Primary tabs

ထိခိုက်လွယ်တဲ့အသားအရေကို Care မယ်ဆို...

မိတ်ကပ်လိမ်းပြီး လှပနေဖို့ထက် ပင်ကို အသားအရေ နဂိုနေစိုပြေလှပနေစေဖို့ကို ဦးစားပေးထိန်းသိမ်းလာကြတဲ့ ဒီနေ့ခေတ်မှာ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Skin Care Product တွေလည်း ရွေးချယ်စရာများစွာ 
ရှိလာတာမို့ ဒီတစ်လမှာ အသားအရေအမျိုးအစားအားလုံးအတွက် သင့်လျော်အောင်ထုတ်လုပ်ထားတယ်လို့သိရတဲ့ ထိုင်းနိုင်ငံထုတ် "Rada Natural Delight" ကို အသုံးပြုပြီး Care နည်းအဆင့်ဆင့်ကို လေ့လာကြည့်ခဲ့ပါတယ်။

Cleansing Milk အသုံးပြုပုံ
မျက်နှာကို ရေမထိခင် သင့်တော်တဲ့ ပမာဏထည့်ပြီး မျက်နှာပြင်တွင် စက်ဝိုင်းပုံစံလှည့်ပြီး မိတ်ကပ်နှင့် ဖုန်မှုန့်အညစ်အကြေးများကို နှိုးထအောင်လုပ်ပါ။ ပြီးလျှင် wet cotton pad ဖြင့် သုတ်ပစ်ပြီး မျက်နှာသစ်ရပါမယ်။

Facial Scrub Cream အသုံးပြုပုံ
သင့်တော်တဲ့ cream ပမာဏယူပြီး မျက်နှာပြင်တွင် ၁၅ - ၂၀ မိနစ်ခန့် နှိပ်နယ်ပေးပါ။ နူးညံ့တဲ့ Jasmine Brown ဆန်စေ့မှုန့်လေးတွေက မျက်နှာပြင်မှာ ကျန်ရှိနေသေးတဲ့ အညစ်အကြေးများနှင့် ဆဲလ်အသေများကို ပွတ်တိုက်ဖယ်ရှားပေးပြီး ချွေးပေါက်ကိုဖွင့်ပေးပါမယ်။ ပြီးလျှင် ရေနွေးနွေးဖြင့် မျက်နှာသစ်ရပါမယ်။

Facial Message Cream အသုံးပြုပုံ
သန့်စင်နေသော မျက်နှာပြင်ပေါ်သို့ Massage Cream ကို သင့်တော်တဲ့ ပမာဏထည့်ပြီး ၁၀ မိနစ်ခန့် ညင်သာစွာနှိပ်နှယ်ပေးပါ။ ပြီးလျှင် ရေနွေးနွေးဖြင့် မျက်နှာသစ်ရပါမယ်။ အသားအရေကို နူးညံ့ချောမွတ် စိုပြည်စေပါတယ်။

Facial Mask Cream အသုံးပြုပုံ
Rice Bran Facial Clay Mask Cream ဟာ အဆီပိုတွေကို စုပ်ယူဖယ်ရှားပေးပြီး အသားအရေကို တင်းရင်းဝင်းပစေပါတယ်။ သင့်တော်တဲ့ ပမာဏကိုယူပြီး မျက်နှာတစ်ပြင်လုံးကို နှံ့စပ်ညီညာအောင်လိမ်းပြီး ၁၀-၁၅ မိနစ်ခန့် ခြောက်အောင်ထားပေးပါ။ ပြီးလျှင် ရေအေးဖြင့် မျက်နှာသစ်ရပါမယ်။

Natural Toner အသုံးပြုပုံ
Mask အုပ်ပြီးလျှင်တော့ Alcohol-free ဖြစ်ပြီး Natural Extracts တွေ ပါဝင်တဲ့ သဘာဝ Toner လေးကို လိမ်းပေးခြင်းဖြင့် ချွေးပေါက်တွေ ကျဉ်းစေပြီး အသားအရေကို တင်းရင်းဝင်းပစေပါတယ်။

Anti-Aging Moisturizer Cream အသုံးပြုပုံ
Toner လေး လိမ်းအပြီးမှာတော့ Moisturizer Cream လေးထပ်လိမ်းပေးခြင်းအားဖြင့် အသားအရေကို အစိုဓါတ်ပြန်ဖြည့်တင်းပေးပြီး သဘာဝအတိုင်း နူးညံ့ချောမွတ်ဝင်းပစေပါတယ်။

Model - Su Myat Noe Kyaw
Photo - Thardu Ko Ko
Venue - Health House