Primary tabs

Film Star & Advices

သဲမွန်ထွန်း

မော်ဒယ်လ် - မေသန်းနု

မိတ်ကပ် - ညီညီမောင် (စမ်းချောင်း)

ဓာတ်ပုံ - လမင်းနိုင်

နေ့တစ်နေ့ရဲ့အစဆိုရင်

“မနက်မိုးလင်းတာနဲ့ မျက်နှာကို အရင်သစ်တယ်၊ နိုးနိုးချင်းမှန်ထဲမှာ ကိုယ့်အသား အရေကို ကြည့်ရတယ်။ အိပ်ပြီးထလာ တဲ့အခါ မျက်နှာကျနေတာလား၊ ဖောင်းနေတာလား စသဖြင့်ပေါ့။ ပြီးတော့ မျက်လုံးအောက်က အရေးအကြောင်းတွေကို ကြည့်ရတယ်။

တစ်နေ့တာ လိမ်းတဲ့ Day cream ၊ Night cream တွေရှိတယ်။ ကိုယ်နဲ့တည့်မတည့် အမြဲတမ်း ကြည့်ရတယ်၊ မတည့်ဘူး ဆိုတာနဲ့ ချက်ချင်းရပ်ပစ်လိုက်ရတယ်။ ကြာကြာစွဲသုံးတဲ့ Skincare တော့ မဆင့်မှာမရှိဘူး။ အမျိုးအစားတွေကအများကြီး ပေါ်လာတယ် ဆိုတော့လေ။ အရင်ကတော့ shiseido သုံးတယ်၊ အခုက dermatology သုံးတယ်၊ အရင်ကတော့ ဒီမှာဝယ်လို့မရဘူး၊ မဆင့်ကို တူမလေးကအင်္ဂလန်ကနေ လှမ်းပို့ပေးတယ်၊ အခုတော့ မြန်မာနိုင်ငံမှာ လာဖွင့်ပြီဆိုတော့ ၀ယ်လို့ရပြီ၊ သူက မဆင့်တို့လို အသက်အရွယ် တွေအတွက် ကောင်းတယ်၊ မဆင့်နဲ့အရမ်းတည့်တယ်၊ အဲ့ဒါပဲ ပြန်သုံးဖြစ်တယ်၊ တင်းတိပ်လည်း ကာကွယ်ပေးတော့ မဆင့်အသက် အရွယ်နဲ့အဆင်ပြေတယ်။ နောက်ပြီး ကိုရီးယား brand တွေပေါ်လာတော့ ပွဲတွေသွားတဲ့အခါ မိတ်ဆွေတွေဆီက လက်ဆောင်တွေ ရတော့ မဆင့်သုံး ကြည့်တယ်၊ ကိုရီးယား brand  ၃ မျိုးလောက် သုံးဖူးတယ်၊ တချို့ကျတော့ အရမ်းကောင်းတယ် သိသာတယ်၊ တချို့ကျတော့မသိသာဘူး။ Brand တစ်ခုကလည်း နာမည်ကြီးလာပြီဆိုတာ ဖော်စပ်ထားတဲ့ နည်းပညာက အများလက်ခံလို့ ကောင်း လို့ဖြစ်တဲ့အတွက် ယုံယုံကြည်ကြည်နဲ့သုံးလို့ရတာပေါ့နော်။ အဓိကကတော့ ကိုယ့်အသားအရေနဲ့ ကိုက်မကိုက်ပါပဲ“

