Primary tabs

ဆံကေသာအလှ ကျန်းမာဖို့ရာ နည်းလမ်းအဖြာဖြာ

K2O

မိန်းကလေးတိုင်းဟာ မိမိတို့ရဲ့ ဆံကေသာ အလှကို တန်ဖိုးထားပြီး မြတ်နိုးကြပါတယ်။မိမိတို့ရဲ့ လှပတဲ့ ဆံကေသာအလှကို လည်း ဂုဏ်ယူတတ်ကြပါတယ်။ ဒီလိုလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့အတွက် မိမိရဲ့ ဆံကေသာကိုလည်း အမြဲဂရုစိုက် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ ဆံကေသာအတွက် အလှပြင်ပစ္စည်းတွေကလည်း အမျိုးအစားစုံလင်စွာ ရှိနေကြပါတယ်။ ဆံကေသာအတွက် အလှပြင်ပစ္စည်းတွေ စုံလင်ပေါ်ထွက်လာ တာနဲ့အညီ နောက်ဆက်တွဲ အကျိုးဆက်တွေလည်း ရှိနိုင် ပါတယ်။ ဒီလို နောက်ဆက်တွဲ အကျိုးဆက်တွေရဲ့ လက္ခဏာတွေကနေတဆင့် ကောင်းကျိုးများကို ရရှိခံစားနိုင်ဖို့၊ လှပတဲ့ ဆံကေသာနဲ့ အတူ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့အတွက် ဆံကေသာအလှအပဆိုင်ရာ ဆံကေသာကျန်းမာခြင်း နည်းလမ်းအဖြာဖြာကို ဖော်ပြပေးလိုက်ပါတယ်။

၁။         ညအိပ်ရာမ၀င်ခင် ဆံပင်ကို ပုံမှန်ဖြီး ပေးပါ။

၂။         ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်နဲ့ လုံ လောက်မှုရှိရုံ ပမာဏသာ အသုံးပြုပါ။ သင့်ဆံသား ကို ထိန်းသိမ်းဖို့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေး အသုံးပြုပါ။

၃။         ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနှင့်။ ဆံသားများကို ဆွဲဆန့်သလိုဖြစ်စေပြီး ဆံပင်ပြတ်စေနိုင်ပါသည်။

၎။         ရေစိုနေတဲ့ ဆံပင်ကိုလေမှုတ်စက်နှင့် အခြောက်ခံမည့်အစား သဘာဝအတိုင်း အခြောက်ခံပါ။ လေမှုတ်စက်က အစိုဓာတ်တွေ ကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်ပါသည်။

၅။         တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံလောက်ပါက ဖြည့်စွက်သောက်သုံးပါ။

၆။         ဆံပင်ကောက်ပြီးသည့်အခါ ဘရပ်ရှ်နှင့်ဖြီးမည့်အစား ဘီးနှင့်သာညင်သာစွာ ဖြီးပါ။

၇။         ဆံပင်ကို နောက်မှာတင်းတင်းကျပ်ကျပ် စည်းနှောင်ခြင်းကိုလည်း ရှောင်ရှားပါ။

၈။         သားရေကွင်းနဲ့ စည်းနှောင်ခြင်းက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြုသင့်ပါ။

၉။         နေပူထဲကို သွားလာသည့်အခါ ဆံသားပေါ်ကို နေရောင်ခြည်တိုက်ရိုက် မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်းသွားပါ။

၁၀။       ဦးရေပြားကို ဗီတာမင်အီး လိမ်းပေးပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။

၁၁။       ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများခြင်းက လည်း ဆံပင်ကျွတ်စေနိုင်သည့် အချက်များတွင် ပါဝင်ပါသည်။

၁၂။       ဗီတာမင် ဘီ၊ စီ၊ အီး ကြယ်ဝသည့် အစားအစာများကို စားသုံးပါ။ သင်စားသည့် အစားအသောက်ထဲတွင် သံဓာတ်နှင့်သတ္တု ဓာတ်များ ပါဝင်အောင် စားပေးပါ။

ပျက်စီးနေသော ဆံသားများအတွက် Yes I Hair Series ၏ ဆံကေသာ ပြုပြင်ထိန်းသိမ်းနည်းအဆင့်ဆင့်ကိုလည်း  ဖော်ပြပေးလိုက်ပါတယ်။

