Primary tabs

Beauty Diary

Maybelline New York မှ ရွေးချယ်လိုက်တဲ့ ကယ်လီဖိုးနီးယားသူမော်ဒယ်လ်လေး Gigi Hadid
    မျက်နှာသစ်မော်ဒယ်လ်အဖြစ် သူမကို ရွေး ချယ်ဖြစ်ခဲ့စေတဲ့ အကြောင်းကတော့ မကြာသေး မီကပဲ Guess နဲ့ Tom Ford တံဆိပ်ရဲ့ဝတ်စုံတွေ နဲ့ လမ်းဘေးကြော်ငြာဘုတ်ကြီးတွေမှာ သူမကို တွေ့ရှိခဲ့လို့ပါပဲ။ အခုလိုထင်ပေါ်လို့ စင်ပေါ်က
ကောက်ခြင်းခံရတဲ့သူမကတော့ အလယ်တန်း ရောက်တဲ့အထိ မိတ်ကပ်ဆိုလုံးဝကို မတို့ထိခဲ့ ဘူးပါဖူးတဲ့၊ သူမတိတ်တိတ်ကလေး ပထမဆုံးဝယ် တာက Maybelline ရဲ့ SuperStay 24 hr Concealer  ။ ကျွန်မတော့ထင်တယ့်  ဒါဟာကမ္ဘာ
ပေါ်မှာ အမိုက်ဆုံးပစ္စည်းလို့ ပြောပြထားပါတယ်။ သူမရဲ့ပရိသတ် fans တွေကို ဒီသတင်းဝေမျှဖို့ သူမအရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်။ Maybelline ကြော်ငြာရိုက်ကူးတဲ့ backstage ပုံပါတဲ့ ဗီဒီယို လေးတစ်ခုကိုတင်ပြီး သူမအတွက်အရမ်းကို စိတ်
လှုပ်ရှားရတဲ့ ကြေငြာမှုတစ်ခုဖြစ်ကြောင်း ဒါကို ကြည့်ဖို့ ၁၅ စက္ကန့်လောက်လေး စောင့်နေပေးဖို့ စတဲ့စကားတိုလေးတွေနဲ့ပြန်ပြီး share ခဲ့ပါတယ်။

၂၀၁၅ နွေဦး အခါသမယကို ကြိုခြင်းဖြင့် Nars Collection မှ အလှကုန်များမိတ်ဆက်


    Nars ရဲ့ ဖန်တီးသူလည်းဖြစ် လုပ်ငန်းစတင် တည်ထောင်သူလည်းဖြစ်တဲ့ ဒါရိုက်တာ Francois Nars က ဒီနှစ်ရဲ့ နွေဦးအတွက် ရည်ရွယ်ကာ ဗြိတိန် မင်းသမီး Tilda Swinton နှင့် သဘာဝ အရောင်ဆန်သော အလှကုန်အရောင်များကို မိတ် ဆက်ပေးခဲ့ပါတယ်။ ရိုက်ကူးတဲ့ပုံစံကိုလည်း မင်း သမီးရဲ့အသားရေကိုပဲ အဓိကထား highlight လုပ်ပြီး Nude shoot ပုံစံရိုက်ကူးခဲ့ပါတယ်။ ဈေးနှုန်းများကတော့ ပါးနီအတွက် ဒေါ်လာ ၃၀ ၊ နှုတ်ခမ်းနီ ဒေါ်လာ ၂၆ ၊ မျက်လုံးခြယ် အိုင်းရှဲဒိုး ဒေါ်လာ ၃၅ တို့ပါ၊ မျက်နှာပြင်ခြယ်သဖို့အတွက်အခြားပစ္စည်းများကိုလည်း ၀ယ်ယူလို့ရနေပါပြီ။

    Marc Jacobs ဆို ဖက်ရှင်လောကမှာ အထင်ကရ နာမည်ကြီးလွန်းလို့ မ၀တ်ဘူးပဲထားအုံး၊ နာမည်ကိုကြားဖူးပြီး အထင်ကြီးလေးစားကြ ပါတယ်။ အခုတော့ ဒီတံဆိပ်နဲ့အလှကုန်တွေကို ၂၀၁၅ ပန်းပွင့်တဲ့ရာသီအတွက် Blooming Season
ရည်ရွယ်ကာ အရောင်ခပ်ထင်းထင်း အလှကုန်များ ကို တင်ဆက်လိုက်ပါပြီ။ Marc Jacobs ကဖန် တီးလိုက်တဲ့ ဒီမိတ်ကပ်အမျိုးအစားတွေထဲမှာ နှုတ် ခမ်းနီ stick နဲ့ pencil ကိုပဲ(၂၇) ရောင်ထုတ်ထား ပါတယ်။ သဘာဝဆန်ပြီး ပန်းရောင်ဘက် သွားတဲ့ နှုတ်ခမ်းနီက (၃)ရောင်ပါပြီး ကျန်အရောင်များကတော့ ဆွဲဆောင်မှုရှိပြီး ထင်းလင်းကြွရွတဲ့ အရောင် များပါ။ ဈေးနှုန်းများကတော့ New Nudes Sheer Lip Gel ဒေါ်လာ ၃၀ ၊ Poutliner Longwear Lip Pencil ဒေါ်လာ ၂၄ ၊ Creme Lip Stick ဒေါ်လာ ၃၀ ၊ Filtering Contour Powder Filter (၂ရောင်ပါ) ဒေါ်လာ ၄၉ နဲ့ Shape Contour Blush စုတ်တံက တော့ ဒေါ်လာ ၃၈ တို့ပါ။

