Primary tabs

ဇန်န၀ါရီ အလှမှတ်စု

    ဒီစာမျက်နှာရဲ့ တင်ဆက်ပေးမှုကတော့ အသစ်အသစ် ထွက်ပေါ်လာသော အလှကုန်ပစ္စည်းများ၊ နိုင်ငံတကာမှ ကျော်ကြားသူတို့ ထုတ်လုပ်ရောင်းချသော အလှပစ္စည်းများကို မိတ်ဆက်ပြောပြပေးခြင်း ဖြစ်ပါတယ်။ ၂၀၁၄ ဒီဇင်ဘာနှင့် ၂၀၁၅ အစတွင် ထုတ်လုပ်လိုက်သော အလှကုန်များနှင့် ဆန်းပြားသော ဈေးကြီးသော အလှကုန်များအား ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

Tom Ford မှ မီနီဆိုဒ် နှုတ်ခမ်းနီ အရောင်(၅၀)
    ဒီဇိုင်နာ နာမည်ကျော် Tom Ford မှ သူရဲ့အလှကုန်များကို ခရစ္စမတ်ရာသီမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ Estee Lauder ခွင့်ပြုချက်ပေးခဲ့ပြီးဖြစ်တဲ့ သူရဲ့ new collection နှုတ်ခမ်းနီ ၅၀ ကိုဖို့ဒ်က The Lips & Boys collection လို့ အမည်
ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖို့ဒ်ဘ၀ ရဲ့ အထူးသဖြင့် ယောကျာ်းတစ်ယောက်ရဲ့ အတိတ်နဲ့ လက်ရှိအချိန်ကို ဆိုလိုချင်လို့ပါ။
    ဒီဇင်ဘာ ၂၆ ကနေစပြီး ကမ္ဘာတစ်ဝှမ်းကို ဖြန့်ချိပြီဖြစ်တာကြောင့် ၀ယ်လို့ရနေပါပြီနော်။ နှုတ်ခမ်းနီဗူးဆိုဒ်ကို မီနီဆိုဒ်အဖြစ် ထုတ်လုပ်ရခြင်းကိုလည်း ဖို့ဒ်က - အခုခေတ်မှာ အမျိုးသမီးတွေက ပိုက်ဆံအိတ်သေးသေးလေးတွေ ကိုင်ကြတယ်
လေ၊ အဲဒီမှာ အိုင်ဖုန်းရယ်၊ သော့ရယ်၊ ပိုက်ဆံရယ်ပဲ ထည့်ကြတယ်။ အဲဒီမှာ ကျွန်တော် အကြံတစ်ခုရသွားတယ်၊ အိတ်သေးသေးလေးတွေနဲ့လိုက်တဲ့ နှုတ်ခမ်းနီတောင့် သေးသေးလေးလိုအပ်မယ် ဆိုတာမျိုးပေါ့။ အဲ့ဒါကြောင့် အခု ဒီလို ဆိုဒ်သေးသေးလေးတွေကို ထုတ်လုပ်လိုက်တာပါ။ နှုတ်ခမ်းနီသေးသေးလေးရဲ့ ဈေးနှုန်းကတော့ ၃၂ ဒေါ်လာပါတဲ့။

ရေမွှေးအတုံးအခဲလေးများ သုံးစွဲချင်သူများအတွက် Le Labo  Solid Perfumery
    Le Labo အမှတ်တံဆိပ် ရေမွှေးခဲလေး များအကြောင်း ပြောပြပါရစေ၊ ရေမွှေးအားအရည်မှ အတုံးပုံစံဖြင့် သယ်ဆောင်သွားရ လွယ်ကူစေရန်နောက်ဆုံးပေါ် ထုတ်လုပ်လိုက်ပါတယ်။ အယ်လ်ကိုဟော မပါဝင်သော ရေမွှေးဖယောင်း တုံးလေးများမှာ sweet almond , coconut , soybean oils တို့ဖြင့် ရောကျိုပေါင်းစပ်ထားပြီး ထုတ်လုပ်ထားသည်။ အသားရေပေါ်သို့ တိုက်ရိုက်လိမ်းပါက ချောမွေ့နူးညံ့မှုကို ခံစားရမည်။ ဈေးနှုန်းမှာ တစ်ခုလျှင် ၈၅ ဒေါ်လာ ဟုဆိုထားပါတယ်။

