Primary tabs

Lady & Advices

    အောက်တိုဘာလရဲ့ အလှအပအကြံပြု စာမျက်နှာမှာတော့ ဆံပင်နဲ့ ပတ်သက်တဲ့ လှည့်ကွက်အိုင်ဒီယာတွေ၊ အိမ်မှာတင်ပြုလုပ်နိုင်တဲ့ ဆံသား mask အကြောင်းနဲ့ မျက်နှာကိုသွယ်လျှအောင် contour makeup လိမ်းခြယ်နည်း၊ သတိမထား မိပဲ အရွယ်ရင့်သွားစေတဲ့ မိတ်ကပ်လူးတဲ့အခါ ရှောင် ရန်တို့ကို ဖော်ပြပေးသွားပါမယ်။

မျက်နှာကို ပင့်တင်သလိုဖြစ်သွားစေမည့် မိတ်ကပ် လိမ်းနည်း
    မင်းသမီး ကင်မ် ကာဒါရှီးယန်းဆိုရင် စွဲမက်ဖွယ်ကောင်းလွန်းတဲ့ အလှကြောင့် အမျိုးသားရော အမျိုးသမီးပါ ကြိုက်နှစ်သက်ကြပါတယ်။ သူမရဲ့မျက်နှာကို before & after ခွဲပြထားပါတယ်၊ contouring လို့ခေါ်တဲ့ မျဉ်းကြောင်းဆွဲမိတ်ကပ် နဲ့ ပြင်ဆင်လိုက်တဲ့အခါမှာ အရမ်းကိုကွဲပြားသွားတဲ့ မျက်နှာသွင်ပြင်ကို တွေ့ရတော့တယ်။
    ဒီလိုပြင်ဆင်တဲ့အခါ အရောင်ရင့်ရင့်မိတ်ကပ်နဲ့ ဟိုက်လိုက်အတွက်သုံးဖို့ အဖြူရောင်မိတ်ကပ်တို့လိုပါတယ်။ contouring makeup ရဲ့အဓိကသော့ချက်က နုပျိုအရွယ်တင်သွားစေတာ ပါပဲ။ အခု မင်းသမီးကို သူမရဲ့မိတ်ကပ်ဆရာ Scott Barnes က မိတ်ကပ်ပညာသုံးပြီး ပြင်ပြသွားတာပါ။ နေရာနဲ့လိုက်တဲ့ မိတ်ကပ်အရောင် ကိုကွက်တိသုံးရင် မျက်နှာရိုးပေါ်လွင်စေတဲ့ မိတ် ကပ်ပါ။
-    အောက်ခံမိတ်ကပ်မလူးခင် ပထမဆုံးအ ဆင့်မှာ contour မိတ်ကပ်ကိုစလူးပါ။ (ဘရပ်ရှ်နဲ့ မျဉ်းဖြောင့်သဖွယ်ဆွဲပေးရုံသာဖြစ်ပါတယ်)
-    ပါးရိုးမြင့်တဲ့သူဆိုရင် ပါးမို့ရဲ့အောက်မှာ ဖေါင်ဒေးရှင်းကို ကာလာနု (သို့) ကာလာရင့်ရင့်လိမ်းပါ။ အဓိကက အရောင်(၂)ခု အနုနဲ့အရင့်ကို မျက်နှာပေါ်မှာ သူနေရာနဲ့သူ တင်ပေးဖို့ပါ။ (ပုံမှာပြထားသကဲ့သို့)
-    မျက်နှာ အ၀ိုင်း၊ လေးထောင့်၊ အသဲပုံ၊ မေးရိုးကား ပုံစံတွေအလိုက် contour makeup ကိုလိုက်ဖြည့်ပေးရမယ့် အနေအထားလေးတွေ နည်းနည်းစီကွဲသွားပါမယ် (မျက်နှာအလိုက်လိမ်းခြယ်ပုံမှာကြည့်ပါ)။ အဖြူနဲ့ အညိုကိုပဲ  မျက်နှာဝိုင်း သူအတွက်ဆိုရင် နဖူးနဲ့ မျက်လုံးအောက်တည့် တည့်၊ မေးစေ့မှာ အဖြူကိုထည့်ပြီး အညိုကို ပါးရိုးအနောက်နားမှာ ထည့်ပေးရတယ်၊
    မျက်နှာလေးထောင့်ကျတယ်ဆိုရင် အဖြူကိုမျက်လုံးအောက်တောက်လျှောက်နဲ့ နားထင်နားထိခြယ်ပေးပါ။ အညိုကို ပါးမို့နဲ့ပါးရိုးနား တစ်လျှောက်ကို ခြယ်ပေးရပါတယ်။ (ပုံမှာကြည့်ရင် ရှင်းပါလိမ့်မယ်)။ မျက်နှာပြင်ပေါ်မှာ လိုအပ်တဲ့ နေရာကို လိုအပ်တဲ့အရောင် ခြယ်ပေးလိုက်တာနဲ့ လှပပြီး ထင်းလင်းတဲ့ မျက်နှာပြေပြစ်မှုကို ရရှိတာ ကြောင့် ပန်းချီစိတ်ဝင်စားတဲ့သူတွေဆိုရင် ပိုပြီး ရင်ခုန်မယ်ထင်တယ်နော်။

