Primary tabs

Lady & Advices

Model – Tin Moe Lwin

Hair & Makeup – Hello(Ma Cho , Ma Khaing)

အရွယ်တင် နုပျိုကာ လှပနေတဲ့ ကြယ်တစ်ပွင့်နဲ့ တွေ့ဆုံခိုက် အခုလိုပြောပြဖြစ်ခဲ့ပါတယ်...

          “မမိုးအနေနဲ့ အသက်(၂၉)ကနေ skincare ကိုစသုံးပါတယ်၊ တက္ကသိုလ်ကျောင်းသူ အရွယ်ကတော့ ပရိုမီနာ နဲ့ စနိုးသုံးတယ်၊ မျက်နှာသစ်ဆပ်ပြာစသစ်တယ်။ အသက်(၂၉)အရွယ်ရောက်လာတော့မှ skincare အပြည့်အစုံကိုစသုံး ဖြစ်တယ်။ ဟိုးအရင်တုန်းကဆိုသုံးဖို့ ပစ္စည်းရှိရင်တောင် တိတိကျကျသုံးဖို့ကို မသိတော့မသုံးမိဘူး၊ အဲ့ဒီအချိန်မှာ ကိုယ့် အလုပ်နဲ့ ပတ်သတ်ပြီးတော့ အလှကုန်ဈေးကွက်ထဲမှာ ပစ္စည်းအတော်များများက ရောက်လာပြီ၊ ကိုယ်လည်းပြောရင်း ဆိုရင်းနဲ့ သိလာတယ်၊ သုံးတတ်လာပြီ။ (၃၉)မှာ ကိုယ့်အသားရေဟာ တော်တော်လေးကို အဆင်ပြေနေတာတွေ့ရတယ်။ ပျက်စီးနေတာမျိုးမတွေ့ရဘူး။ ဒါတောင်မမိုးတို့သည် စကားတွေအများကြီးပြောရတယ်၊ မျက်လုံးဆိုရင်လည်း အကြိမ်(၁) သန်းလောက်ခတ်ပြီးနောက်မှာ အကြောင်းလေးတွေဖြစ်လာတာဆိုတော့ ဒဏ်တွေဖြစ်လာနိုင်တယ်။ skincare သုံးပြီး(၁၀) နှစ်အကြာမှာ ကိုယ်နဲ့ရွယ်တူသူငယ်ချင်းတွေနဲ့ တွေ့လိုက်လို့ရှိရင်တော့ လုပ်တဲ့သူနဲ့မလုပ်တဲ့သူက အတော်ကွာတာ ကိုတွေ့ရတယ်။ နှာခေါင်းဘေးက smile linန နဲ့ မျက်လုံးနား အရေးကြောင်းလေးတွေကို သေချာဂရုစိုက် ထိန်းသိမ်း ဖြစ်တယ်။ Toner ရည်ဆိုရင်လည်း အရက်ပြန်မပါတဲ့ဟာကိုပဲ သုံးဖြစ်တယ်။ မျက်နှာကိုလည်း ကိုယ့်အိမ်မှာပဲကိုယ်ပေါင်း တင်ဖြစ်တယ်။ အသက်ရလာတာဖြစ်လို့ Moisturizer 2 ထပ်လောက် လိမ်းဖြစ်တယ်။ လေယာဉ်စီးရင်လည်း အရမ်းအေးတတ်တော့ အစိုဓာတ်ခရင်မ်ကို သေသေချာချာကို လိမ်းသွားတယ်။”

