Primary tabs

Ladies & Advices

မော်ဒယ်လ် - စမိုင်း

ဆံပင်၊ မိတ်ကပ် - လင်းလင်း (Makeup Artist)

ဓာတ်ပုံ - လမင်းနိုင်

Ladies & Advice ... အမျိုးသမီးပရိသတ်များအတွက် Cele အမျိုးသမီးတို့ရဲ့ အလှအပရေးရာ ဂရုစိုက်မှုအဖြာဖြာကို အကြံပြုတင်ဆက်လိုက်ပါတယ်။

ကျန်းမာလှပခြင်းနဲ့ပတ်သတ်ရင် အဓိကအခြေခံဖြစ်တဲ့ အသားအရေကောင်းမွန်စေဖို့ ဂရုစိုက်နေထိုင်စားသောက်ပုံနှင့် ဓာတ်မတည့်မှုနဲ့ပတ်သတ်ပြီး ဗဟုသုတဖြစ်စရာ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးဖို့အတွက် Makeup Store Brand ကို မြန်မာနိုင်ငံသို့ တင်သွင်းခေါ်ဆောင်လာခဲ့တဲ့ စမိုင်းနှင့် တွေ့ဆုံဖြစ်ခဲ့ပါတယ်။

“အသက်(၂၅)နှစ်ကျော်ရင် အမျိုးသမီး တွေက skincare ကို ဂရုစိုက်ရတော့မယ်ဆိုတော့ အစ်မမိတ်ကပ်မလိမ်းခင် အဆင့်ဆင့် လိမ်းဖြစ်ပါတယ်။ ပထမဦးဆုံး မျက်နှာသစ်ပြီးရင် essence လိမ်းတယ်၊ toner လိမ်းတယ်၊ ပြီးတော့ day cream(UV ပါတာမျိုးပေါ့) ၊ ပြီး တော့ serum (Brightening ပါတာ) ၊ ပြီးတော့မှ အောက်ခံမိတ်ကပ်လိမ်းတယ်၊ မိတ်ကပ်မလိမ်းချင်ရင် cake powder လိုမျိုးပေါ့ မိတ် ကပ်အတိုင်း ဖုံဖုံလေးဖြစ်တဲ့ဟာကို လိမ်းတယ်။ ပြီးမှ မျက်လုံးခြယ်၊ မျက်တောင်ကော့ နှုတ်ခမ်းနီဆိုးပေါ့။ အခု Makeup Store ဆိုင်ကို ဖွင့်ထားတော့ အစ်မဆိုင်ရောက်တာနဲ့ အပြည့် အစုံလူးဖြစ်တယ်။ ကာလာတွေလည်း အစုံခြယ် ဖြစ်ပါတယ်”

“အစ်မစွဲမြဲပြီး သုံးနေတာက SK 2 ရယ် Makeup Store ရယ်ပဲရှိပါတယ်။ အစ်မရဲ့ အသားအရေက ထိခိုက်လွယ်တော့ ဒါ အဆင်ပြေပြီဆို ဒါပဲအစ်မစွဲသုံးလေ့ရှိတယ်။ Makeup Store ကိုအစ်မဟိုးအရင်ကတည်းက သုံးဖြစ်တယ်၊ olu skincare ၊ cosmetics အကုန်ရှိတော့ အဆင် ပြေတယ် အဲ့ဒါနဲ့ ဒီမှာ franchise ယူပြီး အစ်မဆိုင် ဖွင့်ဖြစ်သွားတယ်။ ဟိုမှရတာ ဒီမှာလည်း အကုန်ရပါတယ်။ up date ဖြစ်ပါတယ်”

“ခန္ဓာကိုယ်အလှကိုယ်တော့ အရင်တုန်းက gyn  ဆော့ဖြစ်တယ်၊ အခုနောက်ပိုင်း ဆိုင်ရယ်၊ ကုမ္ပဏီရယ်၊ အစ်မသမီးတွေရယ် နဲ့ မသွားဖြစ်တော့ပါဘူး၊ အဓိကက မိဘဖြစ်တော့ ကလေးတွေ ကျန်တာကိုစားရင်း လက်ကျန်တွေရှင်းရင်း ရှင်းရင်းနဲ့ အစ်မ၀လာတာပဲ။ အခုဆို ညဘက်ဒင်နာတွေလည်းရှိတော့ အစ်မညစာရှောင်လို့မရဘူး၊ အဲ့တော့ အသီးအရွက်ကို အစ်မဗိုက်ဝအောင်များများစားလိုက် တယ်။ နောက်ပြီး ပေါင်မုန့်ဆို အကြမ်း၊ နို့ဆိုရင် အဆီထုတ်ထားပြီးသား အဲ့လိုအဆီအနှစ် လျှော့ထားပြီးသားတွေ ကိုပဲ စားဖြစ်တယ်။ ကိုယ်က ကလေးမွေးထားတာ ဖြစ်တော့ ကလေးအမေတွေကို ပိုပြီးတက်လွယ်တော့ သတိထားရတယ်”

“အစ်မက sensitive ဖြစ်တော့ ရက်လွန်နေတဲ့ အလှကုန်တွေဆို သတိထားရတယ်၊ အစ်မဖြစ်ဖူးတာက နှုတ်ခမ်းနီပေါ့၊ ဆိုးမိ တာနဲ့ နှုတ်ခမ်းနားတ၀ိုက် ပတ်ပတ်လည်က ယောင်လာတာ၊ ယားလာတာ။ နောက် ဖန်စီပစ္စည်းလေးတွေ ဆိုရင် ၀တ်ပြီးတာနဲ့ အသားက ညိုလာရော။ အဲဒီအခါကျ cooling gel လိုမျိုးလိမ်းပြီး နေရတယ်။ ပြီးရင်တော့ တဖြည်းဖြည်းသက်သာသွား ပါတယ်”

“အစ်မတို့လို မိသားစုရှိတဲ့ အမျိုးသမီးတွေက ပိုပြီးဂရုစိုက်သင့်တယ်။ မိသားစုတာဝန်နဲ့ဆိုတော့ အလှအပကို ဂရုမစိုက် နိုင်ကြဘူး ဖြစ်လာတယ်။ အမှန်ကတော့ ကလေးမွေးထား တဲ့သူဆိုရင် ပိုပြီးဂရုစိုက်သင့်တယ်၊ ဆွဲဆောင်မှု ရှိအောင်ပြင်ရမယ်။ ကိုယ့် ရဲ့အိမ်ထောင်ဘက်ကို ဆွဲဆောင်မှုရှိအောင်နေရမယ်။ ဒါမှ အိမ်ထောင်တစ်ခုကိုထိန်းသိမ်းပြီး မြန်မာ့ထုံးတမ်းစဉ်လာအတိုင်း တစ်လင် တစ်မယားဘ၀နဲ့ ရိုးမြေကျ နေသွားနိုင်မှာပါ”