Primary tabs

Hair Styles for Men

ကြည်လင်သန့်ပြန့်နေတဲ့ ဥပဓိရုပ်ကလေးတွေအတွက် အလိုက်ဖက်ဆုံး ဆံပင်စတိုင်လ်လေးတွေကိုပြင်ဆင်ပြထားပါတယ်။

နိစ္စဓူဝလုပ်စရာတွေ အများသားနဲ့ လူတွေအားလုံး busy နေတဲ့ ခေတ်ကြီးမှာ ရာသီဥတုတွေကလည်းပူတော့ ထိန်းရမယ့်ဆံပင်တွေ မလုပ်ချင်တော့ဘူးဆိုသူတွေအတွက် သဘာဝဆန်ပြီး ရိုးရှင်းတဲ့ စတိုင်လ်ကို Hair Stylist က ဖန်တီးပေးထား တာ ဖြစ်ပါတယ်။

အနက်ရောင်ကေသာနဲ့ လူငယ်ဆန်ဆန် စမတ်ကျကျပုံစံလေးပါ။ ဘေးကိုပါးပြီးလှိုင်းခပ်ပြေပြေလေးတွေ ပြေးနေတဲ့စတိုင်လ်က လူငယ်ထုကြားမှာ လတ်တလော Hit ဖြစ်လှတယ်။

ဒီစတိုင်လ်လေးကတော့ အိပ်ရာနိုးနိုးချင်းတောင် ခေါင်းဖြီးစရာမလိုအောင် ပေါ့ပေါ့ပါးပါးပုံစံလေးပေါ့။

လက်ကလေးတွေနဲ့ ထိုးဖွလိုက်ရင်တောင် အဆင်ပြေတယ်။ ဒီကရာသီဥတုနဲ့လည်း လိုက်တယ်လို့ Hair Stylist က ဆိုတယ်။

ကာလာပါမှကြိုက်တဲ့ လူငယ်တွေအတွက်လည်း ဒီဆံပင်စတိုင်လ်ကိုပဲ ခပ်မိုက်မိုက်လေးဖြစ်အောင် ပြောင်းလဲပေးထားတယ်။ ညပွဲတွေ ပါတီတွေ တက်မယ်ဆိုလည်း ခုလိုစတိုင်လ်တစ်မျိုး ခွဲထွက်လိုက်ရုံပေါ့နော်…။

Model - Myo Ko Kyaw
Hair Stylist - Kerry (Art & T8)
Photo - TharduKoKo