       “ငယ်တုန်းကတော့ နေ့စဉ် steps လေးတွေကိုပဲ လုပ်ဖြစ်တာပဲရှိတယ်၊ သင်္ကြန်ထွက်ရင်လည်း နေလောင်ခံ ခရင်မ်ကို လိမ်းပြီးထွက်တယ်ရယ်လို့မရှိဘူး။ (၃၉)လောက်ကနေစပြီး moisturizer / sun block တွေ သုံးရမယ်မှန်း ပိုပြီး သိလာတယ်၊ သေချာသုံးဖြစ်လာတယ်၊ ပြီးတော့ water spray / mist နှင်းဆီရည်တွေကို မျက်နှာပေါ်ဖြန်းပြီး သုံးလာတယ်။ ဒီ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ မျက်နှာကိုဖြန်းပြီးသုံးတာ အရမ်းခေတ်စားတာတွေ့ရတယ်၊ အာနိသင်ကလည်း ထိရောက်မှုရှိတာတွေ့ရတယ်။ Cosmetics တွေကိုစပြီး တွင်တွင်ကျယ်ကျယ်သုံးဖြစ်လာတဲ့အချိန်၊ Miss Myanmar တွေပြိုင်တုန်းကတော့ မတည့်တာတွေ ဖြစ်ဖူးတယ်။ အဲ့တုန်းကတော့ ကိုယ်အိမ်မှာ လိမ်းတာမဟုတ်ပဲ သူများလိမ်း ပေးတာဆိုတော့ လူးပေးတဲ့ ဖော့ကပဲမတည့်တာလား၊ ကိုယ်ကပဲမျက်နှာကို သေချာမသန့်စင်မိတာလားတော့ မသိဘူး။ အဖုတွေအများကြီးပဲ မျက်နှာမှာထွက်လာတာ ဖြစ်ဖူးတယ်။ အဲ့တစ်ကြိမ်ကလည်း (၂)လလောက် ဘာမှမလူးပဲထားလိုက် ရတယ်။ ဆရာဝန်ပေးတဲ့ ဆေးကိုလိမ်း၊ ရေနွေးလေးနဲ့မျက်နှာသစ်၊ တဘက်လေးနဲ့သေချာသုတ် အဲ့လိုလုပ်မှပျောက် သွားတာ။ အသက်(၂၉)ကနေ အခုအချိန်ထိဆို မမိုးသုံးလာတာ Brand ပေါင်းမနည်းတော့ဘူး။ သူများတွေကျတော့ Brand တစ်ခုနဲ့တစ်ခုရောရင်မတည့်ကြဘူးလို့ ပြောကြတယ်။ သူ့ရဲ့ဈေးကြီးတာ ဈေးနည်းတာထက်၊ ပါဝင်ပစ္စည်းရဲ့ စိတ်ချ ရတာ၊ ပစ္စည်းရဲ့အောင်မြင်မှုသက်တမ်းရယ်၊ ဘယ်ကုမ္ပဏီက ခွဲထွက်ပြီးထုတ်ထားတာလဲဆိုတာတွေ၊ ဘယ်နိုင်ငံထုတ်လဲ အဲ့ဒါတွေကို သေချာဖတ်ပြီး သုံးတယ်။ ဒီပစ္စည်းနဲ့သုံးတာ ကောင်းနေတယ် ဒါပေမဲ့သုံးလို့ကုန်သွားတဲ့အခါ နောက်တစ်မျိုး ရှိနေတော့ အဲ့ဒါကိုအစားထိုး သုံးလိုက်ရတယ်၊ တစ်မျိုးချင်းစီကိုတော့ ကုန်အောင်သုံးကြည့်တယ်။ ငယ်ငယ်လေးကတည်း က ကိုယ့်ဆီမှာအမြဲရှိနေတာ၊ အသုံးများတာကတော့ Estee Lauder တို့ ဃူငညငဆကန တို့ပဲ။ မမိုးအဒေါ်က နိုင်ငံခြားမှာ အဲဒီကောင်တာမှာ အလုပ်လုပ်နေတော့ မမိုးတို့ကိုလှမ်းပြီး ပို့ပို့ပေးတယ်။ အခုအသက်အရွယ်မှာ အရမ်းကိုအသုံးဝင်လာ တယ် သုံးဖို့ကိုလေ။”