၂၀၁၅ မှာ Chanel Skincare ရဲ့အသစ် Hydra Beauty Micro Serum


    မင်းသမီးချော Diane Kruger နဲ့ Chanel က အသားရေထိန်း New Hydra Beauty Micro Serum ကို ကြေငြာခဲ့ပါတယ်။ မင်းသမီးရဲ့ တောက်ပတဲ့အသားရေ၊ လင်းလက်တဲ့ မျက်ဝန်း အလှတွေကို အဓိကထားပြီး ကြော်ငြာကိုလည်း ရိုက်ကူးထားပါတယ်။ အခုဆိုရင် အွန်လိုင်းမှာ ဒီပစ္စည်းကို တရားဝင်ရောင်းချနေသလို မင်းသမီးက လည်း သူမရဲ့ Instagram အကောင့်မှာ ဒီပစ္စည်း သစ်နဲ့ ပတ်သက်ပြီး “Chanel ထဲက သူအကြိုက် ဆုံး favourite products လို့ ညွှန်းခဲ့ပါတယ်၊ အသား ရေပေါ်မှာ ပေါ့ပါးပြီး လန်းဆန်းမှု ခံစားရတယ်လို့ ဆိုထားပါတယ်” ။
    ဒီပစ္စည်းရဲ့အစွမ်းသတ္တိကတော့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်စွမ်းပေးလို့ အသားရေဟာ ကျန်းမာပြီး ကြည့်ကောင်းစေတယ်၊ အထူးသဖြင့် ရေဓာတ်ကိုကောင်းမွန်စွာ ဖြည့်တင်းပေးလို့ ၂၄ နာရီလုံး မျက်နှာပြင်အရေပြားရဲ့အတွင်းလွှာထိ
နက်ရှိုင်းစွာ အစိုဓာတ်ရနေစေပြီး နုပျိုစိုလက်နေစေ တာပါပဲ။
    Micro Serum လို့ ဆိုထားတာကြောင့် သေး ငယ်သော အမှုန်အမွှားလေးများက အရေပြားအ တွင်းကို စိမ့်ဝင်ပြီး အစွမ်းရှိစေတာပါ။ Chanel ရဲ့ ဒီ Micro Serum ဟာ နေ့နဲ့ညသုံးနိုင်ပါတယ်။ ဈေး နှုန်းကတော့ ဒေါ်လာ ၁၁၀ ပါ ၊ သူနဲ့တွဲဖက်သုံး တဲ့ Hydra Beauty Creme က ဒေါ်လာ ၈၇  ၊ Hydra Nourishing Lip Care က ဒေါ်လာ ၅၀ တန်ဖိုးရှိ ပါတယ်။

Chanel ရဲ့ ပထမဆုံးပွဲဦးထွက် နှစ်သက်ကြည်နူး စရာ အဆင့်မြင့်ရတနာလက်ရာ Star Power


    ခေတ်နဲ့အပြိုင် အမြဲတမ်းဖန်တီးနိုင်တဲ့ Chanel အမှတ်တံဆိပ်က အခုတစ်ခါမှာတော့ ထူး ထူးဆန်းဆန်း ရတနာများကို ထုတ်လုပ်ရောင်းချဖို့ အတွက် ပွဲဦးထွက်သူတို့ရဲ့ Star Power အမည်ရ ကြွေထည်မြေထည် ရတနာလက်ရာများကို မိတ် ဆက်ပြသပေးခဲ့ပါတယ်။ ရွှေဖြူ၊ အမည်းရောင် ကြွေထည်၊ မြေထည် ခပ်ဆန်းဆန်းအရာတွေနဲ့ လက်ဝတ်ရတနာကို ဖန်တီးခဲ့တာကြောင့် Chanel ဆိုတာ ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် ဖြစ်နေ တာပါပဲ။ စိန်ထည်များကို လင်းလက်နေသော ကြယ်ပွင့်လေးများ၊ ကြယ်တံခွန်ပုံစံလေးများအဖြစ် လက်ဝတ်ရတနာများတွင် ခြယ်မှုန်းထည့်သွင်းထား ပြီး စကြာဝဠာကြီး ကိုယ်စားပြုအဖြစ် ပြုလုပ်ထား တာကို တွေ့ရပါတယ်။