Primary tabs

Hairstyles for Men

Model - CharLie
H & M - Omega Mee Mee

ဇွန်လအတွက် Men’s Hairstyles ကိုတော့ Color Wax တွေနဲ့ တင်ဆက်ဖို့ ရွေးချယ်ထားပါတယ်။ ဆံပင်တိုနဲ့ ကိုကိုတို့အတွက် ဆိုးရလွယ်ကူသလို ကာလာလှပပြီး တစ်ပွဲတစ်မျိုး စိတ်ကြိုက်ပြောင်းလဲပြင်ဆင်နိုင်မယ့် စတိုင်လ်တွေကို  Hair Stylist က Model အတွက် စိတ်ကူးပုံဖော်ပေးတာကတော့.....
“မော်ဒယ် CharLie က ရိုက်ကူးရေးတွေ ဆက်နေတော့ ဆံပင်ဒီဇိုင်းကို Man ဆန်ဆန်ညှပ်ထားပေးပြီး ပုံစံလည်း သုံးမျိုးလောက် ပြောင်းလို့ရအောင်ညှပ်ထားပေးတာပါ။ ကာလာကတော့ အရောင်တောက်တောက်ဆို Shooting တွေမှာ အဆင်မပြေတတ်လို့ တစ်ခါသုံး Colour Wax တွေသုံးပြီး ပုံဖော်ပေးထားပါတယ်။ ဆံပင်ဆိုးလို့ မရတဲ့သူနဲ့ ဆံသားပျက်စီးမှာ ကြောက်တဲ့သူတွေ ကာလာတစ်ခါသုံးတင်ချင်ရင် Hair Waxတွေသုံး ပြီး အလှဆင်နိုင်ဖို့ အကြံပြုလိုက်ပါတယ်”

1.    Gentelmen styleပါ။ မီးခိုးနဲ့ ခရမ်းစပ် ကာလာကတော့ အစစ်လည်းဆိုးလို့ရပါတယ်။ ဒီမှာကတော့ ရိုက်ကူးရေးမှာ ပုံစံတစ်မျိုးပြီးတစ်မျိုး ပြောင်းရမှာ ဖြစ်တဲ့အတွက် Colour wax သုံးထား
တာပါ။ တစ်ပွဲတိုးသုံးမယ်ဆို အတော်အဆင်ပြေပါတယ်။

2.    လူငယ်စတိုင်လ် ပေါ့ပေါ့ပါးပါးနဲ့ ဆံပင်အဖွလေးပါ။ ဒီလိုဆံပင်ဒီဇိုင်းညှပ်ထားရင်တော့ သုံးမျိုးလောက်ဖြီးလို့ရပါတယ်။ ကာလာက ပန်းခရမ်းလေးပါ။ ဝတ်ထားတဲ့ အင်္ကျီဒီဇိုင်းနဲ့အလိုက် ပေါ့ပေါ့ပါးပါး လူငယ်ဒီဇိုင်းလေးနဲ့မို့ ကြိုက်ကြမယ် ထင်ပါတယ်။


3.    နောက်ဆုံးဒီဇိုင်းက ရွှေရောင်နဲ့... high fashion ဘက်ကို နည်းနည်းရောက်တာပေါ့နော်။ မျက်နှာမှာလည်း ရွှေရောင်တွေခြယ်ထားတယ်။ ဆံပင်ကိုလည်းရွှေရောင်နဲ့ အခုခောတ် ယောက်ျားလေး အတော်များများလက်ခံတဲ့ Hair Design မျိုးပါ။ ပါတီပွဲလိုနေရာမျိုးမှာ မရိုးမဆန်းလေးလုပ်ချင်တယ်ဆိုရင် ဒီလိုဒီဇိုင်းမျိုး ရွေးချယ်လို့ရပါတယ်။