Primary tabs

ကိုယ်တိုင်ခြယ်နိုင်မယ့် Cat eyes blender

    အခုပြောပြချင်တဲ့ အကြောင်းအရာလေးက cat eyes ကို လွယ်ကူစွာဖန်တီးနိုင်မယ့် DIY ပစ္စည်း လေးတစ်ခုအကြောင်းပါ။ People စာဖတ်ပရိသတ်ကြီးလည်း up to date ဖြစ်တဲ့ အလှပြင်ပစ္စည်းလေး တွေဆိုရင် စိတ်ဝင်စားမှာ အသေအချာပါပဲ။ ဒီ အလှပြင်ပစ္စည်းလေးကတော့ ၂၀၁၄-၁၅ တုန်းက ၀က်ဝက်ကွဲလူကြိုက်များခဲ့တဲ့ Beauty Blender (ကြက်ဥ) လိုပါပဲ။
    အခုတစ်ခါကတော့ မိတ်ကပ် foundation လိမ်းဖို့မဟုတ်တော့ဘဲ မျက်လုံးလိုင်းခြယ်ဖို့အ တွက် ပြောင်းလဲလိုက်တာပါ။ လက်မငြိမ်လို့ cat eyes ဆွဲတဲ့အခါ စိတ်ညစ်ရတဲ့ လေဒီတို့အတွက် အိုကေတာထက် ပိုပြီးအဆင်ပြေမယ့် ပစ္စည်းမျိုးလို့
ညွှန်းပေးချင်ပါတယ်။ အနား ၃ ဖက်ပါတဲ့ ဂစ်တာ Plectrums  လိုဖြစ်ပေမယ့် သူက အတို၊ အရှည်၊ အကွေးပုံစံ မျက်လုံးအတွက် အထူးလုပ်ထားတဲ့ ရာဘာလိုမျိုးလေးပါ။
    Beautyblender.com ကနေ liner designer အတွက် နောက်ဆုံးထုတ်လုပ်လိုက်တာပါ။ Sephora မှာ မတ်လကနေစပြီး ၁၆ ဒေါ်လာနဲ့ စတင် ရောင်းပေးတော့မှာဖြစ်လို့ Pre Order အနေနဲ့ ကြိုမှာထားနိုင်ကြပါပြီ။

    အနား ၃ ဖက်မှာ Short Round / Straight- Laced /  Curvalicious လို့ နာမည်လေးတွေ ရှိပါ တယ်။ ဒီ ၃ ဖက်က မျက်လုံးထောင့်စွန်းအတွက် အမျိုးမျိုး ဖန်တီးနိုင်အောင်ဖြစ်ပြီး မျက်ခွံအတွက်ပါ လိုင်းဆွဲလို့ရသေးပါတယ်။
    အနား ၃ ဖက်ပါတာဖြစ်လို့ ကိုယ်လိုချင် တဲ့အရှည်အတို အကောက်အတွန့်ကို ကိုယ့်ရဲ့မျက် နှာအနေအထားပေါ် မူတည်ပြီးရွေးပါ။
    မျက်လုံးနားမှာ beauty blender ပြား လေးကိုဖိပြီး ကပ်ထားလိုက်ပါ။
    Eye pencil/ gel/cream/ liquid/ powder နှစ်သက်ရာတစ်ခုခုကိုရွေးပြီး မျက်လုံးနားမှာ မျဉ်း ကြောင်းလေး စဆွဲပါ။
    ဒီ blender လေးရဲ့ ထူးခြားချက်ကတော့ မျက်လုံးဆွဲဖို့တင်သာမက နှုတ်ခမ်းအနားသတ် ပုံဖော်တဲ့နေရာ၊ မျက်တောင်ကော့တဲ့ နေရာတွေ မှာပါ အသုံးပြုလို့ရပါတယ်။