“ငယ်ငယ်ကျောင်းတက်တဲ့ အချိန်ထိကတော့ ဂျမ်းတောပဲ၊ ကြမ်းကြမ်းတမ်းတမ်း နေဖြစ်တယ်၊ အခုလို ပရိသတ် ရှေ့မှာ စမတ်ကျကျနူးနူးညံ့ညံ့ နေရတော့မယ်ဆိုတော့မှ လှလှပပလေးနေဖြစ်သွားတာ။ မမိုးတို့အိမ်မှာတော့ အဘွားလည်း အလှအပကြိုက်တယ်၊ အမေ၊ အဒေါ်လည်းကြိုက်တယ်။ မမိုးတို့ညီအစ်မ (၃)ယောက်လည်း အလှအပနဲ့ ပတ်သတ်တဲ့ အလုပ်ကို လုပ်ရတယ်၊ Beautician တွေဖြစ်တယ်၊ stylist တွေဖြစ်တယ်၊ မမိုးဆိုလည်း ဒီအလုပ်ကိုလုပ်နေ တယ်ဖြစ် တော့ ဂရုစိုက်ပြီး လှလှပပနေကြဖို့ ပြောဖြစ်တယ်။မျက်နှာအတွက်ကော ခန္ဓာကိုယ်အတွက်ကော မိရိုးဖလာ အဆင့်ဆင့် ပြောတာလေးတွေ မမိုးတို့ မိသားစုမှာရှိပါတယ်။ မျက်နှာအတွက်ဆိုရင် နေပူထဲကပြန်လာပြီ၊ ခရီးသွားပြီးပြန်လာပြီဆို မန်ကျည်းသီးလေးကို မန်ကျည်းရည်ကျဲကျဲလေးဖျော်ပြီး သစ်ခိုင်းတာရှိတယ်။ ခန္ဓာကိုယ်အတွက်ဆိုရင်လည်း ကင်းမွန်သီး အစိနဲ့၊ ဆားနဲ့ပြာကိုရောထားပြီး ရောင်းတဲ့အထုပ်ကလေးတွေဈေးထဲမှာ ရောင်းတာရှိတယ်။ အဲ့ဒါကို သပွတ်အူနဲ့တိုက် ရတယ်။ ခန္ဓာကိုယ်အနံ့အသက် အတွက်ဆိုရင် ကျောက်ချဉ်ကိုသုံးဖို့ ပြောတယ်၊ roll on ပေါ်လာတော့ roll on ကိုသုံးဖြစ် တယ်။ မျက်နှာအတွက်ဆို ရှားစောင်းလက်ပတ်ကို အိမ်မှာတင်စိုက်ထားပြီး အပေါ်ယံလွှာကိုခွာပြီး ကပ်တယ်၊ စားလည်း စား၊ သောက်လည်းသောက်တယ်။ ပျားရည်လေးနဲ့ရောပြီး စားတယ်။ နောက် မိရိုးဖလာပြောသလို ကြိတ်မှန်ရွက်၊ သုပ်လည်းသုပ်စားတယ်၊ နောက်တစ်မျိုးရှိသေးတယ် ကန်စွန်ရိုးအနီ ဆေးဖက်ဝင်တယ်သူက။ ထန်းလျက်ခဲလေး ၁ တုံးထည့်ပြီးပြုတ်သောက်တယ်၊ ဂျင်းပြုတ်ရည်သောက်တယ်။ အဲ့ဒါတွေက ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းကို သန့်စင်ပေးတာ။ အိမ်မှာကြိတ်စက်တွေ မရှိခင်တုန်းကတော့ ဒီတိုင်းပြုတ်သောက်၊ စားပေါ့နော်။ ကြိတ်စက်ရှိလာတဲ့အချိန်ကတည်းက အိမ်မှာနေ့တိုင်း အရွက်တစ်မျိုးမျိုးဖျော်သောက်တယ်၊ အသီးအနှံအရောင်ကွဲ (၅)မျိုးဖျော်သောက်တယ်။ အတွင်းပိုင်းကို သန့်စင်တာပေါ့၊ အပြင်ပိုင်းအတွက်ဆိုရင် ပျားရည်ရယ် ကြက်ဥအကာရယ်ရောပြီး ပေါင်းတင်တာ၊ သခွားသီးတို့ အာလူး သီးတို့ကို ပါးပါးလှီးပြီး မျက်လုံးနားတင်ပေးတာလုပ်ဖြစ်တယ်။ ဟိုးတုန်းကတည်းက မျက်နှာအတွက်ကို Mask  အုပ်ပေး တယ်၊ အခုတော့ Mask ခေတ်စားလာပြီး ယောက်ျားလေး မိန်းကလေးအားလုံး ကြိုက်ကြတယ်။”