-    အရောင်တွေကို သူ့နေရာနဲ့သူ မိတ်ကပ်လိမ်းဘရပ်ရှ်နဲ့ ပွတ်လိမ်းပါ။
-    အသက် (၃၀)ကျော်သွားတဲ့ လေဒီများအတွက် အထူးသတိပေးချင်တာ ရှဲဒိုးခပ်ပြေပြေတင် ပါ၊ မျက်တောင်ကော့ဆေး mascara သုံးပေးဖို့ မမေ့ပါနဲ့။ ကိုယ်ရွေးချယ်တဲ့မိတ်ကပ်ကာလာတွေ နဲ့ လက်ရှိကိုယ်ဆိုးထားတဲ့ ဆံပင်ကာလာနဲ့ လိုက် ဖက်ပါစေ။ ဆံပင်အရောင်ရင့်ရင့်ဆိုးထားတဲ့ သူ ဆိုလျှင် မိတ်ကပ်ကိုခပ်ပြေပြေလိမ်းပါ၊ ဆံပင်အ ရောင်ဖျော့တဲ့ သူဆိုလျှင်တော့ မျက်နှာကို ကာလာ စုံ (သို့) ခပ်ရင့်ရင့်ခြယ်သနိုင်ပါတယ်။
-    ဒီ မိတ်ကပ်လိမ်းနည်းနဲ့ဆိုရင် အရောင်တောက်ပတဲ့ နှုတ်ခမ်းနီဆိုးဆေးနဲ့ လိုက်ဖက်မှုရှိပါ တယ်။ Bright color များက မျက်နှာကိုလင်းထင်ပြီး အရွယ်ကိုနုပျိုစေပါတယ်။

