Primary tabs

ကိုယ်တိုင်လိမ်းခြယ်မှ ကိုယ့်အလှပေါ်မယ်

    ဒီတစ်လအတွက် ကိုယ်တိုင်လိမ်းခြယ် မိတ် ကပ် စာမျက်နှာလေးတွေမှာ ဖော်ပြပေးသွားမှာက တော့ Big Eye ဖြစ်အောင် ဘယ်လိုခြယ်မလဲဆိုတဲ့ အပိုင်းလေးပါ။ အာရှသူအတော်များများက မျက် လုံးမျက်ပေါက် ကျဉ်းကြ သေးကြပါတယ်။ ပြီးတော့ မျက်လုံးမို့ကြပါတယ်။ အိုင်းရှဲဒိုးကို လှလှ လေး ခြယ်ချင်တဲ့အခါမှာတော့ မျက်ဝန်းပေါ်ကို အရောင်တွေ ပြည့်သိပ်အောင် တင်မိတတ်ကြ တယ်။ ဒါက မှားယွင်းတဲ့အချက်ပါပဲ။ မျက်ဝန်း အနေအထား ကျဉ်းမြောင်းသူတစ်ယောက် အတွက်ကတော့ tricks လှည့်ကွက်လေးတွေ လိုအပ်ပါ တယ်။ ကာလကို အနုအရင့် ရောပြီးခြယ်သင့်ပါ တယ်။ မျက်ဝန်းအနေအထားကို ပံ့ပိုးပေးတဲ့ ဟိုက် လိုက် အရောင်တောက်လေးတွေ သုံးရပါမယ်။

M&H - Yuzana (Linn Linn artist)
Photo - Ar Kr Win Htut

    အခုရွေးချယ်ထားတဲ့ မော်ဒယ်လ်(၃)ဦးမှာ မတူညီတဲ့ မျက်ဝန်းအနေအထားတွေ ပိုင်ဆိုင်ထား ကြပါတယ်။ မိန်းကလေးဖြစ်လာပြီ ဆိုမှတော့ ခေတ် စားတဲ့ မျက်လုံးကာလာလေးတွေ ခြယ်ချင်ကြတာ ပါပဲ။ ခြယ်လို့ရပါတယ်၊ အရောင်ကိုရော စပ်တတ်ဖို့ပဲလိုတာပါ။ ပုံမှန်မျက်ဝန်း၊ ကျဉ်းတဲ့မျက်ဝန်းနဲ့ သေးပြီးဖောင်းတဲ့ မျက်ဝန်းပုံစံကို Big Eye ဖြစ် အောင် အဆင့်ဆင့်ခြယ်ပြသွားပါမယ်။
    လိုအပ်သောပစ္စည်းများကတော့ - smoky eye shadow(သို့) အနက်၊ အဖြူနဲ့ ခဲရောင်တို့ ရော စပ်ပါသော ရှဲဒိုး။ အိုင်းလိုင်နာ pen (သို့) gel ။ မျက်တောင်ကော့ဆေး။ မျက်တောင်တု (နှစ်သက် ရာတပ်ပါ)။ မျက်တောင်ကပ်ကော်။