ရာသီဥတု

အလယ်ပိုင်းရာသီဥတုတွင် ဖုန်၊ လေ ကြောင့် ပျက်စီးသောဆံသားများကို အများဆုံး တွေ့ရသည်။ ထိုဆံသားများကို Hair Care ပြုလုပ်ရာတွင် ပထမဆုံး Hair Care မပြုလုပ်မီ မိနစ်(၃၀)အလိုတွင် သဘာဝမှရသောအဆီဖြင့် ဦးစွာဆံသားကိုလိမ်းပြီး မိနစ် (၃၀)ပြည့် လျှင် Yes I Hair Series No.2 Moisture shampoo အသုံးပြုကာ လျှော်ချပါ။ No.2 Moisture conditioner ဖြင့် (၅)မိနစ်ခန့်ထားပြီး လျှော်ချကာ မိမိနှစ်သက်သော ပေါင်းဆေးဖြင့် မိနစ်(၂၀)ခန့် သင့်တင့်လျောက်ပတ်သော အချိန်ပေးပေါင်းတင်ပါ။ ၁ လကိုနှစ်ကြိမ် အနည်းဆုံးထားပြီး ထိန်းသိမ်းကာကွယ်ပါ။ သဘ၀အဆီအနှစ်များ လိမ်းပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။

ဆောင်းရာသီ

ဆောင်းရာသီတွင် ပျက်စီးနိုင်သည့် အကြောင်းအရင်းများမှာ ရေနွေးဖြင့် ခေါင်းလျှော်ခြင်းကို အဓိကသတိထားသင့်ပါသည်။ အသုံးပြုသော ရေနွေးပူလွန်းသွားလျှင် ဦးရေပြားအပေါ်ယံအလွှာကို ထိခိုက်စေပြီး ဆံသားကိုကြမ်းတမ်းစေပါသည်။ အဖျားပိုင်းနှစ်ခွများ ဖြစ်စေတတ်ပါသည်။ ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေး(သို့)ပေါင်းဆေးကို ပုံမှန်သုံးပေးသင့်ပါသည်။ သုံးသည့်အခါတွင်လည်း ဆံပင်၏ အဖျားပိုင်းကို အဓိကထားပြီး သုံးရပါမည်။

 

ဦးရေပြားပြဿနာများ

(၁)        ဗောက်ထသော ဦးရေပြား၊ (၂) အဆီပြန်သော ဦးရေပြား၊ (၃) ခြောက်သွေ့သော ဦးရေပြား စသည်ဖြင့် ဦးရေပြား ပြဿနာ အမျိုးအစားများ ရှိကြသည်။

ဗောက်ထသော ဦးရေပြား

ဗောက်ထသော ဦးရေပြားအတွက် Green Tea shampoo သည် အသင့်တော်ဆုံးဖြစ်ပါသည်။ shampoo နှင့် conditioner အသုံးပြုပြီးတိုင်း ရေဖြင့် သေချာစွာစင်အောင် လျှော်ရပါမည်။ Hair Tonic ကို အသုံးပြုခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။

အဆီပြန်သောဦးရေပြား

အဆီပြန်သော ဦးရေပြားအတွက် Green Tea ပါသော shampoo ကို အသုံးပြုခြင်းဖြင့် ကာကွယ်ပါ။ conditioner နှင့် ပေါင်း ဆေးကို အသုံးပြုရာတွင်လည်း ဦးရေပြားနှင့်ဝေးပြီး ဆံသားကို သုတ်လိမ်းအသုံးပြုပါ။ Hair code အသုံးပြုရာတွင်လည်း ဆံသားအဖျား ကိုသာ လိမ်းပေးပါ။ conditioner နှင့် ပေါင်းဆေးကို အသုံးပြုပြီးတိုင်း ရေဖြင့်သေချာစွာ စင်အောင်လျှော်ချရန် အထူးသတိပြုရပါမည်။

 

ဆေးဆိုးထားသော ဆံသားများအတွက် Hair Care ပြုလုပ်နည်း

ဆေးဆိုးထားသော ဆံပင်များကို No.1 color treated shampoo ဖြင့် လျှော်ချပါ။ No.1 ပန်းရောင် shampoo သည် ဆံပင်ကာလာကို အရောင်မလွင့်အောင် ထိန်းသိမ်းပေးပြီး ဆံသားကြမ်းခြင်းများကိုလည်း ကာကွယ်ပေးပါသည်။ ပြီးလျှင် နောက်ထပ် No.1 color treated conditioner ဖြင့် (၅)မိနစ်ခန့်ထားပြီး လျှော်ချပါ။မိမိနှစ်သက်သည့် ပေါင်းဆေးဖြင့် ဘီးစိတ်ကို အသုံးပြုပြီး သုတ် လိမ်းပါ။ ထို့နောက် ပေါင်းစက်ဖြင့် မိနစ်(၂၀)အပူပေးပါ။ သင့်တင့်လျောက်ပတ်သည့် အပူချိန်ကိုသာပေးပါ။ လေမှုတ်စက် အသုံးပြုမှုကို လည်း ပုံမှန်မျှသာ အသုံးပြုပေးပါ။ ဆေးဆိုးထားသော ဆံသားအတွက် Hair Care ပြုလုပ်ရာတွင်(၁)လကိုနှစ်ကြိမ် အနည်းဆုံးထားပြီး ထိန်းသိမ်းကာကွယ်ပါ။ ထို့ပြင် သဘာဝအဆီများ လိမ်းပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။

