Primary tabs

Yes, I can! Makeup DIY

အချိန်တိုင်းမှာ လှပ စမတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသွင်သဏ္ဍာန်အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစွာ ပြင်ဆင်ခြယ်သတတ်ဖို့ဟာ အရေးပါတဲ့ လိုအပ်ချက်တစ်ခုပါ။

အဲဒီ လိုအပ်ချက်လေးကို စိတ်ဝင်တစားရှိတဲ့ ပျိုလေးတို့အတွက် မော်ဒယ်လ် ပိုးအိဖြူဇင်က Day Look ရော Night Look အတွက်ပါ မိတ်ကပ်ပြင်ဆင်ခြယ်သနည်း (၂) မျိုးကို ကိုယ်တိုင် အဆင့်ဆင့်လိမ်းခြယ်ပြသပေးသွားမှာ ဖြစ်ပါတယ်။

ဒီတော့ နေ့ဘက် အပြင်ထွက်ဖို့ပဲဖြစ်ဖြစ်... ညဘက် ပွဲတက်ဖို့ပဲဖြစ်ဖြစ်... အချိန်မရွေး နေရာမရွေး ခေါင်းစားနေစရာမလိုဘဲ ပေါ့ပေါ့ပါးပါးလေး လှပနေစေဖို့ ပိုးအိရဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးကို Step by step လေ့လာကြည့်လိုက် ရအောင်...။

Day Look Makeup
နေ့ဘက် အပြင်အဆင်ဖြစ်တဲ့အတွက် မျက်နှာပေါ်မှာ မိတ်ကပ်ခပ်ပါးပါး၊ ကာလာရှင်းရှင်းသန့်သန့်လေးနဲ့ လှနေအောင် ခြယ်သပါမယ်နော်။
မိတ်ကပ်ပြင်ဆင်မှုတိုင်းအတွက် ပထမဆုံး မျက်နှာကို သန့်စင်အောင်သစ်ပေးပြီး Moisturizer သုံးပေးရပါမယ်။ အဲဒီနောက်မှာမှ...


*အောက်ခံမိတ်ကပ်ရည်ကို ညီညာစွာ လူးပေးပါတယ်။
*မျက်ကွင်းညိုတဲ့ နေရာလေးတွေကို ဖုံးအုပ်ဖို့အတွက် Concealer သုံးပေးပါတယ်။ 


*မျက်လုံးအောက်နဲ့ ပါးမို့တစ်ဝိုက်မှာ ပေါင်ဒါများများတင်ပြီး Bake လုပ်ပါတယ်။


*Eyeshadow အတွက် အသားအရောင် မရွေးလိုက်ဖက်တဲ့ အညိုဖျော့ဖျော့ကာလာလေးကို ရွေးချယ်ထားပါတယ်။စုတ်တံကိုသုံးပြီး စက်ဝိုင်းပုံစံလေးရွေ့လျားကာ ခြယ်ပေးပါတယ်။
*မျက်ခွံအလယ်နေရာမှာ အညိုရောင် အလက်အလက်လေးတွေ ထည့်ပါတယ်။
*မျက်လုံးအတွင်းထောင့် နေရာတွေကိုတော့ အဖြူရောင် Shadow လေးတွေ နည်းနည်းစီ ထည့်ပေးပါတယ်။
*မျက်ခွံပေါ်ကို Eyeliner တင်ပြီး အနားသတ်ကို ကော့ကော့လေးဖြစ်အောင်ဆွဲပေးပါတယ်။
* မျက်လုံးနှစ်ဖက်စလုံးကို ညီညာစွာ ခြယ်ပြီးတဲ့အခါ အဆင့် (၃) မှာ Bake လုပ်ထားတဲ့ ပေါင်ဒါများကို Brush လေးနဲ့ ပြန်ခါပေးပါတယ်။