    ပထမဆုံးမော်ဒယ်လ်ပြင်ဆင်တဲ့ big eye ပုံစံလေးအကြောင်း အဆင့်ဆင့်သွားကြစို့...
-    before... ဒီပုံစံကတော့ မျက်နှာကို ဖောင်ဒေးရှင်းချအပြီး မျက်ခုံးမွှေးဆွဲပြီး မျက်လုံးမပြင်မီ အဆင့်ပါ။ မျက်ဝန်းအောက်က ပေါင်ဒါမှုန့်လိမ်း ထားတာကတော့ မျက်လုံးရှဲဒိုးအမှုန်တွေ ကျခဲ့ရင် ပြန်ခါထုတ်ဖို့ပါ။
-    left& right... ညာဘက်မျက်ဝန်းက ခြယ်ပြီးသွားပါပြီ။ ဘယ်နဲ့ညာ ဘယ်လိုကွဲပြားသလဲ ဆိုတာခံစားကြည့်ပါဦး...
(၁)    မျက်လုံးရှဲဒိုးရဲ့ ပထမဆုံးအဆင့်ကတော့ အရောင်ထွက်အား ကောင်းစေဖို့ eye primer လိမ်းပေးရပါတယ်။ ကိုယ့်မှာမရှိခဲ့ရင်လည်း make-up primer (ဒါမှမဟုတ်) ဖောင်ဒေးရှင်းအရည် လေးကို မျက်ဝန်းအပေါ်ကို လိမ်းနိုင်ပါတယ်။
    ပထမဆုံးအဆင့်မှာတော့ မိမိခြယ်မယ့်ကာ လာတွေအားလုံးရဲ့အဖျော့ဆုံးကာလာကို မျက်ဝန်း ပေါ်တင်ပေးပါ။
(၂)    ဒီအဆင့်ကတော့ မျက်ဝန်းအပြင်ဘက်နား ကို အမည်းရောင်နည်းနည်းထည့်ပြီး ပြထားတာပါ။ ရှေ့ကနေ ကြည့်မယ်ဆိုရင် ကာလာအရောင်ကွဲ ထွက်လာတာ မြင်ရပါပြီ။
(၃)    မျက်ဝန်းပေါ်ရဲ့ အလယ်တ၀က်ကျော် လောက်ကို ရှဲဒိုးအမည်းရောင် ထပ်တင်ပြီး လက် ချောင်းထိပ်လေးများနဲ့ ပြန်ဖြည်ပေးပါ။ (ကာလာ တွေကို မျက်ဝန်းပေါ်မှာ အတုံးအခဲပုံစံကြီး မဖြစ် အောင်လို့ ကာလာကိုပွတ်ပြီး ဖြန့်ပေးတာပါ၊ ဒါကို တော့ ကာလာဖြည်တယ်လို့ သုံးကြပါတယ်)
(၄)    မျက်ဝန်းနားတလျှောက်ကို အမည်းရောင် ရှဲဒိုးထည့်ပေးတာပါ။ မျက်လုံးကပုံမှန်ဖြစ်တဲ့ အတွက် အဖြူရောင်ကာလာကို အတွင်းသားထဲ မထည့်ပဲ အမည်းတန်းခြယ်ထားတာပါ။
    မျက်ဝန်းအတွင်းပိုင်း (နှာတံနဲ့အနီးဆုံး)ကို တော့ အရောင်ဖျော့ထည့်ပါတယ်။ အရောင်ဖျော့ ဆိုတာမှာ အရောင်လက်လက်ဖြစ်တာလေးတွေ၊ အရောင်ဆန်းလေးတွေထည့်ရင် ပိုလှပါတယ်။
(၅)    မျက်ဝန်းကို မျက်နှာအနေအထား မော့ထား တဲ့ပုံစံနဲ့ အခုလိုမြင်ရပါတယ်။
(၆)    မျက်တောင်လေးတွေကို မျက်တောင်ကော့ ဆေးရည်နဲ့ ကော့ပေးထားတာပါ။
(၇)    အပေါ်မျက်ခမ်းနားတလျှောက် အိုင်းလိုင်နာ ဆွဲလိုက်တဲ့အခါ မျက်ဝန်းနက်နက်အနေအထား လေးကို စမြင်လာရပါပြီ။
(၈)    မျက်ဝန်းအနေအထား အသေးအကြီးကို ကြည့်ပြီး မျက်တောင်တုကိုညှပ်ပါ။ ကော်နဲ့သုတ် လိုက်ပြီး အပေါ်မျက်ခမ်းနားတလျှောက် တပ်လိုက် ရင် အခုလိုမျက်ဝန်းပုံစံကို ရပါတယ်။
(၉)    မျက်ဝန်းမှိတ်လိုက်တဲ့အခါ ကာလာအဖျော့ လေးတွေက အတွင်းကနေလင်းနေပြီး ရှဲဒိုးအရင့်က ဘေးကနေ ပံ့ပိုးပေးထားပါတယ်။
    အခုဆိုရင်တော့ သာမာန်မျက်ဝန်းကနေ နက်မှောင်လှပတဲ့ big eye ပုံစံကိုပြင်ဆင်ပြီး သွားပါပြီ။

 

