Primary tabs

ခြောက်သွေ့တဲ့ အသားအရေ မိုးစက်တွေလို လန်းဆန်းစေ...

ဇွန်လအတွက် တင်ဆက်ပေးသွားမယ့် Facial Care အစီအစဉ်ကတော့ ခြောက်သွေ့ကွဲ အက်လွယ်တဲ့ အသားအရေ ပိုင်ရှင်လေးတွေအတွက် ဇွန်မိုးစက်လေးတွေနဲ့ အပြိုင်လန်းဆန်း လှပသွားစေမယ့် နည်းလမ်းလေးပါ။

ဒီ့အတွက် အင်းလျားလမ်းမှာ ဖွင့်လှစ်ထားတဲ့ Empress Salon & Spa ကို သွားရောက်ပြီး မော်ဒယ်လ် L ဘောက်နူးနဲ့ ရိုက်ကူးခဲ့ပါတယ်။ Empress အနေနဲ့ Facial Treatment ပြုလုပ်မယ့် ဧည့်သည်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဝန်ဆောင်မှုပေးတဲ့အလျောက် မိတ်ကပ်အမြဲတမ်းလိမ်းခြယ်နေရပြီး မီးထိုးမှန်ထိုး အပူဒဏ်တွေနဲ့ထိတွေ့နေရတဲ့ မော်ဒယ်လ် သရုပ်ဆောင် L ဘောက်နူးကို အသားအရေခြောက်သွေ့ ကြမ်းတမ်းခြင်းအတွက် ကာကွယ်ပြုပြင်မှုပေးနိုင်မယ့် အကောင်းဆုံးသော Moisturizing and Skin Brightening Treatment ကို ရွေးချယ်ဆောင်ရွက်ပေးခဲ့ပါတယ်။ 

အသုံးပြုတဲ့ Product ကတော့ Jyunka Paris ဖြစ်ပါတယ်။ Jyunka မှာ ဆိုရင် Anti Aging , Moisturizing and Skin Brightening စတဲ့ ကွဲပြားတဲ့ဝန်ဆောင်မှုတွေ ရရှိနိုင်ပါတယ်။ ဆက်လက်ပြီး အခုရွေးချယ်ထားတဲ့ Treatment ရဲ့ နည်းလမ်းအဆင့်ဆင့်ကို ဖော်ပြပေးပါမယ်။

ပထမဆုံး 5 in 1 Cleanser Gel types ကို အသုံးပြုပြီး မျက်နှာမှာရှိတဲ့ မိတ်ကပ်၊ အဆီနဲ့ ဖုန်စတဲ့ ပြင်ပအညစ်အကြေးတွေ သန့်စင်စေဖို့ မျက်နှာအနှံ စက်ဝိုင်းပုံစံနှိပ်နယ်ပြီး မျက်နှာသစ်ပေးပါတယ်။
5 in 1 ဆိုတဲ့အတိုင်း တစ်မျိုးထဲသုံးရုံနဲ့ pH balancer, Makeup Remover, Deep Face Cleanser, Moisturizing Properties, Sensitive Skin Conditioning စတဲ့ Facial Treatment Effects 5 မျိုး ရရှိစေမှာ ဖြစ်ပါတယ်။

Facial Peeling Treatment ပြုလုပ်ပေးပါ တယ်။ Jyunka ရဲ့ Peeling kit ဟာ အသီးက ထုတ်ယူရရှိတဲ့ သဘာဝ Acid ကို အသုံးပြုထားတဲ့အတွက် မည်သည့်အသားအရေမျိုးနဲ့မဆို ကိုက်ညီပြီး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Peeling ပြုလုပ်ခြင်းကြောင့် ရရှိစေမယ့်အကျိုးကျေးဇူးကတော့ အရေပြားပေါ်က ဆဲလ်သေတွေကို နက်ရှိုင်းစွာ ဖယ်ထုတ်ပေးနိုင်တဲ့အတွက် အသားအရေကို ကြည်လင်စေပါတယ်။ ဆဲလ်သစ်မွေးမြူလာစေဖို့ အားပေးလှုံဆော်ပေးတဲ့အတွက် အသားအရေမညီညာ၊ ကြမ်းတမ်းခြင်းများကို သိသာစွာ သက်သာလျော့ပါးစေပါတယ်။
မျက်နှာအသားအရေကို ရေဓာတ်ရရှိစေပြီး နှုးညံ့ပျော့ပျောင်းစေဖို့အတွက် ရေနွေးငွေ့ ၅ မိနစ် ခန့်ပေးပါတယ်။

