Primary tabs

ဝက်ခြံတွေကင်းတဲ့ အသားအရေ… လင်းလက် တောက်ပစေ…

ပထမဆုံးပြောပြချင်တာလေးကတော့ အခုဖော်ပြမယ့် Acne Care Treatment (၀က်ခြံနှင့် အဆီဖုများသက်သာစေမည့်ကုထုံး) နဲ့ Brightening Facial Treatment (မျက်နှာအသားအရေ ဖြူဝင်းစေမည့် ကုထုံး) ကို အမျိုးသား၊ အမျိုးသမီးမရွေး ပြုလုပ်နိုင်တယ်ဆိုတာပါ။ ဒီကုထုံးတွေအတွက် သွားရောက်လေ့လာ ရိုက်ကူးခဲ့တဲ့နေရာကတော့  ELIZA Skin Republic ဖြစ်ပါတယ်။ 

အသားအရေအမျိုးမျိုးအတွက် လှပကျန်းမာစေမယ့် ELIZA ရဲ့ ကုထုံးများစွာထဲကမှ မေလရဲ့ ပူလိုက်အေးလိုက်ရာသီဥတု အနေအထားအရ ၀က်ခြံကြောင့် စိတ်ညစ်နေရသူတွေ၊ အသားအရေအရောင်မှိန်ပြီး တောက်ပမှုမရှိလို့ စိတ်အလိုမကျဖြစ်နေရသူတွေအတွက် ပြေလည်စေမယ့် ကုထုံးနှစ်ရပ်ကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။

Acne Care Treatment
1.    ကုထုံးရဲ့ အစကတော့ Cleansing Water ကို အသုံးပြုပြီး မျက်နှာသန့်စင်ခြင်း၊ နောက်တစ်ဆင့်အနေနဲ့ Honey Cleansing Gel သို့မဟုတ် ပျားရည်နဲ့ မတည့်သူများအတွက် Vitamin C Cleansing Gel ကိုအသုံးပြုပြီးမျက်နှာမှာရှိတဲ့ မိတ်
ကပ်အညစ်အကြေးစတာတွေ အားလုံးကို သန့်စင်သွားစေဖို့ ဆေးကြောပေးပါတယ်။ Vanilla Cleansing Milk နဲ့ အညစ်အကြေးတွေမကျန်ရှိစေဖို့  သေချာစွာထပ်မံသန့်စင်ပေးပြီး မျက်နှာပြင်သွေးလှည့်ပတ်မှုကောင်းမွန်စေဖို့ နို့ရည်ကိုအသုံးပြု နှိပ်နယ်ပေးပါတယ်။

2.    Steaming and Pore Cleansing အဆင့်မှာ ရေနွေးငွေ့အသုံးပြုပြီး မျက်နှာပေါ်က ချွေးပေါက်တွေကိုပွင့်စေပါတယ်။ ချွေးပေါက်ကျယ်ခြင်းမဖြစ်စေဖို့အတွက် သဘာဝဆန်းကစ်သီး အရည်လေးကိုလည်း သုတ်လိမ်းပေးပါတယ်။

3.    ဆားဝက်ခြံစုပ်တဲ့ စက်ကိုအသုံးပြုပြီး အဆီခဲနဲ့ အညစ်အကြေးများကိုဖယ်ရှားပေးပါတယ်။

4.    Aloe Vera Gel ကိုသုံးပြီး အသားအရေအတွင်းပိုင်းအထိ စိမ့်ဝင်စေဖို့ Photon စက်နဲ့ လှည့်လည်ပေးပါတယ်။

5.    ၀က်ခြံအသားအရေနဲ့ သင့်တော်တဲ့ Mask ကို အသုံးပြုပေါင်းတင်ပေးပါတယ်။

6.    နောက်ဆုံးအဆင့်ကတော့ သဘာဝ သခွားသီးကို အသုံးပြုပြီး ပေါင်းတင်ပေးတာပဲဖြစ်ပါတယ်။

Brightening Facial Treatment
မျက်နှာအသားအရေဖြူဝင်းစေမည့် ကုထုံးကတော့ ၀က်ခြံထွက်လွယ်တဲ့ အသားအရေတွေအတွက် မသင့်တော်ဘူးလို့ သိရှိရပါတယ်။ မျက်နှာအသားအရေ အရောင်မှိန်နေသူတွေ မွဲခြောက်သူတွေအတွက် လင်းလက်တောက်ပဖြူစင်စေဖို့ ကူညီပေးနိုင်ပါတယ်။ 

7.    ဒီကုထုံးရဲ့အဆင့်ဆင့်ကတော့ အထက်မှာဖော်ပြခဲ့တဲ့ ကုထုံးလိုပဲသန့်စင်ခြင်း အဆင့်ဆင့်ပြုလုပ်ပေးပြီး Vitamin C , Collagen နဲ့ Photon စက်ကိုအသုံးပြုပြီး သင့်တော်တဲ့ Mask ကို အသုံးပြုပေးတာဖြစ်ပါတယ်။

Photon စက် အသုံးပြုတဲ့နေရာမှာတော့ Customer ရဲ့အသားအရေပေါ်မူတည်ပြီး အလင်းရောင်ကာလာကို အမျိုးမျိုးပြောင်းလဲအသုံးပြုပေး တာ ဖြစ်တယ်လို့ သိရပါတယ်။

Model - CharLie
Photo - TharduKoKo