ဒူဘိုင်းဘက် ခြေဆန့်လာခဲ့တဲ့ ကင်မ်ကာဒါရှီးယန်းရေမွှေးအသစ်
    အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် သူမက အခုတော့ Mrs.Kardashian  West ဖြစ်နေပြီပေါ့နော်၊ ဒူဘိုင်းကိုသွားပြီး သူမထုတ်တဲ့ရေမွှေး Fleur Fatale ကို ပရိုမိုးရှင်းဆင်းခဲ့ပါတယ်။ တွစ်တာ (Twitter) စာမျက်နှာကနေ သူမရဲ့ followers ၂၅ သန်းကိုလည်း ရေမွှေးအသစ်အကြောင်းနဲ့ Australia နိုင်ငံဘက်ကို ခြေဆန့်မယ့်အကြောင်း သတင်းတင်ကာ မျှဝေခဲ့ပါတယ်။ Reality ရှိုးတီဗွီ အစီအစဉ်နဲ့ ပေါက်ခဲ့တဲ့သူမက ၂၀၁၁ ခုနှစ်ကတည်က UAE နိုင်ငံဘက်ကို လည်ပတ်ခဲ့ပါတယ်၊ အခုလည်း ဒူဘိုင်းက ရှော့ပင်းမောလ်တွေဘက်ကို ရောက်လပြီး ကြော်ငြာဆင်းတာကြောင့် အာရှနိုင်ငံတွေဘက်ကိုပါ စိတ်ဝင်စားလာပြီလားလို့ ထင်ကြေးပေးနေကြပါတယ်။

စူပါမော်ဒယ်လ် တစ်ဦးနဲ့အသွင်တူစေဖို့ ကမ္ဘာကျော်မော်ဒယ်လ် Tyra Banks ရဲ့ အကြံပေးချက်များ
    ကလေးဘ၀ကတည်းက သူမရဲ့နာမည်ကို ကြားဖူးခဲ့ကြမှာပါ၊ ကမ္ဘာကျော် မော်ဒယ်တွေရှိတဲ့ အထဲကမှ ကွဲပြားတဲ့အသားရေနဲ့ ထင်ရှားတဲ့ ပို့စ် များကြောင့် လူတကာအာရုံမစိုက်ပဲ မနေနိုင်အောင်ဆွဲဆောင်မှုရှိလွန်းတဲ့ သူမ။ နောက်တစ်ခု နာမည်ကျော်တာက America’s Next Top Model အစီအစဉ်ကြောင့်ဆိုလည်း မှန်ပါတယ်။ ဒီအစီအစဉ်ကို သူမဖန်တီးပြီး ၂၀၀၃ ခုနှစ်မှာ စတင်ခေါ်ယူယှဉ် ပြိုင်စေခဲ့တာပါ။  ဓာတ်ပုံ ၁ ပုံ ရိုက်ဖို့ ဘယ်လိုပုံကောင်း ထွက်ရမယ်ဆိုတာ ပို့စ်ကောင်းကောင်း လမ်းညွှန်ပေးနိုင်တဲ့ သူမကြောင့် မော်ဒယ်လ်တွေ မွေးထုတ်ပေးနိုင်ခဲ့တယ်။ သူမရဲ့အလုပ်တွေက ရှိုးအစီအစဉ်တင်ဆက်သူ၊ စာရေးဆရာမ၊ ထုတ်လုပ်သူ ၊ မင်းသမီး၊ မော်ဒယ်လ်ကမ္ဘာကျော် အလှကုန်နဲ့အ၀တ်အစားတံဆိပ် Victoria's Secret ရဲ့ ပင်တိုင်မော်ဒယ်လ်လည်း ဖြစ်ခဲ့သူပါ။
    အခုဖော်ပြပေးထားတဲ့ ပုံလေးတွေက သူမရဲ့ Instagram ထဲက ခေတ်စားနေတဲ့ selfie လို့ခေါ်တဲ့ပုံတွေပါ။ ကြော်ငြာရိုက်တိုင်း၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် မနက်နိုးနိုးချင်းပဲဖြစ်ဖြစ် သူမက ပရိသတ်တွေဆီကို မက်ဆေ့ခ်ျပို့တဲ့အနေနဲ့ စတိုင်လ်ကျကျပုံတွေ ရိုက်ပြီးတင်လေ့ ရှိပါတယ်။ အခု သူမပွဲဦးထွက် မိတ်ဆက်တဲ့ TYRA beauty အလှကုန်ရိုက်ကွင်းတစ်ခုမှာ ဖြေသွားတဲ့ အလှအပနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တင်ဆက်လိုက်ပါတယ်။

