Primary tabs

နေလောင် အမည်းစက်ကင်း နုပျိုခြင်းအတွက်

နွေရာသီ အားလပ်ရက်တွေမှာ ပျော်ပျော်ပါးပါးခရီးသွားရင်း အသားအရေလေးတွေ နေဒဏ်ခံလာရတာပဲဖြစ်ဖြစ်...
နေပူပူမှာ ရေတွေစိုစိုရွှဲလို့ သင်္ကြန်ပွဲတော်ကြီးမှာ ကဲခဲ့သမျှ နေလောင်မည်းကွက်လာခဲ့ရင်ပဲဖြစ်ဖြစ်...
ဘယ်လိုအကြောင်းမျိုးကြောင့် အသားအရေ ပျက်စီးနေပါစေ...
နဂိုနေထက်ကို ပိုမိုဖြူဖွေးစိုပြေလာစေမယ့် အသားလှကုထုံးလေးတစ်ရပ်ကို တင်ဆက်ပေးချင်ပါတယ်။ 
ဒီ့အတွက်  Derma Grand Aesthetic Clinic ကို သွားရောက်ပြီး သီဆိုဖျော်ဖြေရေးကိစ္စတွေနဲ့ ခရီးမကြာခဏထွက်ရလေ့ရှိတဲ့ အဆိုတော်မလေး အေမီဈာန်ရဲ့ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ကုထုံးလေးကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ခရီးသွားလာလည်ပတ်ရင်း နေအပူဒဏ်ကြောင့် အသားအရေထိခိုက်သလို မီးရောင်တွေကြောင့် အမဲအစက်အပြောက်လေးတွေ ထွက်လာစပြုနေပြီဖြစ်တဲ့ သူမရဲ့အသားအရေအတွက် Derma Grand Aesthetic Clinic မှ ဒေါက်တာက Oxygen Facial Treatment နဲ ပထမဆုံးပြန်လည် ကျန်းမာလာအောင်လုပ်ဖို့ Recommend ပေးပါတယ်။ 
Oxygen Treatment ရဲ့ အကျိုးကျေးဇူးတွေကတော့ အဆင့် ၉ ဆင့်နဲ့ အသားအရေကို အောက်ဆီဂျင်အားဖြည့်ပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေဖြစ်လာပြီး အသားအရေ အသစ်ဖြစ်လာ အောင် လှုံ့ဆော်ပေးပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းလာတဲ့အတွက် ကော်လာဂျင်ထုတ်လုပ်မှု အားကောင်းလာပါတယ်။ သန့်စင်တဲ့ အောက်ဆီဂျင်ဓာတ်နဲ့ အားဖြည့်ပေးတာကြောင့် အသားအရေစိုပြေ ကြည်လင်လာစေပါတယ်။ နဖူးပြင်က အရေးအကြောင်းတွေကို သက်သာစေပြီး မျက်ခုံးနဲ့ မျက်ခွံတစ်ဝိုက်ကို ပင့်တင်တင်းရင်းစေပါတယ်။ ပါးပြင်နဲ့ မေးရိုးကိုလည်း တင်းရင်းသွယ်လျစေပါတယ်။ အသက်အရွယ်မရွေးသင့်တော်တဲ့ Treatment တစ်ခုဖြစ်ပါတယ်။


Step 1 : မျက်နှာပေါ်က မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို သန့်စင်သွားအောင် Makeup Remover ၊ Cleansing Milk တို့နဲ့ သန့်စင်ပေးပါတယ်။ 


Step 2 : Toner လိမ်းပေးပြီး ချွေးပေါက်လေးတွေ ပွင့်သွားအောင် ရေနွေးငွေ့နဲ့ ၅ မိနစ်ခန့် ပေါင်းခံပေးပါတယ်။


Step 3 : Pure Oxygen Photon Mask နဲ့ မျက်နှာ တစ်ခုလုံးကို ၁ဝ မိနစ်ကြာ အုပ်ပေးပါတယ်။ အသန့်စင်ဆုံးအောက်ဆီဂျင်ပေးပြီး အသားအရေကို အေးမြကြည်လင်စေတဲ့အပြင် Light Therapy ကိုပါ တွဲထားပါတယ်။


Step 4 : O2 Sprayer နဲ့ မျက်နှာတစ်ပြင်လုံးကို အောက်ဆီဂျင်ဖျန်းပေးပါတယ်။ သူက အသားအရေကို အေးမြသွားစေပြီး Relax ဖြစ်စေတဲ့အတွက် မျက်နှာမှာ နေလောင်ဒဏ်ကြောင့် ရောင်ရမ်းတာကို သက်သာစေပါတယ်။ 


Step 5 : O2 Injector နဲ့ မျက်နှာတစ်ပြင်လုံးကို အောက်ဆီဂျင်သွင်းပေးပါတယ်။ မျက်နှာတစ်ပြင်လုံးက အရေးအကြောင်းတွေကို သက်သာစေပါ တယ်။ 


Step 6 : မျက်နှာအသားအရေရဲ့ လိုအပ်ချက်အလိုက် အာဟာရဓာတ်ဖြည့်ပေးတဲ့ ဆေးခရင်မ်များ လိမ်းပေးပြီး Supersonic နဲ့ အသားထဲ စိမ့်ဝင်အောင် မျက်နှာတစ်ပြင်လုံး ပွတ်ပေးပါတယ်။ 
အေမီဈာန်ကိုတော့ အမဲစက်လေးတွေ မှေးမှိန်သွားစေမယ့် ဆေးခရင်မ်ကို အသုံးပြုပေးပါတယ်။ အသားအရေ လိုအပ်ချက်အလိုက် အသားဖြူစေ ဖို့၊ တင်းတိတ်တွေသက်သာစေဖို့နဲ့ အထိခိုက်မခံတဲ့ အသားအရေတွေအတွက် ကုသမှုတွေလည်း ရှိပါတယ်။ 


