Primary tabs

ဖေဖော်ဝါရီအလှမှတ်စု

နာမည်ကျော် Vlogger သူမ

    Michelle Phan ဒီနာမည်ကို မိန်းကလေးတိုင်း၊ အထူးသဖြင့် အလှအပကိုစိတ်ဝင်စားပြီး beauty vloggers တွေ ကြည့်တဲ့သူဆိုရင် ရင်းနှီး ပြီးသားဖြစ်မှာပါ။ vloggers ဆိုတာက video + bloggers ကိုပြောတာပါ။ လက်ရှိ youtube အသုံး
ပြုသူတိုင်း ဒီဗလော်ဂါတွေကို ကြည့်ဖူးကြမှာပါ။ အလှအပနဲ့ ပတ်သက်ပြီး စွန့်ဦးလမ်းတီထွင်ကာ အလွယ်တကူ မိတ်ကပ်လိမ်းနည်း အသားရေထိန်း သိမ်းနည်းတွေနဲ့ ၂၀၀၇ ခုနှစ်ကနေ သူမစတင် ရိုက်ကူးလွှင့်တင်ခဲ့ပါတယ်။ အခုဆိုရင် YouTube မှာ ဗီဒီယိုပေါင်း ၃၀၀ ကျော်ရှိပါပြီ။ ကြည့်ရှုသူပေါင်း ၁ ဘီလီယံရှိတဲ့အတွက် ကမ္ဘာ့တစ်လွှား သူမ ဘယ်လောက် အောင်မြင်နေသလဲဆိုတာ စာဖတ် သူတို့ သဘောပေါက်ပါပြီနော်။ ၀ါသနာမှနေ တဆင့် ဗီဒီယိုစတားဖြစ်လာခဲ့ချိန် မှာတော့ သူမက လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမကိုယ်ပိုင်အလှကုန်ပစ္စည်းကို Em တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချနိုင်တဲ့အထိ အောင်မြင်လာခဲ့ပါ တယ်။ ၂၀၁၃ အောက်တိုဘာ၂၁ ရက်မှာတော့ မီရှဲလ်ဖန်းရေးတဲ့ Make Up: Your Life Guide to Beauty, Style, and Success - Online and Off လို့ အမည်ပေးထားတဲ့ အလှအပနဲ့ပတ်သက်တဲ့ စာအုပ်ထွက်ရှိလာခဲ့ပါတယ်။ သာမန်မထင်ရှား တဲ့ မိန်းကလေးတစ်ယောက်ကနေ အခုလို အောင်မြင်ပြီး ကမ္ဘာနဲ့ ချီအောင် သူမကိုချစ်ကြတဲ့ ပရိသတ်ဘယ်လိုရှိခဲ့သလဲဆိုတာ POPSUGAR ရဲ့ အင်တာဗျူးလေးကနေ ကြည့်ကြရအောင်...

-    စာအုပ်ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒီအခွင့်အရေးကို ဘယ်လိုများရရှိခဲ့တာ ပါလဲ။
    လွန်ခဲ့တဲ့(၂)နှစ်လောက်က Random House ထုတ်လုပ်ရေးကနေ ကျွန်မဆီကို စိတ်ဝင်တစားနဲ့ အလှအပနဲ့ပတ်သက်ပြီး စာအုပ်ထုတ်ဖို့ လာခဲ့ တယ်။ မတူပဲကွဲပြားတဲ့ ကျွန်မရဲ့မိတ်ကပ်ပုံစံ အမျိုးမျိုးနဲ့ လမ်းညွှန်ချက်တွေ ပါမယ်ပေါ့။ မိန်းက
လေးတွေကို ဘေးကနေမိတ်ကပ်အကြောင်းကို သင်ပြတာထက် ကျွန်မရဲ့ညီမငယ်လေးတွေကို အကြံပေးသလိုမျိုး ပုံစံပဲလုပ်ချင်တယ်လို့ သူတို့ ကို ကျွန်မပြောခဲ့တယ်။

-    လူမှုကွန်ရက် ဒီ social media မှာ မလုပ်သင့်တဲ့ အကြီးမားဆုံးအချက်က ဘာပါလဲ။
    အွန်လိုင်းပေါ်မှာ ဘယ်တော့မှာ ရန်မဖြစ်ပါ နဲ့လို့၊ အထူးသဖြင့်တော့ လူမှုဆက်ဆံရေး ကိစ္စ တွေနဲ့ပေါ့။ အီးမေးလ်တို့၊ စာတို့ဖတ်နေချိန်မှာ ဒီစကားတွေက အခြားစာဖတ်သူတွေကို အနက်အဓိပ္ပါယ်ကောက် လွဲသွားစေနိုင်တယ်။