ရှိရင်းစွဲထက် ပိုပြီးကြီးသွားစေတဲ့ အခြေခံအကြောင်းများ
    

ကိုယ်ကတော့ သတိမထားမိပဲ လုပ်လိုက် တာပဲ၊ တကယ်တမ်းကတော့ ကိုယ်နေထိုင်လာတဲ့ နှစ်ကြာတာနဲ့အမျှ လုပ်နေကျတွေက အကျင့်တစ်ခုလိုဖြစ်ပြီး ပြောင်းလဲဖို့ ခက်ခဲမေ့လျော့သွားတာပါ။ ဥပမာ-ပြောရမယ်ဆိုရင် သုံးနေကျမိတ်ကပ်ကို ဆက်သုံးမိနေတာမျိုး၊ အဲဒီ မိတ်ကပ်ကလည်း ကိုယ် အသက် အစိတ်(၂၅)လောက်က သုံးနေတာမျိုးပေါ့။ အချိန်ကွာသွားတာနဲ့အမျှ ကိုယ့်အသားရေက ပြောင်းလဲမှုစတင်လာပါပြီ၊ အမြဲတမ်းအရွယ်တင်နုပျိုစေဖို့ဆိုရင် မလုပ်သင့်တဲ့ အောက်ပါ အချက်အလက်လေးတွေကို လေဒီတို့ သတိထား လိုက်ပါအုံး။
-    ပါးနီအရမ်းသုံးတာလျှော့ပါ
-    မိတ်ကပ် (foundation) အရမ်းသုံးတာ လျှော့ပါ
-    Concealer ခေါ်တဲ့ အပြစ်အနာဆာဖုံး ခရမ် တွေ အရမ်းသုံးတာလျှော့ပါ
-    နှုတ်ခမ်းနီအရောင်ရင့်ရင့်ဆိုးတာလျှော့ပါ
-    မျက်လုံးပတ်ပတ်လည်ကို eyeliner ခြယ် တာမျိုးလျှော့ပါ
-    အောက်မျက်ခမ်းတွေကို မျက်တောင်ကော့ ခြင်းမျိုးလျှော့ပါ
-    မျက်ခုံးမွှေးခပ်ပါးပါးဆွဲခြင်းမျိုးလျှော့ပါ
-    Bronzer (ကြေးနီရောင်သမ်း) မိတ်ကပ်မျိုးတွေ ခြယ်ခြင်းမျိုးလျှော့ပါ
    အသက်ရလာတဲ့အခါ မျက်နှာပြင်မှာ အ ရောင်အဆင်းနည်းပါးလာပါတယ်၊ ငယ်စဉ်တုန်းကတော့ ပန်းသွေးရောင်လေး သမ်းနေခဲ့ပေမယ့် ၃၀ ကျော်လာတဲ့အခါမှာ သိသာစွာလျော့နည်း လာတာတွေ့ရပါတယ် (ကိုယ့်ပတ်ဝန်းကျင်မှာ လည်း ရှာကြည့်နိုင်ပါတယ်)။ ဒီအခါမှာ အပြင်သွားဖို့ ပြင်ဆင်ခြယ်သတဲ့အခါ ပါးနီကို လေဒီတို့ ခပ်ရဲရဲတင်တာတွေ့ရတယ်။ ဒါက ကိုယ့်ရဲ့မျက်နှာကို လူတိုင်းသတိထားပြီး ကြည့်သွားစေတဲ့အချက် ဖြစ်သလို မျက်နှာပေါ်ကအရေးကြောင်းတွေလည်း ပိုပြီးထင်းသွားစေပါတယ်။ ပါးနီကို ခရင်မ်ပုံစံထုတ်ထားတာမျိုးရွေးချယ်ပြီး ကိုယ့်ရဲ့မျက်နှာ ပေါ်က ပန်းသီးပါးမို့မို့လေးမှာ အရောင်ထင်ရုံလေးတို့ပေးပြီး ခြယ်လိုက်တာက ပိုပြီးတင့်တယ်ပြေပြစ် စေပါတယ်။
    မိတ်ကပ်တွေ ခပ်များများသုံးတာ ပါးရေတွန့်ခြင်းကို ပိုပြီးသိသာစေပါတယ်။ ဘာလို့လဲဆို တော့ လိုင်းတွေကြားထဲကို စိမ့်ဝင်ပြီး ပိုထင်းလာ စေပါတယ်။ ဒါကြောင့် moisturizing foundation (အစိုဓါတ်အခြေခံထုတ်သော မိတ်ကပ်ရည်)ကို
မိတ်ကပ်လိမ်းပတ်ဖ်လေးနဲ့တို့ကာလိမ်းပေးတ မျိုးလုပ်ပေးပါ။ ဒါက အသားရေခြောက်သွေ့ခြင်းကို ဖြည့်ဆည်းပေးပြီး အတွင်းလွှာအထိ စိမ့်ဝင်ကာ လှပနေစေမှာပါ။
