Primary tabs

ရိုးအီမသွားတဲ့ ကျစ်ဆံမြီး

    ဘယ်သောအခါမှ မရိုးနိုင်တဲ့ ကျစ်ဆံမြီးကျစ် နည်းကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ထားပါတယ်...

မော်ဒယ် - အခရာ

မိတ်ကပ် - လင်းလင်း (လမ်းမတော်)
ဓာတ်ပုံ - လမင်းနိုင်

    မိမိ အားသန်ရာ ဘယ် (သို့မဟုတ်) ညာ ဘက် ဘေးခွဲလိုက်ပါ။ အပေါ်ဆံပင်တစ်ထပ် ရှပ် ယူလိုက်ပါ။ ကျစ်နေကျ သုံးချောင်းကျစ် ကျစ်ဆံမြီး ကျစ်ပါ။ ကျစ်ဆံမြီးကျစ်ပြီးသွားလျှင် နောက်တွင် ကလစ်လှလှလေး (သို့မဟုတ်) ကလစ်အမဲကို cross ပုံစံလေးထိုးလိုက်ပါ။ မြန်လဲမြန်တယ် ရှင်းရှင်းလေး နဲ့ မျက်နှာအလှလေးကို ပိုပေါ်လွင်စေမှာပါ။

    ဆံသားကို ကောက်တံနဲ့ အရင်နည်းနည်း ကောက်လိုက်ပါ။ ဆံပင်ကို သုံးပုံတစ်ပုံစီခွဲပြီး သားရေကွင်းနဲ့ စီးလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း စီးထားတဲ့သုံးခုကို တင်းတင်းကြပ်ကြပ်ယှက်ပြီး ဆံထုံးဖြစ်အောင် ထုံးလိုက်ပါ။ ပြီးလျှင် ဆံညှပ် ကလစ်အမဲ၊ ခွကလစ်များနဲ့ ထိန်းပါ။ ဖန်စီ ခေါင်း ပတ်လှလှလေးတစ်ခုနဲ့ ရစ်နှောင်လိုက်ပါ။


    ဆံပင်ကို နှာဖူးအပြောင်ဖြီးပြီး အပေါ်တစ် ထပ်ယူပါ။ ပုံမှာပြထားတဲ့အတိုင်း ထိပ်ကနေစပြီး တစ်ဆင့်ချင်းစီ ငါးရိုးပုံစံ ကျစ်ဆံမြီးကျစ်ပါ။ ကလစ်လှလှလေး တခုတပ်ပါ။


    ဦးခေါင်းထိပ်ကဆံပင်နဲ့ ဘေးဆံပင် နည်း နည်းကိုကလစ်နဲ့ ခနညှပ်ယူထားပါ။ ဘေးဆံပင်ကို ကျစ်ဆံမြီးအရင်ကျစ်ပါ။ ကျန်ဆံပင်ကို ပိုနီးတေး ခပ်ဆန်ဆန် ချာလီသားရေကွင်းနဲ့ ကျစ်ထားတဲ့ ကျစ်ဆံမြီးပါယူပြီး ခပ်မြင့်မြင့်စီးပါ။ ချန်ခဲ့တဲ့ ရှေ့ ဆံပင်ကို ဘီးချွန်နဲ့ အမောက်လုပ်ပြီး အနောက်တွင် ကလစ်အမဲနဲ့ ညှပ်ပါ။