Primary tabs

ကိုယ်ပိုင်ပြင်ဆင်တဲ့ ကိုယ့်စတိုင်လ်

နှစ်သစ်မှာ လန်းဆန်းတဲ့ အသွင်လေးနဲ့ ကိုယ်တိုင်ပြင်ဆင်နိုင်တဲ့ မိတ်ကပ်၊ ဆံပင်လိမ်းခြယ်နည်းအချို့ကို ယုဝါက ကိုယ်တိုင်ခြယ်သပြင်ဆင်ပြထားပါတယ်။
(၁)    Foundation 
    Foundation ကို ညီညာအောင် လိမ်းပါတယ်

(၂)    Conceler 
    မျက်နှာပေါ်က အပြစ်အနာအ ဆာတွေကို Conceler နဲ့ ဖုံးအုပ်မယ်

(၃)    Powder 
    ပေါင်ဒါလေးအုပ်မယ်၊ မိတ်ကပ် တစ်နေကုန်ခံချင်ရင်တော့ ပေါင်ဒါလိမ်းတာ ယုဝါ အကြိုက်ဆုံး

(၄)    ပါးနီက လိမ်းကိုလိမ်းသင့်တယ်

(၅)    Eye Brow 
    မျက်ခုံးကို လိုင်းလေးအရင်ဆွဲ ပြီးမှ ဖြည့်ပါတယ်

(၆)    Nose 
    နှာတံလေး ပိုထင်ရှားဖို့ ဘေးနှစ်ဖက်ကို အမှောင်နည်းနည်းချ

(၇)    Eye
    မျက်လုံးပေါ်ကို နှစ်သက်ရာအရောင်ဖြည့်

(၈)    Masacara
    မျက်ခုံး၊ မျက်လုံးပိုမိုထင်ရှားဖို့ဆိုရင် မျက်တောင်လေးတွေကိုလည်း ချန်မထားသင့်ပါဘူးနော်

(၉)    Lips
    နှုတ်ခမ်းလေး စိုပြေသယောင်ရှိနေခြင်းက ကျန်းမာတဲ့ အလှအသွင်ဖြစ်စေပါတယ်

(၁၀)    ဒီအသွင်နဲ့ဆို လန်းဆန်းတဲ့ အလှအပကို ရပါပြီ။

x x x

    ပထမတုန်းက ပြင်ထားတဲ့ မိတ်ကပ်ပုံစံကို မျက်လုံးအရောင်နဲ့ နှုတ်ခမ်းအရောင်ပဲ နည်းနည်းပြောင်းရင် ပွဲတက်လို့ရတဲ့အသွင်ပါ။

(၁)    ပထမဆိုးထားတဲ့ အရောင်ကို Twoway နဲ့ အသာဖိလိုက်ရင် နောက်တစ်ရောင်ထပ်တင်လို့ ရပါတယ်

(၂)    မျက်လုံးတစ်ဝိုက်အလင်းနည်းနည်းထည့်

(၃)    မျက်ခုံး ပြန်ပြင်ဆွဲ

(၄)    မျက်လုံးထောင့်ကို ခြယ်သလိုက်ရုံနဲ့ အသွင်ပြောင်းနိုင်ပါတယ်

(၅)    ပွဲတက်လို့ရပြီ

x x x

ညနေခင်းပွဲတွေအတွက်

(၁)    မျက်လုံးကိုပဲထပ်ပြီး ခြယ်လိုက်ရုံပါ

(၂)    မျက်ခုံးကိုလည်း နည်းနည်းထပ်တင်

(၃)    ဒီလိုဆို ညပွဲတွေ တက်လို့ရပါပြီ

x x x

(၁)    ဆံပင်ကို ခပ်ဖွဖွစုစည်းပါ

(၂)    စည်းထားတဲ့ အပေါ်ဖက်ကနေ နှစ်ခြမ်းခွဲပါတယ်

(၃)    ခွဲထားတဲ့ နှစ်ခြမ်းကြားထဲ ဆံပင်အဖျားကနေ လျှိုသွင်းပါ

(၄)    လျှိုသွင်းထားတဲ့ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပါ

(၅)    ကျစ်ဆံမြီးကိုခေါက်ပြီး ကလစ်နဲ့မြဲအောင် လုပ်ပါတယ်

    အလွယ်တကူထုံးဖွဲ့နိုင်တဲ့ ဆံထုံးလေး

x x x

(၁)    ဆံပင်ကို သုံးခြမ်းခွဲပြီး အလယ်ကဆံပင်ကို စုစည်းမယ်

(၂)    အလယ်က ဆံပင်ကို ကျစ်ဆံမြီး ကျစ်တယ်

(၃)    ကျစ်ထားတဲ့ ဆံပင်ကို ဆံထုံးလေးထုံးပါတယ်

(၄)    ဘေးနှစ်ဖက်က ကျစ်ဆံမြီးကို အလယ်ဆံထုံးမှာ လှပအောင် ပြန်ပတ်ပြီး ထုံးဖွဲ့ပါတယ်

    ရှင်းသန့်တဲ့ဆံထုံးလေး ရပါပြီ

Khine Thazin Yu Wah
Photo - Thardu Ko Ko