    မျက်လုံးအညိုအမည်းတွေကို ဖုံးချင်ဇောနဲ့ conealer မိတ်ကပ်ကို လူးတာကလည်း ပြဿ     နာကို ပိုကြီးသွားစေပါတယ်။ concealer ကို ခရင်မ်တောင့်ပုံစံထုတ်ထားတဲ့ အမျိုးအစားကို ရွေးချယ်
ပြီး အသာလေးခပ်ဖွဖွလူးပေးတာက ပိုသင့်တော်ပါ တယ်။
    အသက်ရလာတဲ့အခါမှာ နှုတ်ခမ်းသားတွေ ဟာ ပါးလာတတ်ကြပါတယ်။ နှုတ်ခမ်းနီအရောင်ရင့်ရင့်ဆိုးမယ်ဆိုရင် နှုတ်ခမ်းကိုပိုပြီးသေးသ ယောင် ဖြစ်သွားစေပါတယ်။ နှုတ်ခမ်းသားဖောင်း ကြွပြီး လှနေမှအရွယ်တင်မှာ ဖြစ်တာကြောင့် လင်းတဲ့အရောင်၊ တောက်ပတဲ့အရောင်များကို ဆိုးသင့်ပါတယ်။ နောက်တစ်နည်းလမ်းက glossကို နှုတ်ခမ်းသားအလယ်မှာ သွားတင်ပြီး အပေါ်နဲ့အောက်နှုတ်ခမ်းကိုဖိပေးပါ၊ ဒီလိုလုပ်တဲ့နည်း လမ်းကတော့ နှုတ်ခမ်းကိုပြည့်ဖောင်းစေတဲ့ လှည့် ကွက်ပါ။
    အမည်းရောင်အိုင်းလိုင်နာကို မျက်လုံးတစ်ခုလုံးအပြည့်ပတ်လည်ခြယ်ခြင်းက အသက်ကြီးလာတဲ့အခါမှာ မျက်လုံးကိုသေးငယ်ကျဉ်းသွား စေတဲ့အပြင် ကျီးကန်းခြေထောက်အစွန်းလေးများ ကို ပိုပြီးသိသာလာစေတယ်။ မျက်လုံးအတွင်း
သားတွေကို အမည်းရောင်ဆိုးမယ့်အစား ဟိုက်လိုက်ဖြစ်ပြီး လင်းနေမယ့်ကာလာလေးတွေ ထည့်ပေးပါ၊ မျက်လုံးကိုခြယ်မယ်ဆို အမည်းကိုလျှော့ပြီးအခြားကာလာတွေကို ဦးစားပေးရွေးပေးပါ။
    ငယ်ရွယ်စဉ်တုန်းကတော့ မျက်လုံးကို မျက်တောင်တုများနဲ့ အပေါ်အောက်တပ်ပြီး မျက်လုံးဝိုင်းဝိုင်းလေးဖြစ်အောင် ပြင်တာလိုက်ဖက်မှုရှိပါ တယ်၊ ဒါပေမယ့် အသက် (၃၀)ကျော်လာတဲ့ နောက်ပိုင်းမှာတော့ မျက်လုံးအောက်ဘက်တွေကို (lower lashes) မျက်တောင်တုတပ်ခြင်းမျိုးကမလိုက်ဖက်တော့ပါဘူး၊ မျက်လုံးအောက်ဘက် အကြောင်းလေးတွေကို ကြည့်ပါလို့ ဖိတ်ခေါ်သ ယောင်ဖြစ်ပြီး မျက်ဝန်းအိုမင်းလာမှုကို ထင်းစေ ပါတယ်။
    မျက်ခုံးမွှေးကို ခပ်ပါးပါးလေးဆွဲတာဟာ မျက်နှာပုံစံအရ လိုက်ဖက်မှုရှိတတ်ကြပါတယ်။ ဒါပေမယ့် အသက်ရလာတဲ့အခါမှာ ပါးပါးဆွဲထားတဲ့ မျက်ခုံးမွှေးဟာ မျက်နှာကိုအသက်ပိုကြီးသ ယောင်ဖြစ်တာကြောင့် ပေါင်ဒါမှုန့် အမျိုးစား eye brow လေးနဲ့ပဲဖြစ်ဖြစ် မျက်ခုံးကိုခပ်ဖွဖွလေးထူသယောင်ဆွဲပေးရပါမယ်။
    အညိုရောင်၊ ကြေးနီရောင် ပေါင်ဒါမှုန့်၊ မိတ်ကပ်ခရင်မ်တို့က လူကိုဆွဲဆောင်မှုရှိပါတယ်။ မေးရိုးနဲ့ ပါးမို့အနောက်ခြမ်းတွေကို များသောအား ဖြင့်သုံးကြပါတယ်။ အလွန်အကျွံသုံးရင်တော့ မျက်နှာကိုငယ်တာမဖြစ်စေပဲ ယောင်နေသလိုလို ၊
ဖေါင်းနေသလိုလိုဖြစ်ပြီး အသက်ကိုပိုကြီးစေတဲ့ အကြောင်းပြောပါရစေနော်။

