Primary tabs

Hair Styles for Men

    ၂၀၁၆ ဆိုတဲ့ နှစ်သစ်တစ်ခုကို သာမန်အမြင် တွေထဲကနေ ထူးခြားခွဲထွက်နေတဲ့ ဒီဇိုင်းသစ်တွေနဲ့ ကြိုဆိုလိုက်ချင်ပါတယ်။

Model - Htet Phone Naing (Jade Dradon)
Hair Stylist - Ko Richard
(Agnes Lim by Fancy House)
Photo - LMN

    ဒါကြောင့် ရုပ်လှဖို့ထက် ဒီဇိုင်းဆန်းဖို့ကို လက်ခံရဲတဲ့ Jade Dragon က အမိုက်စား Dancer ထက်ဘုန်းနိုင်နဲ့ သူ့လက်ကထွက်ရင် အလန်းတွေ ချည်းပဲလို့ဆိုရမယ့် Hair Stylist Ko Richard တို့ကို တွေ့ဆုံပြီး ဒီလိုပုံရိပ်တွေ ထင်ဟပ်လာဖို့ ဖန်တီးဖြစ်ခဲ့တယ်...။

  ဒီ Hair Design ကတော့ ဂျပန်ကာတွန်း ဇာတ်ကောင်ပုံစံလေးဖြစ်တယ်လို့ Hair Stylist က ဆိုပါတယ်။  “ဂျပန် ကာတွန်းဇာတ်ကောင်တွေက တော့ ကာလာတွေနဲ့ပေါ့။ ဒီ ဒီဇိုင်းကတော့ ခေတ် လူငယ်တွေ အထူးစီစဉ်ထားတဲ့ ပါတီပွဲတွေမှာ လုပ်ဖို့ အဆင်ပြေတဲ့ ဒီဇိုင်းပါ။ ကာလာနဲ့ဆို ပို ပေါ်လွင်မှု ရှိစေမှာပါ”

  “အခု ပုံစံကတော့ အာဖရိကန်တွေရဲ့ ဆံပင် စတိုင်လ် ကောက်ကောက်ကွေးကွေးလေးပါ။ ကောက်သားရှိပီးသား သူတွေအတွက် အထူးပြု ပြင်စရာ မလိုတော့ပါဘူး။ အဖြောင့်သမားတွေက တော့ ဆေးနဲ့ကောက်ရမှာပါ။ ဆံပင်ကောက်နေ
လို့ စိတ်မညစ်ပါနဲ့။ ဒီ ဒီဇိုင်းလေးကလည်း အလန်းပါ”

 “ဒါကတော့ သိပ္ပံ အက်ရှင်ကားတွေထဲက ဇာတ်ကောင်တစ်ခုကို မှီငြမ်းထားတာပါ။ ဒီပုံ ထဲကလိုပဲ အက်ရှင်မင်းသားဆန်ဆန် ဒီဇိုင်းကြိုက် တယ်ဆိုရင် အရမ်းသင့်တော်တဲ့ ဒီဇိုင်းပါ။ ကိုယ် ဝတ်မယ့် အဝတ်အစားတွေကလဲ ဒီလိုခပ်မိုက် မိုက် လေးတွေပဲ ဆိုရင်တော့ အပြည့်စုံဆုံးပေါ့ ခင်ဗျာ။ ဒီ ဆံပင်ဒီဇိုင်းတွေကတော့ တကယ့်ပွဲနေပွဲထိုင် တစ်မူထူးခြားမှု ရှိစေမယ့် ဒီဇိုင်းတွေပါပဲ”