Primary tabs

ကိုယ်တိုင်ရွေးချယ်...စိတ်ကြိုက်ပြင်မယ်

    ဒီတစ်လအတွက် Do It Yourself မိတ်ကပ် စာမျက်နှာလေးမှာ ပြင်ဆင်ထားတာကတော့ ရွှေ ရောင်အိုင်းရှဲဒိုးများရဲ့အရေးပါခြင်းကို ဖော်ပြသွား မှာပါ။ ထသွားထလာ မိတ်ကပ်မှအစ ပွဲတက်အခမ်း အနားအထိ ရွှေရောင်ရှဲဒိုးဟာ မပါမဖြစ်တစ်ခုပါ။ ယခုတလော ပြန်ပြီးခေတ်စားလာတဲ့ မျက်လုံးမျက် ခွံအပြည့် အရောင်တစ်ရောင်တည်းပဲ ခြယ်ခြယ်၊ မျက်ခုံးရိုး အောက်ဘက်အတွက် highlight အဖြစ် ပဲသုံးသုံး၊ မျက်ဝန်းထောင့်(နှာရိုးနဲ့အနီးဆုံး)ကို ပဲထည့်ထည့် အစုံခြယ်လို့ရပါတယ်။ နောက်တစ် ချက် မျက်ဝန်းလင်းလက် တောက်ပစေဖို့ မျက် လုံးအောက်ဘက် လိုင်နာအဖြစ်လည်း ခြယ်လို့ရပါသေးတယ်။
    မိမိရဲ့အလှပြင်မှန်တင်ခုံထဲမှာ ထည့်ထား တဲ့ေ ရွှရောင်ရှဲဒိုးလေးများ ရှိခဲ့ရင် ဒီလိုပုံစံလေး တွေ တစ်မျိုးပြီး တစ်မျိုးခြယ်ပါလို့ အကြံပေးလိုက်ပါတယ်။

    

လက်တလော လူကြိုက်များနေတဲ့ ရွှေရောင် အိုင်းရှဲဒိုးတံဆိပ်များ

အိုင်းရှဲဒိုး eye shadow ကို ခရမ်မ်ပုံစံ၊ ပေါင်ဒါလိုအမှုန့်ပုံစံ၊ ခဲတံအချောင်းပုံစံ၊ အရည် ပုံစံဆိုပြီး အလှကုန်ဈေးကွက်ထဲမှာ အလွယ်တကူ ရွေးချယ်ဝယ်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ်သုံးမယ့် အမျိုးအစားတွေရဲ့ အားသာချက်ကဘာလဲ၊ ကိုယ်
ကရော ဘယ်လိုပုံစံမျိုးပြင်ဆင်ချင်လို့ ရွေးချယ် တာလဲဆိုတာ ပထမဦးဆုံး သိထားဖို့တော့ လိုပါ တယ်။ တွေ့တဲ့ပစ္စည်းကို အသုံးဝင်၊ မ၀င်မသိသေး ပဲ ကြိုက်တယ်လို့ယူဆပြီး ၀ယ်မိတယ်ဆိုရင်တော့ ကိုယ့်ရဲ့မှန်တင်ခုံပေါ်မှာ ပစ္စည်းတွေ များလာတာပဲရှိမှာပါ။

    powder eyeshadow က လတ်တလော လူကြိုက်များနေတဲ့ အမျိုးအစားပါ။ ပေါင်ဒါအမျိုး အစား ရှဲဒိုးက အဆီပြန်တဲ့ အသားရေပိုင်ရှင်တွေနဲ့ သင့်တော်ပါတယ်။
    Dry shadow တွေက ပိုပြီးသဘာဝကျကျ လှနေစေတယ်၊ နူးညံ့ပြီး မိန်းမသားဆန်စေပါတယ် ၊ ကာလာ ၁ ရောင်ထက်ပိုသုံးလည်း အဆင် ပြေတာတွေ့ရပါတယ်။
    အရောင်တွေထဲမှာ matte / pearl finish ကာလာတွေက ပိုသုံးရ အဆင်ပြေစေပါတယ်။
    ခရင်မ်အမျိုးအစား ရှဲဒိုးက အစိုဓာတ်ရှိတာကြောင့် အရောင်ပြေးလေးတွေ ၂ ရောင်၊ ၃ ရောင် ရောစပ်ပြီး ခြယ်လို့ရပါတယ်။ အရောင်ပိုပြီး ကြာ ရှည်ခံစေပါတယ်။
    Sticks & Crayon eyeshadow ကတော့ ရှဲဒိုးအဖြစ်ရော၊ လိုင်နာအဖြစ်ရော ပုံစံအမျိုးမျိုး ခြယ်လို့ရပါတယ်။ အချိန်ကုန်သက်သာတဲ့ ပြင် ဆင်နည်းဖြစ်သလို၊ ရှဲဒိုးခြယ်ဖို့ applicator လည်း မလိုပါဘူး။
    Loose powder eyeshadow ကလည်း အသက်အရွယ် ကွဲပြားမှုအလိုက် ရွေးချယ်တဲ့ ရှဲဒိုး အမျိုးအစားလေးတွေ မှန်ကန်ဖို့လိုတယ်နော်။