ဆံသားအတွက် အကျိုးရှိ Hair Masks
    အခုဖေါ်ပြပေးမယ့် ဆံပင်ပေါင်းတင်နည်း လမ်းက DIY ပါ၊ ဒါကြောင့်အိမ်မှာအလွယ်တကူဖန်တီးလို့ရတာပေါ့။ ပြောပြတဲ့သူကတော့ NYC မှာ Oscar Blandi Salon မှ ပညာရှင် Kyle White ဆိုသူ ဖြစ် ပါတယ်။ မီးဖိုချောင်ထဲကပစ္စည်းတွေ ရောနှော လိုက်တာနဲ့ Hair Maks ဖြစ်လို့ သူရဲ့အနှစ်သက်ဆုံးနည်းလမ်းလို့လည်း ပြောထားပါတယ်။


     ဆံသားတွေ shine နေအောင်ဒီလိုလုပ်ပါ - ဆံပင်သားတွေ အရောင်တောက်ပနေတာ၊ ဆံသားလုံးကို ထူချင်တာကတော့ လူတိုင်းဖြစ်မယ်ထင် တယ်။ ဒီလိုဖြစ်ဖို့ဆိုရင် ဆံသားအတွက်လိုအပ်တဲ့ ပရိုတင်းနဲ့ အစိုကိုဖြည့်တင်းပေးရပါမယ်။ ကြက်ဥတစ်လုံးဖေါက်ကာ ခွက်ထဲထည့်ပြီးနောက်၊  အုန်း ဆီကို ဆံသားအရှည်အတွက် မှန်းကာထည့်ပြီး ၂မျိုးရောစပ်ပြီးနောက် microwave ထဲမှာ စက္ကန့်၃၀ လောက်ထားပေးပါ။ ကြက်ဥအဖြူက ပရိုတင်းကိုပေးပြီး အုန်းဆီကတော့ အစိုဓါတ် ကို ပေးပါတယ်။ ခေါင်းပေါ်မှာသုတ်လိမ်းပြီး (၁၅)မိနစ်လောက် အနည်းဆုံးကြာအောင်ထားပြီး ရှန် ပူနဲ့ လျှော်ပေးပါ။
    ဆံသားထူချင်ရင်ဒီလိုလုပ်ပါ - ရွှေဖရုံသီးဟာ ပိုတက်ဆီယမ်ဓါတ်ကို အပြည့်အ၀ပေးနိုင်ပါတယ်၊ ဒီဓါတ်ဟာ ဆံသားအရင်းမြစ်တွေကို ကြီးထွားပြီးအားကောင်းစေဖို့ လှုံ့ဆော်ပေးပါတယ်။ ဗီတာမင် (အေ)လည်း ကြွယ်ဝစွာပါရှိတာကြောင့် ဦးရေပြား ပြဿ     နာအတွက် အကောင်းဆုံးပါ။
    ရွှေဖရုံသီးခေါင်းပျော့ဆေး - အနေတော် အတုံး ရွှေဖရုံသီး (၂)တုံး၊ အုန်းဆီ (၁)ဇွန်း၊ ပျား ရည်(၁)ဇွန်း ၊ ဒိန်ချဉ်(၁)ဇွန်း မွှေစက်ထဲမှာဖရုံသီးနဲ့ ဒိန်ချဉ်ကိုထည့်ပြီးမွှေပေးပါ၊ အုန်းဆီနဲ့ပျားရည်ကိုထည့်ပြီး နူးညံ့တဲအထိ ချေပါ မွှေပါ။ ဆံသားတွေပေါ်မှာ လိမ်းပေးပါ။ လိမ်းပြီးတော့ ပလတ်စတစ်ဆံပင်စွပ်အကာလေးနဲ့ အုပ်ထားပေး ပါ၊ အချိန် (၁၅)မိနစ်လောက်ထားထားလိုက်ပါ။ ပြီးမှ ရှန်ပူနဲ့ ပြန်လျှော်ချလိုက်ပါ။ နေ့စဉ်အဖြစ် သုံးစွဲနိုင်ပါတယ်။