အကြိုက်ဆုံးအလှကုန်ဆို ဘာတွေရှိလဲ?
-    Oops Liner ပေါ့၊ ၂၆ ဒေါ်လာပေးရတယ်။ ဖက်ရှင်ရှိုးတွေနဲ့ အနီရောင်ကော်ဇော်ပေါ်လျှောက် ရမယ့်ပွဲဆို Oops Liner ကိုမျက်လုံးအတွက် ပြင်လေ့ရှိတယ်။ အရင်ကဆို မျက်လုံးအတွင်းကနေ အပြင်ကိုဆွဲသွားတဲ့အခါ မညီတာတွေ၊ ထူတာတွေဖြစ်တတ်တယ်လေ၊ Oops မှာ corrector ပါတော့ မျက်လုံးမညီမညာ ဖြစ်ရင်လည်း ပြန်ဖျက်ပြန်ဆိုးလို့ရတာပေါ့ရှင်။ နှုတ်ခမ်းနီဆိုရင် Lip Model ကိုညွှန်းပါရစေ၊ ကာလာအရောင်က တဖိတ်ဖိတ်ကို လက်ပြီးလှနေတယ်၊ ၂၄ ဒေါ်လာရှိပြီး ကျွန်မဆိုးနေကျကတော့ what it takes ကာလာပါ။  ဒီနာမည်က ဘာကိုညွှန်းတာလဲဆိုတော့ Instagram မှာ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်မဟုတ်တဲ့ လူတွေ ရဲ့ပုံကို ကျွန်မတင်တယ်၊ အဲ့ဒါက အသိတစ်ခုပေး
ချင်တာ၊ လူတိုင်းက ပရော်ဖက်ရှင်နယ် မော်ဒယ်လ် တွေ မဟုတ်ကြဘူး သူတို့တွေ အရပ်မရှည်ကြဘူး၊ ပုံမှန်မော်ဒယ်လ်တစ်ယောက်လို ဘော်ဒီလည်း ရှိ ကြမှာမဟုတ်ဘူးလေ၊ ဆိုလိုချင်တာက ကိုယ့်မှာရှိတဲ့ အရာတိုင်းပဲ ဖြစ်မယ်ဆိုတာ ကို ပြောချင်တာပါ။ ဒါပေမဲ့ သူတို့တွေက မော်ဒယ်လ်တွေလို မဟုတ်ပေမယ့်လည်း ထူးခြားကောင်းမွန်တဲ့ လူတွေဆိုတာကို ကျွန်မသိနေတယ်လေ။ အဲ့ဒါကြောင့်  Instagram ၀ဘ်ဆိုဒ်မှာ ပုံတွေရိုက်ပြီးတင်တိုင်း  they have what it takes လို့ ပြောပြောပြီး တင်လေ့ရှိလို့ပါ။

Instagram မှာ မော်ဒယ်လ်တစ်ယောက်နဲ့တူအောင် ဘယ်လိုပြင်ဆင်ရမလဲ? ( ဒီမှာတော့အသုံးမများကြပေမယ့် သူက facebook နဲ့ ခပ် ဆင်ဆင်ပါပဲ)
-    လူတွေကကာလာကို ဂရုစိုက်ကြတယ်ရှင့်၊ ကျွန်မသိတာပေါ့။ ကာလာနည်းနည်းခပ်မှိန်မှိန် နဲ့ပုံကို တင်ကြည့် Like ဂဏန်းအနည်းငယ်ပဲ ရလိမ့်မယ်။ နှုတ်ခမ်းနီကာလာ အရောင်ခပ်တောက်တောက်နဲ့သာ ပုံတစ်ပုံလောက် ကျွန်မတင်ကြည့်
လိုက်ဟော Like များများရပရှင်။ ဒါကြောင့် ကျွန်မ အကြံပေးချင်တာကတော့ Lip Model ထဲက What it takes ကာလာကို ဆိုးကြည့်လိုက်ပါ၊

