Primary tabs

ကိုယ်တိုင်ခြယ်မယ့်ကိုယ့်အလှ

 

Model - Anna
H&M -  Yarzar
Photo - LMN

ရိုးရှင်းသော ပြင်ဆင်မှုစတိုင်လ်
    မိတ်ကပ်နဲ့ မျက်လုံးရှဲဒိုးထူထူကြီး ပြင်တာ မ ကြိုက်တဲ့ အမျိုးသမီးလေးများအတွက်ပါ။ အဓိက လိုအပ်တဲ့အရာတွေကတော့- အောက်ခံမိတ်ကပ် ရည်၊ 2 way မိတ်ကပ်ပေါင်ဒါ၊ ပါးနီ၊ ပေါင်ဒါမှုန့်၊ မျက်ခုံးမွှေးဆွဲခဲတံ၊ မျက်တောင်ကော့ဆေး ရည်၊ နှုတ်ခမ်းနီတို့ပါပဲ။
    ဒီပုံစံကို မြင်တွေ့ဖူးနေကြဖြစ်မှာပါ၊ ကိုရီးယားသူလေးတွေ အတော်ပြင်ကြတဲ့ပုံစံပါ။ နှုတ် ခမ်းနီအရောင် တောက်လေးကိုတော့ သြဂုတ်လရဲ့ မိုးရေစက်တွေနဲ့ လိုက်ဖက်အောင် ရွေးချယ်ထား တာပါ။ အရမ်းကြီးသိသာအောင်ပြင်တာမျိုး မနှစ်
သက်ကြတဲ့ လေဒီတွေအဆင်ပြေမယ့် ဒီဇိုင်းလေး ပါ။
    နောက် ပွိုင့်တစ်ပွိုင့်ရှိပါသေးတယ်၊ ဒါက တော့ မျက်ခုံးပါ - ကိုရီးယားမိန်းကလေးတွေ အပြင်များဆုံး လေးထောင့်ကျကျ မျက်ခုံးပုံစံလေးဆွဲ ထားပါတယ်။ မျက်ခုံးကိုလေးထောင့် ခပ်ကျကျဆွဲ လာပြီးမှ အောက်ကိုအသာလေး ချိုးချသွား တာပါ။ ကိုရီးယားစတိုင်လ်ပြင်လိုတဲ့ မိန်းကလေးများအ တွက် အဆင်ပြေစေမှာပါ။

မော်ဒန်ကျသော စတိုင်လ်ပြင်ဆင်ခြင်း
    ရိုးရှင်းတဲ့ပြင်ဆင်မှုကို မျက်နှာတစ်ခြမ်းမှာ ပြင်ပြထားပြီး ကျန်တစ်ခြမ်းမှာတော့ အခုလက်ရှိ မော်ဒန်ကျနေတဲ့ စတိုင်လ်ကို ပြင်ပြထားပါတယ်။ ဒီလိုမျိုးယှဉ်ကြည့်မယ်ဆိုရင်တော့ ကွဲပြားတဲ့ရသ ကို ချက်ချင်းခံစားမိစေမှာပါ။

အိုင်းရှဲဒိုး - ပြောင်းလဲသွားစေတဲ့ အချက်ကတော့ ရှဲဒိုးအရောင်ရင့်ရင့် ရွေးချယ်လိုက်တာပါပဲ။ အ မည်းရောင်လိုမျိုး ဆွဲဆောင်မှုရှိတဲ့ကာလာကို ရွှေ ရောင်လိုမျိုး ကျက်သရေရှိတဲ့ကာလာ နဲ့ ရောစပ်ပြီး ခြယ်လိုက်တဲ့အခါမှာတော့ ခေတ်မှီပြီး လန်းဆန်း တဲ့အသွင် ဖြစ်လာစေပါတယ်။

အိုင်းလိုင်နာ - လိုင်နာ အမည်းရောင် ဒါမှမဟုတ် အရောင်ရင့်တွေက မျက်လုံးကို ပိုပြီးစူးရှလှပစေ ပါတယ်။