ကောက်ထားသော ဆံသားများအတွက် Hair Care ပြုလုပ်နည်း

ကောက်ထားသော ဆံသားများအတွက် ဦးစွာ No.3 permed shampoo ဖြင့် လျှော်ချပြီး No.3 permed conditioner ကို (၅)မိနစ်ထားပြီး လျှော်ချပါ။ မိမိနှစ်သက်သော ပေါင်းဆေးကို ဘီးစိပ်ဖြင့် အသုံးမပြုဘဲ လက်ဖြင့်သုတ်လိမ်းပါ။ ဘီးစိပ်အသုံးပြုပါက ကောက်သားပြေတတ်ခြင်းကြောင့် ဖြစ်ပါသည်။ သင့်တင့်လျောက်ပတ်သည့် အပူချိန်ကိုသာပေးပြီး ပေါင်းစက်ဖြင့် ပေါင်းပါ။ ပေါင်းတင်ပြီး သားဆံသားကို လေမှုတ်စက်ဖြင့် ပုံမှန်အပူချိန်ကို အသုံးပြုရပါမည်။ ကောက်ထားသော ဆံသားများအတွက် Hair Care ကို အနည်းဆုံး (၁)လလျှင်နှစ်ကြိမ်ပြုလုပ်ပြီး ထိန်းသိမ်းကာကွယ်ပါ။

ဖြောင့်ထားသော ဆံသားများအတွက် Hair Care ပြုလုပ်နည်း

ဖြောင့်ထားသော ဆံသားများအတွက် ဦးစွာ No.2 permed shampoo ဖြင့် လျှော်ချပြီး No.2 permed conditioner ကို (၅)မိနစ်ထားကာ လျှော်ချပါ။ မိမိနှစ်သက်ရာ ပေါင်းဆေးကိုဘီးစိပ်ဖြင့် အသုံးပြုပြီး သုတ်လိမ်းပါ။ ထို့နောက် ပေါင်းစက်ဖြင့် မိနစ်(၂၀) အပူပေးပါ။ သင့်တင့်လျောက်ပတ်သည့် အပူချိန်ကိုသာပေးပါ။ လေမှုတ်စက်အပူကို ပုံမှန်မျှသာအသုံးပြုပါ။ ဖြောင့်ထားသော ဆံသား အတွက် Hair Care ပြုလုပ်ရာတွင် (၁)လကိုနှစ်ကြိမ် အနည်းဆုံးထားပြီး ထိန်းသိမ်းကာကွယ်ပါ။ သဘာဝအဆီများ လိမ်းပေးခြင်းဖြင့် လည်း ကာကွယ်နိုင်ပါသည်။

သဘာဝပစ္စည်းများနှင့် ဆံသားထိန်းသိမ်းနည်း

(၁)ပျားရည်၊ သံလွင်ဆီ၊ ကြက်ဥအကာတို့ကို (1:1:1)ဖြင့် ရောပြီး ဆံသားကို သုတ်လိမ်းကာ မိနစ်(၃၀)ထားကာ ပေါင်းတင်နိုင် ပါသည်။(၂)ထောပတ်သီး၊ ရေနွေးကို (1/2:1/2) ရောပြီး ဆံသားကို သုတ်လိမ်းကာ ပေါင်းတင်နိုင်ပါသည်။

အထက်ပါ ဆံကေသာထိန်းသိမ်းနည်းများဖြင့် မိမိတို့၏ဆံကေသာအလှကို ထိန်းသိမ်းကာ လှပခြင်း အလှတရားများကို ရှာဖွေနိုင် ကြပါစေ။

ဤကဏ္ဍအတွက် ကူညီဖြေကြားပေးသော Yes I Hair Series မှ Professional ကိုကျော်ကျော်အား အထူးပင်ကျေးဇူးတင်ရှိပါ သည်။