အစားအစာဆိုရင်

”ထမင်း(၂)နပ်တော့ ပုံမှန်စားတယ်၊ လူ တစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရဆိုတာ ရှိတယ်လေ။ မနက်စာဆို မုန့်ဟင်း ခါး၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်စသဖြင့်ပေါ့။ ကော်ဖီလေးနဲ့တွဲ ပြီးစားဖြစ်တယ်၊ အိမ်မှာလုပ်တဲ့ ဟာကိုပဲစားတယ်။ နေ့လည်ထမင်းစား ချိန်ရောက်တော့လည်း နည်းနည်းနဲ့ ပုံမှန်စားတယ်။ ခြေ ၄ ချောင်းသားကို မဆင့်ရှောင်တော့ တစ်ခါတည်းပါသွားတာပေါ့။ အဲဒီတော့ ငါး ၊ ကြက်နဲ့ အရွက်ကြော်လေးတွေစားတယ်။ ထမင်းနည်းနည်းစား ရေသောက် အဲဒီလောက်ဆိုဝသွားပြီ။ ပြီးရင် သစ်သီးစားနေကျ။ မစား ရရင်ညစာဆိုလည်း ဒီလိုပဲပုံမှန်စားတယ်၊ စောစောစားတာမျိုးတို့ ဘာတို့မရှိဘူး၊ အချိန်လည်းကြည့်လုပ်လို့ရတဲ့ သူမဟုတ်တော့”

အားကစားဆိုရင်

“ငယ်ငယ်တုန်းကတော့ ကစားဖြစ်တယ်၊အခုကျတော့ အနေအထိုင် အစားအသောက်နဲ့ပဲ ထိန်းသွားတယ်၊ အသက်လည်း ကြီးလာတော့ အမောလည်းမခံနိုင်ဘူး နှလုံးကလည်းမရဘူး။ထွေထွေထူးထူး လေ့ကျင့်ခန်း လုပ်တာမျိုး မရှိဘူး၊ နေ့ခင်းဆိုလုံးဝမအိပ် ဘူး၊ မအိပ်ဖြစ်တော့လည်း မအိပ်တတ်တော့တာပေါ့။ အလုပ်တစ်ခုကို ကြံဖန်ပြီးလုပ်နေတယ်။ အဓိကကတော့ စားပြီးထိုင်မနေဖို့ပေါ့။ အခုဆိုင်ကလည်း ဖွင့်ထားပြီဆိုတော့ အလုပ်ကအမြဲရှိနေပြီပေါ့၊ ဒါလည်း လေ့ကျင့်ခန်းတစ်ခုပေါ့၊ အလုပ်လုပ်နေမှ မျှော်လင့်ချက်ရယ် တက်ကြွမှုရယ်ရှိမှာပေါ့နော်။ အလုပ်နဲ့လက်မပြတ်အောင်နေတာပေါ့”

အသက်(၄၀)ကျော်လာတဲ့ အမျိုးသမီးတွေ အတွက်

“(၄၀)ကျော်လာရင် မျက်လုံးအရေး ကြောင်း၊ ဗိုက်အဆီတက်တာ ဒါတွေကသိသာလာပြီ၊ ဒီဘက်ခေတ်မှာ အလုပ်လုပ်လာ ကြတဲ့ အမျိုးသမီးတွေများလာပြီလေ၊ ဒီအခါကျတော့ လူအပုံလယ်မှာ စမတ်ကျဖို့လိုတယ်လေ၊ ပွဲတွေများတဲ့ အခါကျတော့ ၀တ်စားတာ များလာပြီလေ၊ ၀တ်စုံများများဝတ်ရတဲ့အခါ ကိုယ်လုံးလေး ကြည့်ကောင်းနေဖို့လိုတာပေါ့။ တကယ့်ပွဲကြီးသွားရင် မြန်မာဝတ်စုံလေး ၀တ်ရတယ်၊ မြန်မာဝတ်စုံကျတော့ ဗိုက်အဆီမရှိတဲ့ အမျိုးသမီးတွေက အဆင်ပြေတယ်၊ အဆီရှိတဲ့သူတွေကျတော့ ကိုယ်လုံးပျောက် သွားတာပေါ့။ ၀ိတ်တက်တာကလည်း အသက်အရွယ်ကြောင့်၊ မျိုးရိုးကြောင့်ရယ်ဆိုပြီး အမျိုးမျိုးရှိတယ်လေ၊ ကိုယ်တွေက ထမင်းစား တော့ ဗိုက်မှာအဆီစုလွယ်တာပေါ့၊ နည်းနည်းနဲ့ပုံမှန်ပဲစား၊ အသီးအရွက်လည်း စားပေါ့လို့ မဆင့်ကတော့ အကြံပြုချင်ပါတယ်။ အဓိက ကတော့ နည်းနည်းနဲ့ ပုံမှန်စားတာ အကောင်းဆုံးပါပဲ”