-    အခုခေတ်ရဲ့ သဘောအရ social mediaကို တအားသုံးနေကြတော့ တိုက်ခိုက်မှုတွေကို ဘယ်လိုကျော်လွှားရသလဲဆိုတာ မိန်းကလေးတွေအတွက် အကြံပေးပါဦး။
    အနှောင့်အယှက်တွေ အွန်လိုင်းပေါ်က တိုက်ခိုက်မှုတွေကတော့ ဟိုးတုန်းကတည်းကရှိတာ၊ နောက်လည်းရှိဦးမှာပါပဲ။ ကျွန်မရဲ့ ပထမဦးဆုံး ဗီဒီယိုကို YouTube မှာတင်တုန်းက တိုက်ခိုက်ခံရတယ်၊ ဝေဖန်ခံရတယ်။
    ပထမဆုံး comments တွေဖတ်ရတော့ အတော့ကို ထိခိုက်နာကျင်ရတယ်။ ဒီအခြေအနေ ကို ကျော်လွှားပြီးချိန်မှာတော့ ကျွန်မရဲ့ကိုယ်ပိုင် ဘ၀ကို ပိုင်ဆိုင်ခွင့်ရတော့တာပါပဲ။ ကိုယ်မကြိုက် တဲ့ comments (ထင်မြင်မှုတွေ)ကို အောင့်အီး
သည်းခံပါ၊ မဟုတ်ရင်တော့ ဖျက်ပစ်လိုက်၊ ဘလော့ပစ်လိုက်၊ လျစ်လျှူရှုလိုက်ပါ။

Career Advice
-    ဒီနှစ်အနည်းငယ်အတွင်းမှာ beauty videos နဲ့ ဘာလို့အောင်မြင်လာတာလဲ။
    စာအိတ်ထဲကို ကျွန်မရဲ့ အစီအစဉ်တွေ ထည့်သိမ်းထားလို့ပါ။ လူတိုင်းလုပ်နေတဲ့ အလုပ် တွေကို ကျွန်မမလုပ်ချင်ဘူး။ ဖြစ်ရပ်အသစ်တစ်ခု ကိုဖန်တီးပြချင်တယ်၊ ဒါကြောင့် ကျွန်မရဲ့ဗီဒီယိုတွေကို ပြုလုပ်ပြခဲ့တာပါ။ ဒါတွေဖန်တီးပြသဖြစ်
ဖို့ အချိန် (၇)နှစ်လောက် ကြာခဲ့ရပါတယ်၊ တင်ဆက်တဲ့အခါမှာလည်း တူညီတဲ့ ဗီဒီယိုရိုက်ကူးမှုကြီးပဲ လုပ်ပြနေရင် ကျွန်မပရိသတ်တွေ ရိုးအီသွားမှာပေါ့။
ဒါကြောင့်ပေါ့ပါးတဲ့ စတိုင်လ်တွေ၊ ရေပန်းစားတဲ့ အကြောင်းအရာတွေအလိုက် တစ်ဆင့်ချင်းစီ တိုးတိုးပြီး ပရိသတ်ကိုတင်ပြသွားခဲ့တယ်။ ဒါမှကျွန်မရပ်တည်နိုင်မှာပေါ့။

Her Beauty Essentials
- မင်းကအခုဆို beauty expert တစ်ယောက်ဖြစ်နေပြီဆိုတော့ မင်းရဲ့အကြိုက်ဆုံးပစ္စည်းတွေနဲ့ tips လေးတွေက ဘာဖြစ်မလဲ။
    အင်း...ကျွန်မအတွက်ဆိုရင်တော့၊ လေယာဉ်ပျံပေါ် ရောက်နေပြီဆိုပါတော့၊ ပစ္စည်းတွေ သိပ်တော့မလိုပါဘူးရှင်၊ မျက်တောင်ကော့ဆေး ရယ်၊ မျက်ခုံးဆွဲခဲတံ၊ လက်လိမ်းတဲ့ hand cream ၊ အပြစ်အနာဆာဖုံးမိတ်ကပ် concealer ၊ နှုတ်
ခမ်းနီ (ပါးပြင်နဲ့နှုတ်ခမ်းအတွက် သုံးနိုင်တဲ့ဟာမျိုးပေါ့) ဒီလောက်ပါပဲရှင်။