    သံလွင်ဆီစစ်စစ် - ဆံပင်အတွက်သဘာဝ အတိုင်း ပျော့ပြောင်းနူးညံ့စေတဲ့ ပစ္စည်းပါ။ လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်ပေးပြီးပျက်စီးဆံသားများကိုတောင် ကာကွယ်ကုသပေးပါတယ်။ ကျန်းမာသန်စွမ်း တဲ့ ဆံသားဖြစ်ဖို့အဓိကထောက်ပံ့ပေးသူ။
    နို့ - ဆံသားတွေကို နူးညံ့ပျော့စင်းမှုပေး ခြင်း။
    သံပုရာ - ဦးရေပြားရဲ့ ချွေးပေါက်လေးများအတွင်းမှ မလိုအပ်ပဲပိုလျှံထုတ်မိတဲ့ အဆီများကို ထိန်းချုပ်ပေးခြင်း။
    အုန်းဆီ - အကောင်းဆုံး ဆံပင်ပျော့ဆေး (excellent conditioner)၊ အရောင်တောက်ပမှုတိုးမြှင့်ပေးခြင်း။
    ပျားရည် - ပျားရည်က ဆံသားတွေကို အစို ဓါတ်ဖြည့်ဆည်းပေးခြင်း။
    ပန်းသီးဗနီကာရည် - ဦးရေပြားယားယံခြင်းကို လျော့နည်းသက်သာစေပြီး ကြည်လင် ရှင်းသန့်စေခြင်း။

ဆံသားတောက်ပြောင်စေရန် ကြက်ဥ DIY Hair Mask
    ကြက်ဥ ၁လုံး၊ နွားနို့ ဖန်ခွက် (၁)၊ သံပုရာ (၁)ခြမ်း၊ သံလွင်ဆီစစ်စစ် (၂)ဇွန်း
    ဆံပင်အတိုအရှည်ပေါ်မူတည်၍ ကြက်ဥအား (၁) မှ (၂)လုံး သုံးနိုင်ပါတယ်။ ကြက်ဥကို ဖေါက်ပြီး အဖြူရည်နဲ့ အ၀ါအနှစ်ရည်ကို ခွဲလိုက် ပါ။
    နို့ထဲသို့ သံလွင်ဆီရောပြီး မွှေပါ၊ ကြက်ဥအ၀ါရည်ထဲကိုထပ်ပြီး ရောနှောကာ သမအောင် မွှေလိုက်ပါ။ သံပုရာက ဦးရေပြားယားယံခြင်းကို သက်သာစေတဲ့အတွက် သံပုရာရည်ကိုညှစ်ပြီး ထည့်လိုက်ပါ။ ဒီအဆင့်တွေပြီးသွားရင်တော့ ဆံပင်ပေါင်းတင်လို့ရပါပြီ။
    ပေါင်းတင်နေတဲ့အချိန်မှာ ဆံသားတွေကိုလက်ချောင်းထိပ်လေးများနဲ့ နှိပ်နယ်ပေးပါ။ shower cap လေးနဲ့ အချိန်(၁၅)မိနစ်အနည်း ဆုံးထားပြီးမှ ခေါင်းကိုလျှော်ချလိုက်ပါ။

Quick Tips
    အကြံပြုချက် - ဆံသားအရမ်းရှည်တဲ့သူ တွေနဲ့ ဒီကြက်ဥပေါင်းတင်နည်းဟာ အလွန်ပဲ သင့်တော်မှုရှိပါတယ်။ ဆံပင်တွေကို ဘယ်တော့မှ ရေနွေးပူပူနဲ့ မလျှော်မိပါစေနဲ့။ ကြက်ဥကို သုံး ထားတာဖြစ်လို့ ရေအေးနဲ့လျှော်ခြင်းကပဲ သန့်ရှင်း စင်ကြယ်စေလို့ပါ။
  