* မျက်ခုံးဆွဲဖို့အတွက် ပိုးအိကတော့ Gel Type ကိုသုံးပါတယ်။ Gel သုံးရတဲ့ အားသာချက်ကတော့ ကာလာ အဖိအဖော့ကို ကိုယ်လိုသလိုချိန်ဆထည့်လို့ကောင်းပါတယ်။ အခုက Day Look ဖြစ်တဲ့အတွက် Dark Brown ကာလာလေးကို ရွေးထားပါတယ်။
မျက်ခုံးဆွဲတဲ့နေရာမှာ အမြီးနေရာလေးကို စဆွဲပါတယ်။ ပိုပြီးထင်းထင်းလေးဖြစ်အောင်ဆွဲပါတယ်။
မျက်ခုံးအရင်းကို ဆွဲတဲ့အခါ Brush ကို အပြားလိုက်မကိုင်ဘဲ ဘေးတိုက်သုံးပေးပြီး မျက်ခုံးမွှေးအမျှင်လေးတွေအတိုင်း တစ်ပင်ချင်းစီဖြစ်အောင် ခပ်ပါးပါးလေးဆွဲပေးပါတယ်။ 


*မျက်တောင်ကော့တဲ့အဆင့်မှာတော့ မျက်တောင်ကော့ဆေးအဖြူရောင်နဲ့ အရင်ကော့ပြီးမှ အမည်းရောင်နဲ့ထပ်ကော့ပေးပါတယ်။ မျက်တောင်အတုမတပ်ချင်လို့ ပင်ကိုမျက်တောင်ကိုပဲ ကော့လိုက်တာပါ။       
*ပါးနီလိမ်းတဲ့နေရာမှာ အညိုရောင်လေးသုံးပြီး ပါးရိုးနဲ့မေးရိုးတွေ သွယ်သွားအောင် ပထမဆုံး ခြယ်ပေးပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ပါးမို့ပေါ်ကို ပန်းရောင်လေးခြယ်ပေးပါတယ်။ 


*နှုတ်ခမ်းဆိုးဆေးကိုတော့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်မှုရှိတဲ့ Nude Color လေးပဲ ရွေးလိုက် ပါတယ်။
*နောက်ဆုံးအဆင့်အနေနဲ့ မျက်နှာလေး တစ်ခုလုံးလင်းလက်သွားအောင် Highlighter ကို လက်ချောင်းထိပ်လေးနဲ့တို့ယူပြီး နှာခေါင်းထိပ်၊ အပေါ်နှုတ်ခမ်းနေရာ၊ မေးစေ့နဲ့ မျက်ခွံအစွန်းနှစ် ဖက်ကို တင်ပေးလိုက်ပါတယ်။

ဒီအဆင့်တွေ အားလုံးပြီးပြီဆိုရင်တော့ နေ့ဘက်အပြင်ထွက်ဖို့ မိတ်ကပ်ပြင်ဆင်မှုလေး ပြီးပြည့်စုံလောက်ပါပြီနော်။ ညပွဲတက်အတွက် ဘယ်လိုခြယ်သရမလဲဆိုတာလေး ဆက်လက်ရှုစားကြည့်ရအောင်...။

ညပွဲတက်အတွက် ဘယ်လိုခြယ်သရမလဲဆိုတာလေး ဆက်လက်ရှုစားကြည့်ရအောင်...။

Night Look Makeup
Night Makeup အပြင်အဆင်မှာလည်း Foundation အဆင့်တွေက Day Makeup နဲ့ အတူတူပဲ ဖြစ်ပါတယ်။  ပထမဆုံးမျက်နှာကို သန့်စင်အောင်သစ်ပေးပြီး Moisturizer သုံးပေးရပါမယ်။


*အောက်ခံမိတ်ကပ်ရည်ကို ညီညာစွာ လူးပေးပါတယ်။
*မျက်ကွင်းညိုတဲ့နေရာလေးတွေကို ဖုံးအုပ် ဖို့အတွက် Concealer သုံးပေးပါတယ်။ 
*မျက်လုံးအောက်နဲ့ ပါးမို့တစ်ဝိုက်မှာ ပေါင်ဒါများများတင်ပြီး Bake လုပ်ပါတယ်။        
*Eyeshadow အတွက် အညိုရင့်ရင့်ဘက်ကို သွားတဲ့ ကာလာ (၃) မျိုးကို ရွေးချယ်ထားပါတယ်။

* Shadow အညိုရောင်ကို မျက်ခုံးဆွဲထားတဲ့ အစွန်းနားအထိ ဖြန့်ပြီး ခြယ်ပေးပါတယ်။
* ပိုရင့်တဲ့ အညိုရောင်ကို မျက်ရစ်နေရာမှာ ခြယ်ပြီး  မျက်လုံးအတွင်းထောင့်နားတွေကို ခုံးခုံးလေးဆွဲပြီး ခြယ်ပေးပါတယ်။