-    လူတိုင်းလိုအပ်မယ့် အလှပြင်ပစ္စည်းဆိုရင်ရော။
    အမည်းရောင်အိုင်းလိုင်နာ တစ်ချောင်းပေါ့ရှင်။ အားလုံးသုံးလို့ရတယ်နော်။ ကျွန်မပြောပြမယ် လိုင်နာကို hair dryer သုံးပြီး ပူအောင်လုပ်၊ ဘရပ်ရှ် နဲ့ခြစ်ပြီး မျက်တောင်ကော့လို့ရတယ်၊ နှုတ်ခမ်းဘောင်ကွပ်လို့ရတယ်၊ မျက်လုံးကို လိုင်နာပဲခြယ်ခြယ် ရှဲဒိုးပဲတင်တင် လုပ်လို့ရတယ်။ သုံးတတ်ရင်အားလုံး အသုံးပြုလို့ရပါတယ်ရှင်။

-    နောက် ၁၀ နှစ်ကြာရင် မင်းကိုယ်မင်းဘယ် နေရာမှာတွေ့ချင်လဲ။
    ကျွန်မရဲ့စိတ်ဝိဥာဉ်နဲ့ ရှင်သန်မှုကို တိုးတက် ကြီးထွားချင်တယ်။ အခုကနေ ၁၀ နှစ်ကြာတဲ့အခါ ဆိုတော့ အလှအပအကြံပေးတာတွေလည်း မလုပ်ရတော့တာလည်း ဖြစ်နိုင်တာပဲ။ လူတွေကို စိတ် ၀ိဥာဉ်တွေ အေးငြိမ်းချမ်းသာအောင် ဘယ်လိုနေ ထိုင်ရတယ်၊ သူတို့ရဲ့ရည်ရွယ်ချက်တွေဆီ ရောက် ရှိအောင် ဘယ်လိုရှာဖွေရမလဲဆိုတာတွေကို ကျွန်မပြသပေးချင်တယ်။ ဆိုလိုချင်တာကတော့ရှင် သူ တို့လုပ်ချင်တဲ့ အသက်မွေးဝမ်းကြောင်းက ဘာလဲဆိုတာ သိဖို့၊ သူတို့ ရဲ့လက်ဆောင်ကောင်းတွေကိုရှာဖွေတွေ့ရှိဖို့ ကူညီပေးချင်တာပါ။

Estee Lauder ရဲ့မော်ဒယ်လ်မျက်နှာစာအသစ်
 

   Kardashian ကာဒါရှီးအန်းညီအစ်မတွေဆို ရင် ပုရိသတွေရော အမျိုးသမီးထုကပါ သိကြပြီး သားပါ။ ကောက်ကြောင်းလှတဲ့ ညီအစ်မတွေ ဖြစ် သလို မော်ဒယ်လ်သရုပ်ဆောင်တွေလည်း ဖြစ်ကြလို့ပါ။ အခုတစ်ခါအလှည့်ကျသူ နာမည်ကျော် ကတော့ညီမငယ်ဖြစ်တဲ့ Kendall Jenner ပါ၊ နာမည်ကျော် Vogue ရဲ့ ကာဗာရှင်ဖြစ်ခဲ့သလို ရှိုးပွဲ လျှောက်လမ်းတွေရဲ့ သူမက နာမည်ကျော် မော်ဒယ်လ်တစ်ယောက် ဖြစ်လာပါတယ်။ ဒီလိုနာမည်ကျော် တက်သစ်စသူမလေးကို ရှာဖွေတွေ့တတ်တဲ့ Estee Lauder အလှကုန်က နောက်ဆုံးမျက်နှာသစ်အဖြစ် ရွေးချယ်ကြေငြာခဲ့ပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးပေမယ့် ရုပ်သံကြော်ငြာတွေ ပရင့်စာမျက်နှာ ကြော်ငြာတွေထက်မှာ သူမကိုတွေ့ရတော့မှာပါ။ ကမ္ဘာကျော် မော်ဒယ်လ်တွေဖြစ်တဲ့ Claudia Schiffer & Naomi Campbell တို့လိုပဲ သူမကလည်း နာမည်ကျော်လာမယ့်သူလို့ နာမည်ကျော် အသိုင်းအ၀ိုင်းကသူတွေက ပြောဆိုနေကြပါတယ်။