 ရှန်ပူနဲ့ ပြန်လျှော်တဲ့အခါ ရနံ့မွှေးမွှေးအမျိုး အစားနဲ့ ပြန်လျှော်ပေးပါ၊ ဒါမှကြက်ဥနံ့ကို ပျောက် သွားစေမှာဖြစ်လို့ပါ။
    သံပုရာရည်ကို အများကြီး ထည့်စရာမလိုပါ ဘူး၊ ကြက်ဥသုံးတာကိုလိုက်ပြီး အနည်းငယ်သာ ထည့်ပြီးရောပေးရပါမယ်။
    ကြက်ဥအဖြူရည်ဟာ ဆံပင်ဆီထွက်တဲ့ ဆံသားများအတွက်ဖြစ်ပြီး အ၀ါရောင်ကတော့ ဆံသားခြောက်သွေ့တဲ့ သူတွေအတွက်ပါ။ ပုံမှန် ဆံသားပိုင်ရှင်များကတော့ ကြက်ဥတစ်လုံးလုံးကို သုံးနိုင်ပါတယ်။
    တစ်လမှာ (၁)ကြိမ် ဒီနည်းလမ်းလေးနဲ့ ပေါင်းတင်သွားပေးတာနဲ့ ဆံသားဟာနဂိုထက် တောက်ပြောင်အသွေးအရောင်ဟာ သိသာလှပ လာမှာဖြစ်ပါတယ်။

ဆံသားမကျိုးမပြတ် ဖြောင့်စင်းဖို့အတွက် ငှက်ပျောသီး Hair Mask
    ရာသီတိုင်းမှာဝယ်လို့ရပြီး အစားအစာမှာ လည်းအားဖြစ်စေတဲ့ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင်များစွာနဲ့ နုပျိုလှပမှုကို ဖြစ်စေသော anti-oxidants တွေ ပါဝင်တာကြောင့် ဆံသားအတွက် ပေါင်းရာမှာ အသုံးပြုဖို့ ထည့်သွင်းပါ မယ်။
    အမှည့်လွန် ငှက်ပျော်သီး (၂)၊ အုန်းဆီ(၁)ဇွန်း၊ သံလွင်ဆီစစ်စစ် (၁)ဇွန်း၊ ပျားရည်(၁)ဇွန်း၊ငှက်ပျောသီးနှစ်လုံးကို မွှေစက်ထဲမှာနူးညံ့တဲ့အထိ မွှေလိုက်ပြီး ပျားရည်၊ သံလွင်ဆီ၊ အုန်းဆီထည့်ပြီး ထပ်မွှေပါမယ်။ ဒီနေရာအမှည့်လွန် ငှက်ပျောသီး ကို ရွေးချယ်ခိုင်းတာဟာ ကြေညက်ပြီး နူးညံ့သွားစေဖို့အတွက်ပါ။ အားလုံးပြီးသွားရင်တော့ ဆံသားမှာ လူးပြီး နှိပ်နယ်ကာ အချိန်(၅)မိနစ်ပဲထားပါမယ်။ ရေခပ်နွေးနွေးနဲ့ ပြန်လည်သန့်စင်ပေးပါ။ ဘီးကျဲ ကျဲလေးနဲ့အချိန်ယူပြီး ဆံပင်တွေကိုရှင်း လင်းဖြီး ချပေးပါ။ ပြီးနောက် သဘာဝရှန်ပူတစ်မျိုးမျိုးနဲ့ ပြန်ပြီးခေါင်းလျှော်ပေးပါ။
    အကြံပြု ချက် - ငှက်ပျောသီးတွေ အမှည့်လွန် ပြီး မွှေဖို့အတွက် ကောင်းမွန်တဲ့အနေအထားရှိဖို့ လိုပါတယ်။ ရေနွေးနွေးလေးနဲ့ ပြန်သန့်စင်ပြီးနောက် ဘီးနဲ့ ပြန်ဖြီးချခိုင်းတာကတော့ ငှက်ပျောသီးစလေးတွေ ဆံပင်ကြားမှာ ကပ်မကျန်နေစေဖို့
ပါ။ မွှေစက်ထဲမထည့်ခင် ငှက်ပျောသီးတွေကို ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါက မွှေ ပြီးချေတဲ့နေရာမှာ ပိုပြီးလွယ်ကူမှုရှိပါတယ်။