Selfie ရိုက်တဲ့အခါ ကင်မရာကို ဘယ်လိုကိုင်လေ့ရှိလဲ
-     ကျွန်မလက်မောင်ကို အပြင်ကိုပို့ထားပြီး ရိုက်လေ့ရှိတယ်၊ လက်မောင်းကိုထည့်ရိုက်တာမျိုး မလုပ်ဘူး။ ဓာတ်ပုံဆရာတစ်ယောက်က ကိုယ့်ကို ရိုက်ပေးသလိုပုံစံမျိုး ကြိုးစားပြီးတူအောင် ရိုက်တယ်။ ကိုယ့်စိတ်ထဲကနေလည်း  ဓာတ်ပုံဆရာ တစ် ယောက်က Tyra Banks ကို လာရိုက်တယ်ပေါ့ ဆိုတဲ့ စိတ်မျိုးထားပြီးရိုက်တယ်။

Tyler သဘောပေါက်တဲ့ အလင်းသဘောတရားအကြောင်းလေးရှင်းပြပါအုံး
-    အလင်းရောင်ကို ကိုယ့်သူငယ်ချင်း အသိတစ်ယောက်လိုသဘောထား၊ အလင်းနဲ့မျက်နှာ ချင်းဆိုင်ပဲအမြဲနေပါ၊ အလင်းကို ကိုယ့်ရဲ့အနောက်မှာမထားပါနဲ့၊ အရိပ်ကျသလိုဖြစ်ပြီး မည်းတတ်တယ်၊

ဘယ်အလှကုန်တွေကို မိတ်ဆက်ပွဲထုတ်ဖို့ ရှိပါသလဲ?
-    မျက်ခုံးမွှေးခဲတံ၊ အပြစ်အနာဆာဖုံးခရင်မ် နဲ့ အောက်ခံမိတ်ကပ်တွေကို stick ပုံစံ သယ်ရလွယ်၊ လိမ်းရလွယ်တဲ့ အချောင်းပုံစံထုတ်ဖို့ ရှိတယ်။ Tyler beauty က မိတ်ကပ်ချည်းပဲ သက်သက်မဟုတ်ပဲ ကျွန်မဖြတ်သန်းလာတဲ့ နှစ်များ စွာကို ပေါင်းစပ်ပြီး ထုတ်ထားတဲ့ Beauty Experience တစ်ခုပါ၊ (၆)မိနစ်အတွင်းမှာပဲ အပြီးလိမ်းနိုင်မယ့် ဘရပ်ရှ်မလိုတဲ့ အလှကုန် (မိတ်ကပ်၊ ရှဲဒိုး၊ concealer) အသစ်တွေကို ထုတ်ထားပါတယ်။
    http://tyra.com/ မှာတော့ သူမရဲ့ အသစ်ထွက်တဲ့ အလှကုန်များရယ် သူမရဲ့မိနစ်ပိုင်း အလှပြင်မှုများကို စုပေါင်းပြီး ခပ်မိုက်မိုက်လေး တင်ထားတာကြောင့် စိတ်ဝင်စားသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

Tyler ရဲ့အလှလျှို့ဝှက်ချက်ဆိုရင်
-    ဒီမော်ဒယ်လ်အလုပ်ကို စလုပ်တုန်းက အရမ်းငယ်သေးတယ်လေ၊ ပြီးတော့ ကျွန်မမှာ ပါးရိုးရှိမနေဘူး၊ နေ့တိုင်း ပါးရိုးပေါ်အောင် ဆွဲရတာပေါ့။ အဲ့လိုပြင်ပြီးရင် ကျွန်မအမေကိုပြပြီး “မာမီရေကျွန်မမှာ Christy Turlington နဲ့တူတဲ့ ပါးရိုးရှိ
သွားပြီလို့ပြတယ်၊ မာမီကတော့ ကျွန်မကို “ ဘာလို့သူတို့နဲ့တူတဲ့ ပါးရိုးလုပ်ဖို့လိုမှာတုန်း”လို့ ပြန်ပြောတယ်။ အဲဒီမှာ ကျွန်မသဘောပေါက်သွားတာ အခြားသူရဲ့ပုံစံကို တပ်မက်မနေပဲနေဖို့၊ ကိုယ်က ကိုယ်ပဲလေ၊ ကိုယ်နဲ့တူတဲ့ပုံစံပဲ ဖြစ်ရမှာပေါ့ ဆိုတာကို။ အခု Tyler beauty က Sculpt in a stick ($24)နဲ့ ထုတ်ထားပြီး ရောင်းနေပါတယ်။ ပါးရိုးဖော်ချင်တဲ့ပါးရိုးမရှိတဲ့ သူတွေအတွက် ကျွန်မကိုယ်တိုင် လည်း အပါအ၀င်ပေါ့ အမြဲလိုအပ်လို့ပါ။