Step 7 : မျက်လုံးနားတစ်ဝိုက်အတွက် အထူးပြုလုပ် ထားတဲ့ Supersonic နဲ့ မျက်လုံးနားက အရေးအကြောင်းတွေ သက်သာအောင်၊ အသားအရေ တင်းရင်းအောင် ပွတ်ပေးပါတယ်။


Step 8 : BIO-photon နဲ့ မေးရိုးနားတစ်ဝိုက်ကို ပွတ်ပေးပါတယ်။ သွေးလည်ပတ်မှု အားကောင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ မျက်နှာသွယ်လျစေပြီး V-Shape ဖြစ်အောင် အားပေးပါတယ်။


Step 9 : နောက်ဆုံးအဆင့်အဖြစ် Radio Frequency နဲ့ မျက်နှာတစ်ပြင်လုံးရယ်၊ မျက်လုံးနား တစ်ဝိုက်ရယ်ကို Treatment ပေးပါတယ်။ သူက အရေးအကြောင်းတွေကို အပူစွမ်းအင်နဲ့ သက်သာစေပါတယ်။ 
အသားအရေတင်းရင်းဖို့အတွက် ကော်လာဂျင်ထွက်နှုန်းကို မြှင့်တင်ပေးတဲ့ Light Therapy ကို ၁ဝ မိနစ်ခန့် ပေးပါတယ်။


အလင်းရောင်စဉ်တန်းနှင့်ကုသပေးခြင်း (IPL)
ဒီအလင်းရောင်စဉ် စွမ်းအင်နဲ့ ကုသခြင်းကတော့ အရေပြားပေါ်မှာ ပုံမှန်အသားအရေကနေ သိသိသာသာကွဲပြားနေတဲ့ ရောင်ခြယ်များ ဥပမာ ဝက်ခြံကြောင့် ရောင်ရမ်းနေတဲ့ အနီစက်များ၊ နေလောင်ဒဏ်ကြောင့် ထွက်ပေါ်လာတဲ့ Melanin အမဲရောင်ခြယ်များစတဲ့ အမဲစက်များနဲ့တကွ ဝက်ခြံဘက်တီးရီးယားပိုးတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံညှစ်ပြီး ရောင်ရမ်းနေခြင်းများကိုလည်း သက်သာစေပြီး မျက်နှာကို ကြည်လင်ဝင်းပစေတဲ့ ကုသမှုတစ်ခုပဲဖြစ်ပါသည်။
Oxygen Facial Treatment လုပ်ထားတဲ့အတွက် အသားအရေကောင်းမွန်လာပြီး IPL ကုသမှုနှင့် ထပ်မံပေါင်းစပ်လိုက်တဲ့အခါ တစ်ကြိမ်ဆို ဆိုသလောက် ထိရောက်စွာပြောင်းလဲမှုကို ကိုယ်တိုင်ခံစားရနိုင်ပါတယ်။ အမဲစက်တွေ လျော့နည်းသွားစေဖို့နဲ့ အသားအရေ ပြန်လည်တင်းရင်း နုပျိုဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။
IPL ကုသမှုအတွက် အသားအရေအတွင်း အလင်းရောင်စဉ်ဖြတ်သန်းဖို့ကို အထောက်အကူဖြစ်စေပြီး အပူကိုခံနိုင်ဖို့အတွက် IPL Cooling Gel ကို ပထမဆုံးလိမ်းပေးပါတယ်။ အဲဒီနောက် မျက်လုံးထိခိုက်မှုမရှိစေရန် ကာကွယ်ပေးတဲ့ မျက်မှန်ကိုတပ်ဆင်ပေးပြီး ကုသမှုကိုစတင်ခဲ့ပါတယ်။ မိနစ်၂ဝခန့် ကြာပြီးနောက် အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ဖြည့်ခရင်မ်နဲ့ Sun Protecting Cream ကိုလိမ်းပေးပါတယ်။ 


Treatment ပြုလုပ်ပြီးချိန်မှာတော့ သတိပြုစရာအချက်များအနေနဲ့ ၂၄နာရီအတွင်း လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ဖို့၊ alcohol မသောက်ဖို့၊ ချွေးထုတ်ခန်းမသွားဖို့၊ ရေနွေးငွေ့နဲ့ မျက်နှာပေါင်းတင်ခြင်းမလုပ်မိဖို့၊ မီးရောင် နေရောင်တို့ကို အထူးဂရုစိုက်ရမှာဖြစ်တဲ့အတွက် ရေဓာတ်ဖြည့် ခရင်မ် မှန်မှန်လိမ်းပေးဖို့၊ အပြင်ထွက်တဲ့အခါတိုင်း နေကာမျက်မှန်၊ ထီး၊ ဦးထုပ် အသုံးပြုပေးဖို့နဲ့ နေ့စဉ် နေလောင်ကာခရင်မ်လိမ်းပေးဖို့ကို ဒေါက်တာကသေချာစွာ ရှင်းပြမှာကြားပေးလိုက်ပါတယ်။
ခုလို နွေရဲ့ နေဒဏ်ကြောင့် အသားအရေလေးတွေ ညစ်နေလို့ Skin Care ဖို့ လိုအပ်နေတဲ့ စာဖတ်ပရိသတ်များလည်း ဒီဆောင်းပါးလေးကိုဖတ်ရှုပြီးတဲ့အခါ အိုင်ဒီယာလေးရပြီး လန်းဆန်းလှပမှုအတွက် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။
Model - A Mi Zan
Photo - Thardu Ko Ko
Venue - Derma Grand Aesthetic Clinic