Primary tabs

ကိုယ်တိုင်ခြယ်မယ့်ကိုယ့်အလှ

မော်ဒယ်လ်- ဆွိတီကို
ဆံပင် + မိတ်ကပ် - ဆွိတီကို
ဓာတ်ပုံ - LMN

နုပျိုလှပစေသော ပါးနီအလှ
    ပါးနီကို အမျိုးမျိုးခြယ်တာမျိုး ခေတ်စားနေပါပြီ။ ပါးမို့ပေါ်မှာခြယ်တာ၊ နှာတံအနီး ကပ်ခြယ်တာ၊ နှုတ်ခမ်းနားထိ အောက်ချပြီး ခြယ်တာတွေအပြင်  ၂၀၁၅ စတိုင်လ်ကတော့ မျက်လုံးအနီး တ၀ိုက်အထိ ခြယ်သလာတာမျိုး တွေ့ရပါတယ်။  ဒါ
ဟာ ဖက်ရှင်ကျချင်တဲ့ မော်ဒယ်လ်တစ်ယောက် အတွက်တော့ ကောင်းပါတယ်။ ပုံမှန်နေ့စဉ်သွားလာ ဖို့ ပြင်မယ့်ပါးနီလိမ်းတာကတော့ ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်ပြီး နုပျိုမယ့်လိမ်းနည်းပဲ ကောင်း ပါတယ်။
-    ကိုရီးယားစတိုင်လ်ကတော့ ပါးမို့မို့လေးနား မှာပဲ အ၀ိုင်းပုံစံခြယ်တာမျိုးပါ။ ဒါကလူကိုငယ်စေတယ်လို့ ကိုရီးယားမိတ်ကပ်ပညာရှင်များက ပြောကြပါတယ်။
-    အနောက်နိုင်ငံရဲ့ ပါးနီခြယ်တဲ့ စတိုင်လ်က တော့ အရောင်ခပ်ရင့်ရင့် ပါးရိုးတလျှောက် ထင်းနေအောင်တင်ပြီး ပါးမို့ပေါ်ကို ပါးရိုးအရောင် ၁ရောင်နုတဲ့ကာလာနဲ့ တင်ကြပါတယ်။
-    အာရှနိုင်ငံများ အထူးသဖြင့် တရုတ်၊ ဂျပန် နဲ့ မြန်မာနိုင်ငံရဲ့ ပါးနီခြယ်တဲ့ ပုံစံအများစုက ပန်းရောင်၊ မက်မွန်ရောင်လိုမျိုးကို ပါးမို့ကနေ နားသယ်စပ်နားအထိ ပွတ်ဆွဲလိမ်းတဲ့ဒီဇိုင်းပါ။
    ဒီစာမျက်နှာမှာပြထားတဲ့ မော်ဒယ်လ်လေးများရဲ့ မျက်နှာကျအလိုက် ခြယ်သရတဲ့ပါးနီ(Blush) များကို လေ့လာကြည့်ကြပါဦးနော်။

နှုတ်ခမ်းနီကို ရွေးချယ်တဲ့အခါမှာ သတိထားဖို့ အချက် (၃) ရှိပါတယ်။
-    ၀တ်ဆင်မယ့် အင်္ကျီအရောင်
-    မျက်လုံးရှဲဒိုးအရောင်
-    ပါးနီအရောင်
    ပန်းရောင်နှုတ်ခမ်း- ဒီနှုတ်ခမ်းနီ အရောင်လေးကတော့ အင်္ကျီအတော်များများနဲ့ လိုက်ဖက်တယ်၊ လူကိုနုပျိုကြွရွသွားစေတယ်။ မိန်းကလေး ဆန်စေတယ်။ မျက်လုံးအတွက် ကာလာကို သူ့နှုတ်ခမ်းထက်ဖျော့တဲ့ ပန်းရောင်အနု ရှဲဒိုလေးလိုမျိုး ခြယ်မယ်ဆိုရင် ပန်းရောင်ပန်းပွင့်လေးတစ်ပွင့်လို မြင်တဲ့သူကို ခံစားရစေပါတယ်။

    နီညိုရောင်နှုတ်ခမ်း - ဒီနှုတ်ခမ်းနီအရောင် ကိုတော့ အမျိုးသမီးအတော်များများ ကြိုက်ကြပါတယ်။ အရောင်ခပ်ရင့်ရင့်ဆိုပေမယ့် မျက်နှာကျကိုပိုပြီးထင်းကာ လှစေပါတယ်။ အ၀တ်အစား ရွေးချယ်တဲ့အခါမှာ အရောင်ဖျော့ရွေးလို့ရသလို အ
ရောင်အမှောင်ကိုလည်း (ဥပမာ- အမည်းရောင်) ရွေးလို့ရပါတယ်။ မျက်လုံးကာလာကိုတော့ အနက်ရောင် နည်းနည်းထည့်ပြီး ရှဲဒိုးကိုခြယ်ပေးပါ။

    အညိုရောင်နှုတ်ခမ်း - ဒီနှုတ်ခမ်းအတွက်ဆို ရင်တော့ မျက်လုံးရှဲဒိုးကို အစိမ်းဖျော့ရောင်တို့ နက်ပြာတို့ ခြယ်သင့်ပါတယ်။ အင်္ကျီအရောင်ကို ကာလာနည်းနည်းတောက်တာလေး ရွေးဝယ်ရင် ပိုပြီး မျက်နှာကျကိုကြွပြီး လှပစေပါတယ်နော်။