုးတင်
-    နှုတ်ခမ်းပေါ်ကို ပန်းရောင် gloss တင်
-    မျက်တောင်ကော့တံလေးနဲ့ မျက်လုံးကိုကော့ပေး
-    ခပ်လက်လက်လေး ဖြစ်နေအောင်လို့ glitter ဗူးလေးထဲက အမှုန်လေးတွေကို နှုတ်ခမ်းသားပေါ်ကိုတင်။

Glitter တောက်တောက်ပပ မိတ်ကပ်
    မျက်နှာကို အညိုပုံစံလေးဘက်ရောက်အောင် လိမ်းပြီး မျက်လုံးကိုအသားပေးထားတဲ့ ပွဲတက်မိတ်ကပ်လေးပါ။ မျက်ခွံအပေါ်ဘက်နေရာ အတော်များများကို အလက်အလက်ပါတဲ့ အမှုန်လေးများနဲ့ ခပ်သိပ်သိပ်လေးဖြစ်အောင် ကပ်လိုက်ရုံနဲ့ တောက်ပပြီး အများနဲ့မတူတဲ့ ပွဲတက်ပုံစံကို ဖန်တီးယူနိုင်ပါတယ်။