မျက်လုံးပုံစံခြယ်သခြင်း - မျက်ဝန်းအိမ်ပိုကြီးသ ယောင် ဖြစ်သွားစေတဲ့အချက်ကတော့ ရှဲဒိုးကို  မျက်ဝန်းအိမ်အပြင်ဘက်သို့ ချွန်ထွက်သွားတဲ့ပုံစံခြယ်လိုက်လို့ပါ။ ပိုပြီးသိသာချင်ရင်တော့ မျက်လုံး အောက်ဘက်ကို အနက်ရောင်လိုင်း ဆွဲပေးလို့ရ ပါသေးတယ်။

သွယ်လျတဲ့မျက်နှာဖြစ်အောင် ဘယ်လိုခြယ်
    မျက်နှာဖေါင်းကားနေတဲ့အချိန်မှာ  တွေ့ဆုံ ပွဲလိုမျိုး သူငယ်ချင်းတွေပဲဖြစ်ဖြစ် လုပ်ငန်းကိစ္စ ကြောင့်ပဲဖြစ်ဖြစ် သွားရတဲ့အချိန်ဆို စိတ်ကသိက အောင့် ဖြစ်တတ်စမြဲပါ။ ဒါဆိုရင်တော့ လွယ်ကူ တဲ့ မိတ်ကပ်အကြံပြုချက်လေးတွေ ဒီနေရာကနေ ပြုချင်ပါတယ်။ ဆံပင်ပုံစံနဲ့ မိတ်ကပ်ပုံစံကို လိုက် ဖက်အောင် ပြင်ဆင်သွားဖို့အရေးကြီးပါတယ်။
    ဘာတွေကိုရှောင်ရမလဲ >> ဆံပင်အပြောင် သိမ်းတာမျိုး၊ ကပိုကရိုနဲ့ ပိုနီတေးလိုစည်းသွားတာမျိုးရှောင်။ ဆံပင်အဖြောင့် စက်ဆွဲသွားတာ မျိုးရှောင်။ (အဓိကကတော့ နဖူးပေါ်နေတာမျိုး၊ မျက်နှာမေးရိုးနားတ၀ိုက်ပေါ်နေတာမျိုး ရှောင်ဖို့ ပါ)
    မိတ်ကပ်အဖြူရောင် ခြယ်တာမျိုးရှောင်၊ အိုင်းရှဲဒိုးကို သဘာဝဆန်တဲ့အရောင်ထက် ကျော် လွန်တဲ့ ကာလာမျိုးရှောင်။ နှုတ်ခမ်းနီအရောင် ဖျော့ဆိုးတာမျိုးရှောင်။
    မျက်နှာအတွက် ကာလာကိုသဘာဝဆန်တဲ့ အရောင်တွေပဲ ခြယ်ပေးပါ။ အညိုရောင်၊ အသား ရောင်၊ ရွှေညိုရောင် ၊ အမည်းရောင် ဒီကာလာတွေကို မျက်နှာပေါ်မှာ လိုက်ဖက်အောင်ခြယ်ပေးပါ။ နှုတ်ခမ်းအတွက် ကာလာကိုရွေးချယ်တဲ့ အခါမှာ လည်း အသားဆောင် မယ့်ကာလာ ပန်းညိုရောင်၊ နီညိုရောင်၊ ဇီးသီးရောင်၊ ပန်းသွေးရောင်လိုမျိုး ကာလာလေးတွေ ရွေးချယ်ဆိုးပေးပါ။ အရောင် ခပ်ရင့် ရင့်လေးတွေ ရွေးချယ်ပေးရင်ရပါတယ်။
    ဆံပင်ပုံစံပြင်ဆင်သွားမယ်ဆိုရင် နဖူးပေါ်ကို ၀ဲကျနေမယ့် ဆံပင်ပုံစံမျိုး၊ မျက်နှာကိုသွယ်စေမယ့် bob လို မျက်နှာတစ်ခြမ်းကွယ်နေတာမျိုး၊ ဆံပင် steps များများ ခုပ်ထားတဲ့ပုံစံကို အရှည်ချထား တာမျိုးလေးတွေ လုပ်ပေးလို့ရပါတယ်။