“အရင်တုန်းက လူကအသက်ငယ်တယ်၊ စွမ်းအင်အရမ်းသုံးရတယ်။ လမ်းလျှောက်ရတဲ့အကြိမ်တွေများတယ်။ ခန္ဓာကိုယ်ရဲ့ အင်အားကိုသုံးရတော့ အစားကလိုအပ်တယ်။ တစ်နေ့ကို ၃ နပ်လောက်ကို ပြည့်ပြည့်၀၀အများကြီး စား တယ်။ အားကစားတွေကလည်း ကြမ်းကြမ်းတမ်းတမ်းတွေ လုပ်တော့စားရတယ်။ နောက်ရုံးအလုပ်လုပ်တဲ့အခါကျတော့ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာကများလာပြီ၊ အဲဒီအခါကျတော့ အများကြီးစားရင် ၀ိတ်တက်လာတယ်။ လူမှာခြေ ဖျက်အားနဲ့ လှုပ်ရှားမှုအားက နည်းလာတာကိုး။ အဲ့လိုဆိုရင် ထမင်းကိုလျှော့ရပြီ။ စားတဲ့ပန်းကန်ကို သေးလိုက်တယ်၊ ဇွန်းကိုသေးလိုက်တယ်။ ၂၀-၃၀ ကရသေးတယ်၊ ဘယ်လိုစားစား။ ၃၀-၄၀မှာတော့ အမျိုးမျိုးလျှော့ရပြီ။ ၄၀ နောက်ပိုင်း မှာကျတော့ ပန်းကန်သေးတာလည်း မရတော့ဘူး၊ ၃ နပ်စားတာကို အလေးချိန်က တိုးချင်လာတယ်။ ဒါကြောင့် ၂ နပ်ကို လျှော့လိုက်ရတယ်။ လျှော့တာကတော့ ညစာပေါ့၊ ညစာက လှုပ်ရှားမှုလည်းအနည်းဆုံးအချိန်ဆိုတော့ ကစီဓာတ်ပါတဲ့ ကာဗိုဟိုက်ဒရိုက်တွေ ပါတာမစားရင် အကောင်းဆုံးပဲ ဆိုတော့လျှော့လိုက်တယ်။ အာဟာရအတွက်၊ ခန္ဓာကိုယ် အတွက်လည်း တောင်းဆိုတာလည်းရှိတော့ ဖိုင်ဘာပါတဲ့ အမျှင်အသီးအနှံ၊ အရွက်တွေစားရတယ်။ မမိုးတို့ကျတော့ အသီးအနှံဆိုတာ အစားစားပြီးနောက်ပိုင်း အချိုတည်းနေကျဆိုတော့ အသီးအနှံနဲ့လည်းပဲ မတင်းတိမ်နိုင်ပြန်ဘူး။ ဒါ ကြောင့် ညဘက်ဆို အရွက်ပြုတ်တယ်၊ အဲ့ဒီထဲကို သံပုရာညှစ်ထည့် ငရုတ်သီးစိမ်းလေးညှစ်ထည့်ပြီးစားတယ်။ ပြီး တော့စွပ်ပြုတ် အသားတော့မပါဘူး အရွက်နဲ့ ပုစွန်ခြောက်လေး ငါးလေးထည့်ပြီး သောက်တယ်။ ခွက် (၁)ခွက်စာပေါ့။ အကင်လေးနည်းနည်းကင်ပြီး စားတဲ့အခါလည်းရှိတယ်။ ဒီလိုလုပ်တာ ၀ိတ်လျှော့တဲ့နေရာမှာ တော်တော့်ကို သိသာပါ တယ်။ သူများတွေကတော့ မမိုးကိုထင်ကြတယ်၊ ၀ိတ်ကျတာ မြန်တယ်ပေါ့။ အဲ့လိုမဟုတ်ပါဘူး