ဦးရေပြားအဆီထွက်ခြင်းကို လျော့နည်းသက်သာ သွားစေမည့် ဒိန်ချဉ် Hair Mask
    ကယ်လ်စီယမ်၊ ပရိုတင်း၊ anti-oxidantsနဲ့ ဗီတာမင်များစွာပါဝင်တဲ့ ဒိန်ချဉ်အစွမ်းဟာ ဆံသားတွေကို အစိုဓါတ်လိုအပ်တဲ့ နေရာအတွက်အစိုဓါတ်ဖြည့်တင်းပေးနိုင်တာ၊ ပုံမှန်ထက်ပိုထွက်
နေတဲ့အဆီတွေကို ထိန်းညှိပေးတာ ပြုလုပ်ပေး ပါတယ်။
    ဒိန်ချဉ် ဖန်ခွက်နဲ့ တစ်ဝက် (ဆံသားအတို အရှည်ပေါ်မူတည်)၊ ပန်းသီဗနီကာ (၁)ဇွန်း၊ ပျား ရည်(၁)ဇွန်း။
    ဒိန်ချဉ်နဲ့ ပန်းသီးဗနီကာ၊ ပျားရည်ကို ခွက် တခုထဲသို့ ထည့်ပြီးရောပါ။ ဦးရေပြားအရင်းထိသို့ ရောက်အောင်သုတ်လိမ်းပေးပါ။

ဆံသားခြောက်သွေ့ပြီး အဆင်းကင်းမဲ့ခြင်း အ တွက် ထောပတ်သီး Hair Mask
    ရေဓါတ်နဲ့ အာဟာရဓါတ်တွေကို ဖြည့်ဆည့် ပေးတဲ့ ထောပတ်သီးဟာ ဆံသားခြောက်သွေ့သူများအတွက် အထူးသင့်တော်ပါတယ်။
    ထောပတ်သီး အစိတ်အပိုင်းတစ်ခု၊ သံလွင်ဆီ (သို့) ဗာဒံဆီ(၁)ဇွန်း၊ နို့ဖန်ခွက်တစ်ဝက်။
    ထောပတ်သီးကိုချေမွှပြီး မွှေစက်ထဲသို့ ထည့်ကာ နူးညံ့သွားအောင်လုပ်ပါ။ နို့နဲ့ သံလွင်ဆီကိုထည့်ကာ ထပ်ပြီးရောမွှေလိုက်ပါ။ ဆံသားအရင်းထိရောက်အောင် လူးပေးပါ။ shower capအား အုပ်ထားပြီး အချိန်(၁၅)မိနစ်အနည်းဆုံး ထားပေး ပါ။ အချိန်ပြည့်သွားရင်တော့ ရေခပ်နွေး နွေးဖြင့်ဆေးကြောပြီး ထောပတ်သီးစလေးများကိုသန့်စင်ပေးပါ။
    အကြံပြုချက် - မှည့်အိနေတဲ့ ထောပတ်သီးကို ရွေးချယ်ပါ။ နွားနို့အား ခပ်များများ မထည့်မိပါစေနဲ့။ ဆံသားတွေကို ရွှဲစိုပြီး အရည်တွေကျနေ မှာ စိုးလို့ပါ။ အိမ်မှာပျော့ဆေးမရှိခဲ့ဘူးဆိုရင်တော့ ဒီနည်းလမ်းကို ခေါင်းလျှော်ပြီး ပျော့ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

လက်တလောရေပန်းအစားဆုံး ဆံပင်ရှည်ရှည် အမျိုးသမီးများနှင့် သူတို့ဟန်ပန်
    ၂၀၁၄ခုနှစ်ရဲ့ နှစ်ဝက်ကိုကျိုးလာချိန်မှာ တော့ ဟောလိဝုဒ်ရဲ့ရေပန်းစား၊ လက်ရှိမှာ ချောမောလို့ လူကြိုက်များနေတဲ့ သရုပ်ဆောင်လေဒီ များရဲ့ ဆံပင်အရှည်စတိုင်လ် ခပ်မိုက်မိုက်များကို ရွေးချယ်ဖေါ်ပြပေးလိုက်ပါတယ်။ နာမည်ကျော် ကြားတဲ့သူတွေများပေမယ့် သူတို့ကပရိသတ်ထဲမှာ ပေါ်ပြူလာဖြစ်လို့ ရွေးချယ်ပြထားတာပါ။