*နောက်တစ်ဆင့်အနေနဲ့ မျက်ရစ်နေရာကို  Concealer ထပ်တင်လိုက်ပြီး Brush လေးနဲ့ ညှိပေးပါတယ်။
*Concealer ပေါ်မှာထပ်ပြီး Shadow အညိုရောင်အပြောင်လေး သုံးလိုက်ပါတယ်။ နောက်ဆုံးမှာ မျက်ခွံတစ်ခုလုံးကို ကာလာညီသွားအောင် လက်ချောင်းလေးနဲ့ ညှိပေးလိုက်ပါတယ်။
*Eyeshadow သုံးရောင်လုံးခြယ်ပြီးတဲ့အခါ မျက်ခုံးရိုးအောက် ကပ်လျက်နေရာကို ဂွမ်းတံလေးသုံးပြီး အဖြူရောင်လေးနည်းနည်းခြယ်လိုက်ပါတယ်။

*Eyeliner ကို ထူထူလေးဆွဲပြီး အဖျားကို ပိုပြီးရှည်ရှည်ကော့ကော့လေးဖြစ်အောင် ဆွဲပေးပါတယ်။
*Eyeliner ဆွဲပြီးနောက် မျက်တောင်တုတပ်ပါမယ်။ ညဘက်မိတ်ကပ်ဖြစ်တဲ့အတွက် ပိုမိုနက်မှောင်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေး တွေဖြစ်ဖို့ မျက်တောင်တုကို ရှည်ရှည်ထူထူလေး သုံးထားပါတယ်။
*အောက်မျက်တောင်လေးတွေကိုလည်း ထင်ရှားအောင် Mascara စုတ်တံကို ဘေးတိုက်ဆွဲပြီး ကော့ပေးပါတယ်။


*မျက်ခုံးကိုလည်း ခပ်ထင်းထင်းလေး ဆွဲပေးပါတယ်။ 


* Bronzer သုံးပြီး ပါးရိုးနဲ့ မေးရိုးလေးတွေ ချပေးပါတယ်။
*Two Way Cake သုံးပြီး မျက်လုံးအောက်ဘက်နဲ့ ပါးအလယ်နေရာတွေကို နည်းနည်းပုတ် ပေးပါတယ်။
*Highlighter ကို အ၀ါအဖြူဘက် ဖောက်တဲ့ကာလာသုံးပြီး ပါးရိုးတစ်လျှောက်ပေါ် High-light လုပ်ပေးပါတယ်။


*နှုတ်ခမ်းနီကိုတော့ Eyeshadow Color နဲ့ လိုက်ဖက်ပြီး ညပွဲမှာ ထင်းထင်းလင်းလင်း ဖြစ်စေ မယ့် နီညိုရင့်ရင့်ကို ရွေးချယ်လိုက်ပါတယ်။
*နောက်ဆုံးအဆင့်အနေနဲ့ မျက်နှာလေးတစ်ခုလုံး လင်းလက်သွားအောင် Highlighter ကို လက်ချောင်းထိပ်လေးနဲ့တို့ယူပြီး နှာခေါင်းထိပ်၊ 
အပေါ်နှုတ်ခမ်းနေရာ၊ မေးစေ့နဲ့ မျက်ခွံအစွန်းလေးနှစ်ဖက်ကို တင်ပေးလိုက်ပြီဆိုရင် ဆွဲဆောင်မှု အပြည့်နဲ့လှနေတဲ့ Night Look Makeup အပြင် အဆင်လေးကို တွေ့နိုင်ပါပြီ။
ခုလိုပြင်ဆင်ပြသွားတဲ့ ပိုးအိရဲ့ Makeup DIY အစီအစဉ်လေးကို ဗီဒီယိုဖိုင်ကြည့်ရှုနိုင်ဖို့ အတွက်လည်း ရိုက်ကူးတင်ဆက်ထားတာမို့ www.people.com.mm မှာ ၀င်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ ချစ်ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

Model - Poeei Phyuzin
Photo & Retouch - Aung Ko Ko (Gray Hills)