မမိုးဒီနည်းလမ်းသုံးနေတာ ၁ နှစ်ကျော်ကျော်တော့ လုပ်ရတယ်။ ၇ လ လောက်မှာသိသာလာမယ်။ ငယ်ရွယ်တဲ့သူတွေဆိုရင် (၁)ပတ်လောက် လုပ်ရင်ကို အရမ်းသိသာတယ်၊ မမိုးတပည့်တွေထဲမှာ အတော်ကြီးဝနေတဲ့ သူကိုတောင် အချိန်(၂)လထဲလုပ်လိုက်ရုံနဲ့ အရမ်းလှသွားတယ်။ ငယ်တဲ့သူတွေကို ဒါကြောင့်အရမ်းမ၀စေချင်တာ၊ ၀လိုက်ပိန်လိုက်ဆိုတော့ အသားရေရဲ့ အရေပြား တွေ ရှုံ့လိုက်၊ တင်းလိုက်တွေ ဖြစ်ကုန်ရော။ ဒါပေမဲ့ အဲ့ဒီထက်အသက်ကြီးလာတဲ့ အခါကျတော့ဝလာတဲ့ သင်္ကေတတွေ ဆိုရင် လည်ပင်းနေရာလေးတွေ ပြည့်လာမယ်၊ အောက်မေးလေးတွေ ထွက်လာမယ်၊ လက်မောင်းထွက်လာမယ်၊ ပေါင်ရင်းတုတ်လာမယ်၊ ကိုယ်စီးမယ့် ဒေါက်ဖိနပ်မှာ ၀ိတ်နည်းနည်းပိုလာတဲ့အတွက် ခြေချင်းဝတ်လေးတွေ နည်းနည်း နာလာမယ်။ ဒီလိုသင်္ကေတလေးတွေကို လျှစ်လျှူမရှုဖို့ သတိပေးချင်ပါတယ်။ အင်္ကျီကို (၁)ယောက်တည်း ဇစ်ဆွဲလို့မရဘူး၊ ခုန်ပြီးဆွဲနေရပြီ၊ နောက်တစ်ယောက်ကို အကူအညီတောင်းရပြီဆိုရင်တော့ အမြန်ပြန်လျှော့ပါလို့ အကြံပေးချင်ပါတယ်။”

  “မမိုး မေမေ(၆၇)နှစ်ကတော့ အားကစား အမြဲလုပ်တယ်။ အားကစားရုံသွားတယ်။ မမိုးတို့ကလည်း ငယ်ငယ် လေးကတည်းက အိမ်ရှေ့က အားကစားကွင်းမှာ အမြဲကစားဖြစ်တယ်။ တိုက်ခန်းလေးတွေက ကျဉ်းတော့ပိုးဟပ်ဖြူလေး တွေလို ဖြစ်နေမှာစိုးလို့ စာကျက်ပြီးရင် မဖြစ်မနေအောက်ကို ဆင်းကစားခိုင်းတယ်။ ကြိုးခုန်၊ သစ်ပင်တက် အစုံဆော့ တယ်။ ဆော့နေတုန်းဆို အိမ်ပေါ်က ၀ီစီမှုတ်ပြီးခေါ်ပြီ၊ ကလေး(၃)ယောက်ဆိုတော့ အဖေကအာပေါက်လို့ အော်မခေါ်နိုင် တော့ဘူး။ အဲ့လိုစနစ်လုပ်ပေးခဲ့တော့ကျွန်မတို့က အားကစား၊ ကိုယ်လက်လှုပ်ရှားတယ်ဆိုတာကို ကြိုက်တယ်။ နွေရာသီ ကျောင်းပိတ်ရက်ဆိုရင်လည်း အားကစားတစ်ခုခုလုပ်ဖို့ အိမ်ကလွှတ်ပေးတယ်။ (၁၆)နှစ်နောက်ပိုင်းမှာ အားကစား လောကထဲကို ရောက်လာပြီး ကြမ်းကြမ်းတမ်းတမ်းကို ကစားခဲ့တယ်။ မယ်မြန်မာတစ်ယောက်ဖြစ်ဖို့ကလည်း အမြဲတမ်း measurement တွေကို တိုင်းတာနေရတယ်။ မြို့တော်စည်ပင်ကမယ်တွေဖြစ်လို့ ရုရှားကနေပေးတဲ့ အားကစားစက်တွေနဲ့ ပထမဆုံးကစားခဲ့ရတယ်။ အေရိုးဗစ်ဆိုတာကလည်း မမိုးတို့ဆရာမက ပြည်ပကနေသင်လာပြီး 1st batch မှာတင် အောင်ဆန်းကွင်းမှာသွားတက်ခဲ့ရတယ်။ အိမ်ကလည်း အရမ်းအားပေးတယ်။ အဖိုး၊ ဦးလေးတို့ကလည်း ပြေးတာ၊ ရေကူး တာလုပ်တယ်။ အဒေါ်ဆိုရင် ဂျွမ်းဘားလုပ်တယ်။ တင်းနစ်ရိုက်တယ်။ အသက်ကြီးလာတော့ဂေါ့ဖ်ရိုက်၊ ခြင်းလုံးခတ်။ အားကစားကိုတစ်အိမ်လုံးက အရမ်းလုပ်ကြတယ်။ အဖေဆို ၀ိတ်မတယ်၊ သူတို့ခေတ်ကလည်း လက်မောင်းတွေကို အင်္ကျီဝတ်တဲ့အခါ လှနေအောင် ဖက်ရှင်ပေါ့။ ကိုယ်တွေကလည်း အားကစားရုံမှာ သွားမဆော့ဖြစ်တဲ့နေ့ဆို အိမ်မှာ လက်မောင်းအတွက်ဝိတ်တုံးမမယ်၊ ရွရွပြေးမယ်၊ ခါးကွင်းလှည့်မယ်၊ ခြေထောက်နင်းတဲ့ဟာလည်း လုပ်တယ်။ အိမ်မှာရှိ သမျှကို အကုန်လိုက်လုပ်ကြတာ။ ယောဂဆိုလည်း အတိအကျကြီးတော့ မဟုတ်ဘူး နည်းနည်းတော့လုပ်တယ်။ တီဗီ ကြည့်ရင်တောင် ကျွန်မတို့က ကိုယ့်လက်ကလေးတွေ ကိုယ်နှိပ်နေကြတာ။”

“တစ်ချို့တွေကတော့ အချိန်မရလို့ လို့ ပြောကြပါတယ်။ စီးပွားရေး၊ လူမှုရေး၊ အိမ်မှုကိစ္စတွေနဲ့ပေါ့နော်။ ဒီခေတ်မှာတော့ လူတွေအကုန်လုံးက အချိန်မရှိဘူးလို့ မမိုးထင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် အချိန်လေးကိုဖယ်ပြီး ခန္ဓာကိုယ်ထိန်းသိမ်းဖို့လေးကို လုပ်ရင်ပိုကောင်းပါတယ်။ လှဖို့ဆိုတာက(ဒုတိယ)၊ ကျန်းမာဖို့က ပထမပါ။ ပြီးတော့မှ အမြင် ကောင်းပြီးလှနေဖို့ပေါ့နော့်။ လှနေတော့လည်း ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိနေစေတာပေါ့နော်။ မလှချင်ပါဘူးဆိုရင် လည်း မမိုးပြောချင်တာက မလှချင်ရင်နေ ကျန်းမာဖို့အတွက် လုပ်ပါလို့။ ခန္ဓာကိုယ်မှာ ၀ိတ်တိုးတာက နည်းနည်းတိုးရင် ပြဿနာမရှိဘူး။ များများတိုးရင် အသည်းအဆီဖုံးတာတို့၊သွေးကြောပိတ်တာတို့၊ ကျောက်ကပ်ထိထာတို့ဖြစ်ရော။ ဘယ်လို ပတ်သက်နေလည်းလို့တော့ မမိုးမသိပါဘူး၊ ဒါပေမဲ့ စာအုပ်တွေထဲမှာ ဖတ်လိုက်ရင် ဆရာဝန်တွေက ဒါဆိုကိုယ်အလေး ချိန်လျှော့ပါလို့တွေ့ရတယ်။ ကိုယ်ဝန်ဆောင်တွေတောင် သူရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုလို့မရဘူး၊ ပိုလာရင် ခြေထောက်တွေရောင်တာ ဖြစ်တတ်တယ်။ မမိုးတို့သင်ခန်းစာမှာ ဆိုရင်လည်း ဘယ်အရပ်အမောင်းဆိုရင် ကိုယ်အလေး ချိန် ဘယ်လောက်ရှိသင့်တယ် ဆိုတာမျိုးပါ သင်ပေးရတယ်။ အရမ်းလျှော့ပစ်လိုက်ရင်တော့ အခြားတစ်ဖက်မှာ ထိခိုက် နိုင်တယ်၊ ဒါကြောင့်မမိုးတို့က အပြင်းအထန်ဆို အားမပေးပါဘူး။ ဖြေးဖြေးချင်းသွားတဲ့ ရလာဒ်က ကျစ်ကျစ်လစ်လစ် ဖြစ်သွားတဲ့အတွက် ရလာဒ်ကကောင်းပါတယ်။ခေတ်က ပြောင်းလဲလာတဲ့အတွက် ဘာမဆို နည်းလမ်းတွေကတော့ ပေါ်လာတာပေါ့နော်။ ဘယ်လိုမှ လေ့ကျင့်ယူလို့မရတဲ့ နေရာတွေကိုတော့ ပြင်ဆင်ယူရမယ်ပေါ့နော်။ ပြင်တဲ့နေရာမှာ ၂ ပိုင်းရှိတယ်။ မိတ်ကပ်နဲ့ပြင်ဆင်ခြင်းနဲ့ ခွဲစိတ်တပ်ဆင်ဖြတ်တောက် ပြုပြင်ခြင်းပေါ့။

မမိုးတို့မိသားစုရော၊ မမိုးကိုယ်တိုင် ကရော မိတ်ကပ်နဲ့ ပြင်ဆင်တာကို အလွန်ဆုံးပဲ။ ကိုယ့်ရဲ့အသားကို အနာခံပြီး ခွဲစိတ်ပြုပြင်တာကို အားမပေးဘူး။ မိသားစုအားလုံးမှာ ပြစ်မျိုးမှဲ့မထင် လှပနေတဲ့သူမပါကြပါဘူး။ နှာခေါင်းပြား တဲ့သူကပြား၊ သွားခေါတဲ့သူခေါ၊ မျက်စိပြူးတဲ့သူလည်းရှိ၊ မှေးတဲ့သူလည်းရှိပေါ့ အမျိုးမျိုးပေါ့။ ဒါပေမဲ့ အန္တရာယ်မများပဲနဲ့ လုပ်ရတာမျိုးကတော့ သိပ်ကိစ္စမရှိပေမယ့် အကြီးအမားကြီးကျတော့ ကိုယ်တိုင်ရောမိသားစုကပါ အားမပေးပါဘူး။ တပည့် တွေထဲမှာ အသေးစားနဲ့ အကြီးစားခွဲစိတ်မှုတွေလုပ်ဖို့ မမိုးကိုလာတိုင်ပင်တာတွေ ရှိပါတယ်။ မမိုးအမြဲတမ်းတားပါတယ်။ လာတိုင်ပင်တဲ့အထဲက တစ်ဝက်လောက်ကတော့ သူတို့စဉ်းစားပြီး နောက်ဆုတ်ကြတယ်၊ ကျန်တစ်ဝက်ကတော့လည်း သူတို့စိတ်ဆန္ဒကို ဘယ်လိုမှမလွန်ဆန်နိုင်တော့ အနာခံပြီးလုပ်ကြတယ်။ သူတို့စိတ်ထဲမှာ သူတို့ယုံကြည်ချက်ကို တည် ဆောက်ချင်တာဆိုတော့ ငွေကြေးကုန်ကျမှုရော အသားအနာခံမှုရော ပြောင်းလဲပစ်လိုက်လို့ စိတ်ခံစားမှုနဲ့ အဓိပ္ပါယ်ရှိမှု တွေ ပြည့်ဝသွားတယ်ဆိုတော့လည်း သူတို့ရဲ့အခွင့်အရေးနဲ့ right