    ဒုတိယမော်ဒယ်လ်ကတော့ မျက်ဝန်းကျဉ်း တဲ့ ပုံစံပိုင်ရှင်ပါ။ သူမကိုလည်း big eye ပုံစံဘယ် လိုပြင်အုံးမလဲဆိုတာ အဆင့်ဆင့်ကြည့်ရှုကြပါဦး...
-    before...ဒီပုံစံကတော့ မျက်နှာကို ဖောင်ဒေးရှင်းချအပြီး မျက်ခုံးမွှေးဆွဲပြီး မျက်လုံးမပြင်မီ အဆင့်ပါ။ မျက်ဝန်းအောက်က ပေါင်ဒါမှုန့် လိမ်း ထားတာကတော့ မျက်လုံးရှဲဒိုး အမှုန်တွေကျခဲ့ရင် ပြန်ခါထုတ်ဖို့ပါ။
-    Left & right ညာဘက်မျက်ဝန်းက ခြယ်ပြီး သွားပါပြီ။ ဘယ်နဲ့ညာဘယ်လိုကွဲပြားသလဲ ဆိုတာ ခံစားကြည့်ပါဦး...
(၁)    အခြေခံအဆင့်တွေကို အပေါ်မှာရှင်းပြထား ပြီဆိုတော့ မျက်ဝန်းကာလတင့်တဲ့ အဆင့်ကနေ စလိုက်ကြရအောင်။  ကာလာကို ခဲရောင်လေး မျက်လုံးအလယ်ကို ခြယ်ထားတာပါ။
(၂)    ခဲရောင်ရဲ့ အပေါ်နားလေးကို အညိုဖျော့ လေး ထပ်တင်ပြီး မျက်လုံးကို အရစ်ဖော်ထား ပါတယ်။
(၃)    မျက်ဝန်းကို မှိတ်ထားလိုက်ရင် အခုလိုတွေ့ ရတဲ့အတိုင်း အလယ်ကိုချန်ပြီး အရောင်ရင့်တာ နဲ့ မျက်ဝန်းအပြင်ဘက်ကို ချွန်ထွက်ပြီး ကာလာ ခြယ်ထားတယ်။ ဒါက မျက်လုံးနေရာကိုချဲ့တယ်လို့ ခေါ်ပါတယ် (ဒါမှမျက်လုံးဖွင့်လိုက်တဲ့အခါမှာ မျက်ဝန်းက ကြီးသယောင် ဖြစ်သွားမှာပါ)
(၄)    မျက်လုံးရဲ့အောက်မျက်ခမ်းစပ်နား တ လျှောက် အမည်းရောင်ထူထူ ခြယ်ပါတယ် (ခဲတဲ ၊ ဂျဲလ်၊ ရှဲဒိုး နှစ်သက်ရာ ခြယ်လို့ရပါတယ်)။
    ခြယ်ပြီးရင်တော့ အစောက အပေါ်မျက်ဝန်းက ကာလာနဲ့သွားပြီး ဆက်ပေးကာ မျက်ဝန်းပုံစံ အပြင်ကို နေရာချဲ့လိုက်ပါတော့တယ်။
(၅)    မျက်နှာအနေအထား မော့လိုက်တဲ့အခါ ခြယ်ထားတာကို အခုလိုတွေ့နိုင်ပါတယ်။
(၆)    မျက်တောင်ကော့ပြီး မျက်တောင်အတုကို တပ်ပေးပါတယ်။
(၇)    မျက်တောင်တုတပ်လိုက်တဲ့အခါ အခုလို မျက်ဝန်းအိမ် အကြီးကြီးဖြစ်နေတာကို တွေ့ရပါတယ်။
(၈)    မျက်ဝန်းမှိတ်ထားတဲ့ အနေအထားဆိုရင် အခုလို အတောင်ပံလေးတွေသဖွယ် ခြယ်ထားတာ ကိုတွေ့ရမှာပါ။
    ဒါကတော့ မျက်ဝန်းကျဉ်းတဲ့သူတွေ big eye ဖြစ်ချင်ရင် ဘယ်လိုပြင်သင့်သလဲဆိုတာကို ဖော်ပြပေးသွားတာပါ။

  