    ဆယ်ကျော်သက်အရွယ်...အလှပြင်တာကို အရမ်းဂရုစိုက်တာမျိုး မဟုတ်သေးပါဘူး။ မိတ်ကပ် အဆင့်ဆင့် လိမ်းစရာလည်းမလိုအောင် ဒီအသက် အရွယ်က အသားရေပြည့်စုံပြီးသား ဖြစ်တာကြောင့် ပြင်ဆင်တာကို နာရီဝက်လောက်ပဲ ကြာတတ်ကြပါ တယ်။ ခဲတံပုံစံရှဲဒိုး အမျိုးအစားမှာ ပုလဲရောင်ပါတဲ့ အရောင်ပြေးလေးတွေ၊ ရွှေမှုန်ရောင်ကာလာလေး တွေက သင့်တော်ပါတယ်။
    သက်လတ်ပိုင်းအရွယ်...အလှအပကို သေ ချာဂရုတစိုက်နဲ့ အချိန်ပေးပြီးပြင်ဆင်ကြတဲ့ အ ရွယ်ပါ။ ကိုယ်ပြင်ချင်တဲ့ ကာလာ၊ ပုံစံကိုလည်း သီး သန့်ရှိလာကြပါတယ်။ အလှကြိုက်တဲ့သူဆိုရင် အချိန်သီးသန့်ပေးပြီး ပြင်ဆင်တတ်ကြပါ တယ်။ ရွေးချယ်သင့်တဲ့ အမျိုးအစားကတော့ အခုခေတ် စားနေတဲ့  Palette shadow အရောင်လေးတွေပါ။ ဘရပ်ရှ် (သို့) လက်ထိပ်လေးများနဲ့ စိတ်ကြိုက်ခြယ်လို့ရပါတယ်။
    သက်ကြီးပိုင်းအရွယ်...အသက်အရွယ်ရဲ့ ပြောင်းလဲမှုအရ ဖြစ်လာတဲ့ မျက်လုံးနားအရေး အကြောင်းလေးတွေကို ပိုပြီးထင်းမသွားစေဖို့ ခရင်မ်ပုံစံ ကာလာအနှစ်လေးများက ပိုပြီး သင့် တော်ပါတယ်။ အရောင်ကတော့ ထင်းလင်းနေတာ
မျိုးရှောင်ပြီး ကျန်တဲ့ကာလာတွေ အသုံးပြုဖို့ အဆင်ပြေပါတယ်။


လွယ်ကူရိုးရှင်းတဲ့ ကာလာအတွဲအစပ်

    ယခုလစာမျက်နှာမှာ ဖော်ပြထားတဲ့ ပုံစံလေးများကတော့ ဘယ်အသက်အရွယ်မဆို ပြင်ဆင်နိုင်တဲ့ ကာလာများပါပဲ။ မျက်ခွံပေါ်မှာ ကာလာငြိမ်ပြီး မိန်းမသားဆန်တဲ့ ပုံစံတွေပါ။

   ရှဲဒိုးကာလာကို ကောင်းကောင်းမခြယ်တတ်သေးသူဆိုရင်တောင်မှ ဒီလိုကာလေးတွေက အပြင်သွားရင် အလွန်ပဲသင့်တော်တာကြောင့် လေ့ကျင့်ခြယ်သထားဖို့ ထပ်ပြီးအကြံပေးလိုက်တယ်နော်