Primary tabs

ရေရှည် နုပျိုစေမယ့် Care နည်း

မိန်းမပျိုလေးတစ်ယောက်ရဲ့ ကောင်းခြင်းငါးဖြာမှာ တစ်ဖြာအပါအဝင်ဖြစ်တဲ့ နဂိုနေ စိုပြေလှပတဲ့ အသားအရေလေး ပိုင်ဆိုင်ထားတာဟာ ဘုရားပေးတဲ့ဆုလဒ်လို့ ဆိုနိုင်ပေမဲ့  အသက်အရွယ်ရလာတဲ့ အချိန်အထိ တင်းရင်းလှပနေစေဖို့ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ရမှာကတော့ မိမိရဲ့တာဝန်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ရေရှည်အတွက် အရေးအကြောင်းကင်းစင် နုပျိုနေစေဖို့ ထိန်းသိမ်းနည်းလေးနဲ့အတူ အေးမြတဲ့ဆောင်းရာသီမှာ ဖြစ်တတ်တဲ့အသားအရေ ခြောက်သွေ့အက်ကွဲပျက်စီးခြင်းများကို ကာကွယ်နိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်းလေးတွေ ဖော်ပြသွားပါမယ်။  

ဒီ့အတွက် Skin Care ပစ္စည်းရွေးချယ်မှုမှာတော့ ရေဓာတ်ဖြည့်တင်းခြင်းကို အခြေခံတဲ့ Psyche အမှတ်တံဆိပ် Product များကို အသုံးပြုပြီး Care နည်းအဆင့်ဆင့်ကို ပြုလုပ်သွားမှာပါ။ တစ်ဦးနဲ့တစ်ဦး အသားအရေ မတူညီတဲ့အလျောက် မိမိရဲ့ လက်ရှိအသားအရေပေါ်မူတည်ပြီး Skin Care အမျိုးအစားကို သင့်တော်ရာရွေးချယ်အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ ရေဓာတ်ဖြည့်တင်းပေးတဲ့ အမျိုးအစားကို ရွေးချယ်ထားတာကတော့ မော်ဒယ်လ်ရဲ့ အသားအရေဟာ ပင်ကိုကောင်းမွန်တဲ့အတွက် ပျက်စီးမှုကင်းဝေးပြီး ပိုမိုကောင်းမွန်စေဖို့နဲ့ တင်း
ရင်းမှုများကိုပျောက်ပျက်မသွားစေဘဲ နုပျိုတဲ့အသားအရေကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ Facial Skin Care ပြုလုပ်ပုံအဆင့်ဆင့်ကို ဆက်လက်ရှုစားကြည့်ပါရှင်။

Step 1 -    တစ်နေ့တာလုံး မိတ်ကပ်လိမ်းပြီး အပြင်သွားထားတဲ့ မျက်နှာလေးကို အိမ်ပြန်ရောက်တဲ့အခါ Psyche အမှတ်တံဆိပ် Dual Cleansing Gel နဲ့ သေချာစွာသန့်စင်ပြီး ဆားဝက်ခြံဖယ်ရှားခြင်းကို စတင်ပြုလုပ်ပါမယ်။

Step 2 -    မွေးညင်းပေါက်လေးတွေထဲအထိသန့်စင်ပေးပြီး ရေဓာတ်ဖြည့်တင်းပေးသလို ချွေးပေါက်ကျဉ်းစေတဲ့ နှင်းဆီပန်းပေါင်းဆီနဲ့ ထုတ်လုပ်ထားတဲ့ (အရက်ပျံလုံးဝမပါဝင်တဲ့) Tonique ကို ညင်ညင်သာသာလေး ပုတ်ပြီး လူးပေးပါမယ်။

Step 3 -    အဆီပြန်တတ်သူ၊ ချွေးပေါက်ကျယ်သူ၊ အသားအရေခြောက်သွေ့ပြီး ယားယံတတ်သူတွေအတွက် စေးကပ်ခြင်းလုံးဝမရှိတဲ့ Hyaluronic Acid ,VT-B5 တို့ပါဝင် ထုတ်လုပ်ထားတဲ့ HA++ နဲ့ ရေဓာတ် ထပ်မံဖြည့်တင်းပေးနိုင်ပါတယ်။

Step 4 -    နေ့စဉ်နေ့တိုင်း မိတ်ကပ်လိမ်းတဲ့ ပျိုမေတို့အတွက် လှပတဲ့မိတ်ကပ်သားနဲ့ ကြာရှည်ခံစေဖို့ အောက်ခံအသားအရေကို တင်းရင်းစေမယ့် Green Seaweed နဲ့ Amino Acid ပါဝင်တဲ့ Lotion Mask ကို မိနစ် ၂ဝ ခန့် အသုံးပြုပေးနိုင်ပါတယ်။

Step 5 -    နောက်ဆုံးအဆင့်အနေနဲ့ အရေပြားအတွင်းပိုင်းက ပျက်စီးနေတဲ့ ဆဲလ်တွေကို ပိုးချည်မျှင် Protein နဲ့ အလျင်မြန် အထိရောက်ဆုံး ပြုပြင်ပေးပြီး Magic Essence နဲ့ Mi Beauty စက်ကို မိနစ် ၂ဝ ခန့်ပေါင်းစပ် အသုံးပြုပေးလိုက်ခြင်းဖြင့် Botox နဲ့ Surgery ပြုလုပ်စရာမလိုဘဲ ပြစ်မျိုးမှဲ့မထင်တဲ့ ဝင်းပပမျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီရှင်။

Model - Mi Chi Ko 
Photo - Thardu Ko Ko
Venue - Psyche Spa