 မျက်ဝန်းအိမ်ဖေါင်းပြီး အပေါ်မျက်ခွံစင်းတဲ့ သူတွေ big eye ဖြစ်သွားအောင် ဘယ်လိုဖန်တီး သွားမလဲဆိုတာ အဆင့်ဆင့်ခံစားကြည့်ကြပါဦး...
-    before...ဒီပုံစံကတော့ မျက်နှာကို ဖောင်ဒေး ရှင်းချအပြီး မျက်ခုံးမွှေးဆွဲပြီး မျက်လုံးမပြင်မီ အဆင့်ပါ။ မျက်ဝန်းအောက်က ပေါင်ဒါမှုန့် လိမ်းထား တာကတော့ မျက်လုံးရှဲဒိုးအမှုန်တွေ ကျခဲ့ရင် ပြန်ခါထုတ်ဖို့ပါ။
-    Left & right   ဘယ်ဘက်နဲ့ ညာဘက် ဘယ်လိုကွဲပြားသွားသလဲ...
(၁)    ကာလာအဖျောကို မျက်ဝန်းပေါ်တလျှောက် ဖြန့်လူးပေးပြီး အရောင်ရင့်ဆုံး ကာလာကို မျက်ဝန်း အလယ်ကျော်လောက် လိမ်းပေးရပါတယ်။
(၂)    မျက်ဝန်းအလယ်လောက်ကို အိုင်းလိုင်နာ pen နဲ့ လိုင်းဖော်ပေးပါ။
(၃)    မျက်ဝန်းအတွင်းပိုင်းကို ခဲရောင်ကာလာ ထပ်လိုက်ပြီး မျက်ဝန်းအလယ်နားတလျှောက်ကို ပုံမှာပြထားသလို အမည်းရောင်ကာလာလေး ထပ်တင်ပါ။
(၄)    အောက်မျက်ခမ်းစပ် တလျှောက်ကို အမည်းရောင် အိုင်းလိုင်နာ(သို့မဟုတ်) ရှဲဒိုးနဲ့ ခပ်ထူထူလေး ခြယ်ပေးပါ။
(၅)    မျက်ဝန်းကာလာ ခြယ်ထားတာကို ရှေ့ကနေကြည့်ရင် အခုလိုပဲပုံပေါ်လာတာ တွေ့ရမှာပါ။
(၆)    မျက်တောင်လေးတွေ ကော့ပြီး မျက်တောင်တုကို တပ်လိုက်လို့ရပါပြီ။
(၇)    မျက်ဝန်းမော့လိုက်တဲ့အခါ အခုလိုကြွရွကာကြီးမားလှပတဲ့ မျက်ဝန်းအနေအထားကို တွေ့ရမှာပါ။
    မများလွန်းလှတဲ့ အဆင့်လေးတွေနဲ့ပဲ မျက် ၀န်းအိမ်ကို ကြီးမားသယောင်ဖြစ်စေဖို့ ပြင်သွားတာပါ။ ကိုယ်တိုင်လိမ်းခြယ်ဖို့ အလွယ်ကူဆုံး အဆင့်တွေဖြစ်သလို လိုအပ်တဲ့ ပစ္စည်းလေးတွေ
ကလည်း အရမ်းအများကြီး မဟုတ်ပါဘူးနော်။ ဒါကြောင့် big eye ဖြစ်ချင်တဲ့ မိန်းကလေး တွေအတွက် အဆင်ပြေမယ်လို့ ယုံကြည်မိပါတယ်။ လှပကော့ရွှန်းတဲ့ မျက်ဝန်းအလှများနဲ့ ကိုယ်ချစ်တဲ့ သူကို ကြည့်နိုင်ကြပါစေ...

 

ဒါကတော့ ရှဲဒိုးခြယ်ခြင်းအဆင့်ဆင့်...

     ကျွမ်းကျင်သူဖြစ်ဖို့ဆိုရင် အထပ်ထပ်အခါခါ လိမ်းခြယ်ကြည့်သင့်ပါတယ်၊ မိမိရဲ့မျက်နှာအနေအထားနဲ့ လိုက်ဖက်တဲ့ မျက်ဝန်းခြယ်ခြင်းကို တွေ့ရှိပြီး နေ့ရက်တိုင်းလှပနိုင်ပါစေရှင်...

    အခုစာမျက်နှာလေးကတော့ နိုင်ငံတကာမှာ ခေတ်စားပြီး လူကြိုက်များတဲ့ မျက်လုံးခြယ်နည်းလေးများကို အင်တာနက်မှ စုစည်းပြီး ဖော်ပြတာပါ။

    ဒါကတော့ မျက်ဝန်းခြယ်တဲ့အခါ လိုအပ်တဲ့ accessories တွေပေါ့...