Peeling ပြုလုပ်အပြီး သန့်စင်ချောမွတ် နေတဲ့ အသားအရေကို အားဖြည့်ပေးဖို့အတွက် Jyunka Balance Whitening Serum ကို လက်ချောင်းထိပ်လေးများနဲ့ မျက်နှာပြင်အနှံ့ ညင်သာစွာ လိမ်းပေးပါတယ်။


ဒီအဆင့်ကတော့ အရမ်းထိရောက်မှုရှိတဲ့ Jyunka m+ fluid ကို သုံးပြီး မျက်နှာအနှံ့ အသားအရေအတွင်းပိုင်းအထိ စိမ့်ဝင်မှုရှိစေအောင်  Facial Massage Treatment ကို စနစ်တကျ Step by Step မိနစ် ၂၀ ခန့် ပြုလုပ်ပေးတာပါ။ Vitamin C ပါဝင်တာကြောင့် မျက်နှာပေါ်မှာရှိတဲ့ အစက်အပြောက် အရေးအကြောင်းများကို လျော့ပါးစေပြီး ချွေးပေါက်ကျယ်ခြင်းများကိုလည်း လျော့ပါးစေပါတယ်။ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့အတွက် မျက်နှာအသားအရေကို သိသာစွာ တင်းရင်းတောက်ပစေပါတယ်။

Steam Anti-aging & Whitening Mask ကို မျက်နှာပြင်အနှံ့ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့် ထားပေးပါတယ်။ အရေးအကြောင်းများနဲ့ အသားအရေခြောက်သွေ့ခြင်းကို သက်သာစေပြီး အသားအရေကို ဖြူဝင်းတောက်ပစေပါတယ်။
အဲဒီနောက်မှာတော့ အစိုဓာတ်ဖြည့်တင်းပေးပြီး အသားအရေမညီညာမှု၊ အသားအရေ ညစ်နွမ်း ရင့်ရော်စေမှုတို့ကို ကာကွယ်ကုသပေးပြီး ပြန်လည်ထိန်းညှိပေးကာ ဖြူဝင်းလှပစေတဲ့ Balance Whitening Cream ကိုလိမ်းပေးပါတယ်။

အရေးကြီးဆုံး အဆင့်တစ်ခုဖြစ်တဲ့ UV Cream လိမ်းပေးပါတယ်။ Jyunka ရဲ့ UV ဟာ SPF 50 ပါဝင်ပြီး နေရောင်ဒဏ်ကို ၈ နာရီကြာ ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့အပြင် အသားအရောင်အမျိုးမျိုးနဲ့လည်း လိုက်ဖက်ညီတဲ့အတွက် ပြောင်လက်တောက်ပ ကျန်းမာတဲ့ အသားအရောင်ကို ရရှိစေပါတယ်။

နောက်ဆုံးမှာတော့ တစ်နေ့တာလုံး အစိုဓာတ်ထိန်းသိမ်းမှုပေးပြီး အေးမြလန်းဆန်းနေဖို့နဲ့ မျက်နှာလေးတင်းရင်း လှပနေစေဖို့အတွက် Lifting Mist Spray လေး ဖျန်းပေးလိုက်ပါတယ်။

ခုလို Step by Step သေချာစွာ အချိန်ယူပြုလုပ်တဲ့ Skin Care Treatment ကို နှစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးမယ်... Skincare ကိုလည်း ဂရုတစိုက်အသုံးပြုပေးမယ်... အပြင်ထွက်တဲ့အခါ
တိုင်းမှာလည်း UV Cream ကို သေသေချာချာ လိမ်းပေးမယ်ဆိုရင်တော့ အကောင်းဆုံး အသားအရေထိန်းသိမ်းမှု နဲ့ နုပျိုလန်းဆန်းတဲ့ အလှတရားကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်ရှင်။
Model - L Bawk Nu
Photo & Retouch - Thardu Ko Ko