၂၀၁၅ မှာ ပွဲထုတ်ခဲ့တဲ့ လေဒီဂါဂါရဲ့ Eau De Gaga (unisex) ရေမွှေးသစ်


    အမျိုးသားအတွက် အမျိုးသမီးအတွက်ရယ် လို့ ခွဲခြားထားတာမဟုတ်ပဲ လေဒီဂါဂါကို နှစ်သက် ရင် ဒီရနံ့သစ်ရေမွှေးကို သုံးစွဲလို့ရတယ်လို့ ကြေငြာ ထားပါတယ်။ သူမကိုယ်တိုင် ရေမွှေးကြော်ငြာကို ရိုက်ကူးထားပါတယ်။ ရေမွှေး၊ body lotion၊ ရေချိုးဆပ်ပြာ စသဖြင့် ကြိုက်နှစ်သက်ရာကို ၂၀၁၅ ဇန်န၀ါရီကနေစပြီး ၀ယ်လို့ရနေပါပြီ။ ပထမထွက် ရှိခဲ့တဲ့ ဂါဂါရဲ့ Fame ရေမွှေးကတော့ ၂၀၁၂ က ထွက်ခဲ့တာကြောင့် ၃ နှစ်ကြာမှ ဒုတိယရေမွှေး ရနံ့အသစ်ကို ထွက်ခဲ့တာပါ။ အမျိုးသားနဲ့ အမျိုး သမီးတို့ အချစ်အကြောင်းကို ရည်ညွှန်းထားတာ ကြောင့် ယခုရေမွှေးကို unisex အဖြစ် ထုတ်ထားတယ်လို့ ယူဆရပါတယ်။

The Rocky Horror Picture Show အဖြစ် မိတ်ကပ် စုစည်းမှု MAC


    ၂၀ ရာစုမြေခွေး Twentieth Century Fox နဲ့ MAC အလှကုန်တို့ ပူးပေါင်းတင်ဆက် မှုတစ်ခုပါ။ အောင်မြင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုဖြစ်တဲ့ Twentieth Century ကနေ အခုလို ထူးထူးခြားခြားအဖြစ် သူတို့ရဲ့ နှစ်(၄၀)ပြည့်ကို
ဂုဏ်ပြုပြီး တင်ဆက်ခဲ့တာပါ။ အလှကုန်ရဲ့ဒီဇိုင်းတွေကတော့ ခပ်လန်းလန်း horror ပုံစံတွေပါ။ ၂၀၁၄ အောက်တိုဘာကနေစပြီး ရောင်းချနေပါပြီ။ နှုတ်ခမ်းနီဈေးနှုန်းတွေကတော့ ၁၇.၅ ဒေါ်လာကနေစပါတယ်၊ အိုင်းရှဲဒိုးတွေကတော့ ၄၄ ဒေါ်လာပါ။

Versace ရဲ့ရေမွှေးကြော်ငြာမော်ဒယ်လ် ဖြစ်လာတဲ့ Lara Stone


    အမျိုးသားရေမွှေး Eros ကိုထုတ်လုပ်ဖြန့် ချိခဲ့ပြီး (၂)နှစ်အကြာမှာတော့ အမျိုးသမီးများ အတွက် Eros ကို ပြန်လည်မွမ်းမံကာ  Eros Pour Femme ရနံ့အဖြစ် ဖန်တီးလိုက်ပါပြီ။ ရေမွှေး ထွက်ရှိမယ့်အကြောင်း ကြော်ငြာပြီးနောက်မှာ
တော့ ပွဲဦးထွက်အဖြစ် Versace မှ မော်ဒယ်လ် သရုပ် ဆောင်အဖြစ် Lara Stone ကိုကြော်ငြာအတွက် ရွေးချယ်ခဲ့ပါတယ်။ ပုံမှာပြထားသလိုပဲ နတ်ဘုရား မအသွင် ဖန်တီးထားပြီး ရွေရောင်ဖိနပ်လည်ရှည် နဲ့ ထူးခြားအောင် ပြင်ဆင် ထားပါတယ်။ ရေမွှေးရနံ့မှာ လီမွန်၊ စံပါယ်၊ စန္ဒကူး၊ ခရမ်းရောင်ပန်းပွင့်လေးများကို ပေါင်းစပ်ထုတ်ထားတယ်လို့ ဖော် ပြထားပါတယ်။