ဖြစ်နေတဲ့အတွက် မမိုးကတော့ အများကြီး မပြောချင်ပါ ဘူး။ အကြံဉာဏ်လာတောင်းရင်တော့ တားတာပဲ။ တက်တူးထိုးဖို့လည်း တားတာပဲ၊ နှာခေါင်းပြင်မယ်ဆိုလည်း တားတာပဲ။ ရင်သားကို ပြုပြင်မယ်ဆိုရင်တော့ အပီအပြင်ကိုတားတာ။ ရင်သားကို အစားထိုးမယ်ဆိုရင် တစ်ခုခုပျက် စီးသွားမှာ ထိခိုက်သွားမှာကို အရမ်းစိုးရိမ်တယ်။ ကွာလတီမကောင်းတဲ့ ပစ္စည်းတွေ လေယာဉ်ပေါ်မှာ ပေါက်ကွဲတာတွေ ဖြစ်တာကြား ဖူးတယ်၊ ဆီလီကွန်ထုတ်တဲ့ ကုမ္ပဏီကြီးဆိုလည်း ခ့နာငခေူ တွေပါလို့ အရည်အသွေးမကောင်းလို့ ဖျက်ဆီး ပစ်လိုက်ရ တာတွေ သတင်းထဲမှာ ကြည့်လိုက်ရတယ်။ အခုရေပေါင်းများစွာ လူဘယ်နှယောက်ဆီမှာ အစားထိုးပြီးပြီလည်း တော့ မမိုးတို့မသိရဘူးပေါ့။ နောက် မိခင်ဖြစ်လာတဲ့အခါ နို့တိုက်တဲ့အခါ ပထမကလေးကလည်း ကင်ဆာဖြစ်တယ်၊ နောက် ကလေးလည်း ကင်ဆာဖြစ်တယ်။ သူ့ရဲ့လှပမှုကို မစွန့်လွှတ်နိုင်တဲ့အခါမှာ သူ့ရဲ့ရင်သွေးတွေကို စွန့်လွှတ်လိုက်ရတယ် ဆိုတာတွေကိုကြားပြီး ကိုယ်ကတော့တားတာပေါ့နော်။ ဆေးခန်းတွေ လာဖွင့်တယ်ဆိုတာလည်း မမိုးတို့လူဦးရေ သန်း (၆၀)ရှိတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ဈေးကွက်ကိုဦးကြတာ ဖြစ်တယ်၊ သူတို့နည်းပညာ အတတ်ပညာတွေ ဖေါ်မြူလာတွေ ဘယ်လောက်ကောင်းပြီး ဘယ်လောက်ရည်ရွယ်ချက်ရှိသလဲဆိုတာက လူတွေကိုအာမခံနိုင်ရင်တော့ အရမ်းကောင်း ပါတယ်။ နောက်ခံ background လည်းရှိမယ်၊ ခွဲစိတ်ပြီး အဲ့ဆရာဝန် မရှိတော့ဘူးဆိုတာတွေ မဖြစ်အောင်ပေါ့နော်။ မမိုး ကြားဖူးတယ် တရုတ်ဆရာဝန်တစ်ယောက်နဲ့ နှာခေါင်းပြင်တယ် အဆင်မပြေလို့ သွားပြန်ပြတော့ တရုတ်ပြည်ကို ပြန်ပြေး သွားပြီ။ နှာခေါင်းက တံတားကြီးကျိုးသလို စောင်းသွားတယ်၊ အရမ်းကြည့်ရဆိုးသွားတယ်။ ပြန်ပြင်ရတယ် ၂ ခါနာတယ်၊ ၂ ခါကုန်တာမျိုး ဖြစ်သွားတယ်။ စမ်းတ၀ါးဝါးနဲ့ စမ်းသပ်တဲ့နေရာမျိုးကိုတော့ မသွားစေချင်ဘူး၊ ဒါကြောင့်ပြင်မယ်ဆို အစ ကတည်းက တိကျသေချာတဲ့ နေရာကိုသွားပြီး လုပ်စေချင်ပါတယ်၊ ဒါကတော့ ဘယ်လိုမှတားလို့မရဘူးဆိုရင်ပေါ့လေ။”