Primary tabs

CUTIE လား SEXY လား

ဒီလရဲ့ Do It Yourself ကိုယ်တိုင်ခြယ်မိတ်ကပ်စာမျက်နှာလေးမှာတော့ မော်ဒယ်လ်နဲ့ အလှအပ Blogger တစ်ဦးဖြစ်တဲ့ သွန်းရဲ့ ကိုယ်တိုင်ခြယ်ကိုခံစားရမှာပါ။ ဒီလမှာ ပုံစံ(၂)မျိုးကို ကွဲပြား အောင်ပုံစံဖေါ်ဖို့အတွက် ကမ္ဘာကျော် beauty brand တစ်ခုဖြစ်တဲ့ Estee Lauder မှ အလှကုန်များနဲ့ ဖန်တီးခဲ့ပါတယ်။

Cutie မိတ်ကပ်အတွက်အဆင့်ဆင့်

- ကြည်လင်ရှင်းသန့်ပြီး လှပနေတဲ့ Look ကို သူမက တစ်ဆင့်ချင်းစီ ပြင်ဆင်ခြယ်သရင်း ဖန်တီးပြသွားမှာပါ...

- ဖောင်ဒေးရှင်း မိတ်ကပ်ရည်အစား face primer အဆင့်နောက်မှာ မိတ်ကပ်ကို စတင်လိမ်းပေးပါတယ်။ 

- မျက်ကွင်းညိုနေတာတွေအတွက် ဖုံးအုပ်ပေးဖို့ရယ်၊ အရောင်မညီတာတွေညှိပေးဖို့အတွက် Concealer ကို သုံးပေးပါမယ်။
- ပြီးရင်တော့ ပေါင်ဒါအုပ်ပြီး မျက်ခုံးစတင် ဆွဲပေးပါမယ်။ ဆွဲတဲ့အခါ Eye brow brush နဲ့ သေချာလေး ပုံဖော်ပေးဖို့လိုပါတယ်နော်။
- မျက်ခုံးပြီးတဲ့နောက်မှာတော့ မျက်နှာ အသားအရေအတွက် တစ်ဆင့်ပြီးပြီပေါ့။
- ပါးပြင်လေးကို ခပ်ပါးပါးလေး ပန်းနုရောင်လေးသမ်းဖို့ ပါးနီကတော့ မလိမ်းမဖြစ်ပါပဲ။
- Estee Lauder Eye Shadow လေးနဲ့ မျက်ခွံကို ခြယ်ပေးပါတယ်။

Sexy ပုံစံမိတ်ကပ်အတွက် အဆင့်ဆင့်

Dewy & Luminious look ဖြစ်ပြီး အသားအရေစိုပြေလှပနေတဲ့ပုံစံကို ခြယ်ပြသွားမှာပါ။ ဒါ့အတွက်ကို Estee Lauder BB Cushion က ဖြည့်ဆည်းပေးထားပါတယ်။ အသားအရေအမျိုးမျိုးအတွက် လိုက်ဖက်တဲ့ shades များ ရွေးချယ်နိုင်ပါသေးတယ်နော်။
BB Cushion ဟာ မိတ်ကပ်လိမ်းထားမှန်း မသိသာဘဲ မျက်နှာမှာရှိတဲ့ အပြစ်အနာအဆာတွေကိုဖုံးအုပ်ပြီး သဘာဝကျကျလှပစေခြင်း၊ ရေစိုသော်လည်း မိတ်ကပ်သား မပျက်စီးစေခြင်း၊ Cushion Compact ဖြစ်ပြီး Long wear formula ကြောင့် ၈ နာရီကြာခံခြင်း၊ ချွေးပေါက်နှင့်အရေးကြောင်းများကို ဖုံးအုပ်ပေးနိုင်ခြင်း စတဲ့ အကျိုးအာနိသင်ကောင်းတွေနဲ့ ပြည့်စုံတာကြောင့် တစ်နေ့တာလုံး စိတ်လွတ်လပ်ပေါ့ပါးစွာလှပမှုကို ဖန်တီးထားနိုင်ပါတယ်။


- မျက်နှာအတွက် Skin care လူးပြီး အဆင့်မှာ Estee lauder ကနောက်ဆုံးထုတ်လုပ်ထားတဲ့ BB Cushion ကိုစတင်လိမ်းပေးပါမယ်။
- BB cushion လူးပြီး နောက်တစ်ဆင့်မှာ ပေါင်ဒါလိမ်းပေးပါမယ်။
- မျက်နှာအတွက် လိုက်ဖက်မယ့် Eye Brow ကို ဆွဲလိုက်ပါ။ 
- ဒါကတော့ မျက်နှာအတွက်ပြင်ဆင်ပြီးတဲ့ပုံတစ်ဆင့်...
- မျက်လုံးအတွက် ညှို့အားကောင်းမယ့် ကာလာကို ပြင်ဆင်ဖို့အတွက်ဆိုရင် - တိတိကျကျပုံစံဖေါ်နိုင်ဖို့ မျက်လုံးထောင့် ၂ ဘက်မှာ တိပ်ကပ်ပါမယ်။ (ဒါက ရှဲဒိုးလိုင်းကို ဘေးမပျံ့ဘဲ လှပစေပါတယ်) လိုင်နာအတွက် ဂျဲလ် သုံးပြီး အစွယ်လေးထုတ်တာပါ။
- ဒီအဆင့်ကတော့ လှပကော့ညွတ်တဲ့ မျက်ဝန်းပုံပေါ်အောင် မျက်တောင်တု eye lashes တပ်တာပါ (ဘေး ၂ဖက် ကို ညှပ်ထုတ်လိုက်ပြီး ကိုယ့်ရဲ့မျက်ဝန်းဆိုဒ်အတိုင်း တပ်ဆင်ပေးပါ)
- အားလုံးပြီးသွားပြီဆိုရင် စိုပြေလှပတဲ့ မျက်နှာအတွက် Estee Lauder Night Serum ကို လက်မှာယူပြီး ပါး၊ နဖူးတို့ကို လိမ်းပေးပါ (ထူးခြားချက်က ဒီ Serum ဟာ ညဘက်လိမ်းအိပ်လို့ရတဲ့အပြင် မိတ်ကပ်အပြီးမှာ လိမ်းပေးမယ်ဆိုရင် တောက်ပပြီးလှပနေစေလို့ပါ)

Model - Thun Thitsar Zaw

H&M - Thun Thitsar Zaw

Cosmetics - Estee Lauder

Photo - Thardu Ko Ko