Primary tabs

Glittery Beauty !

Model - Sue Ro Hnine
Makeup & Hair - Gucci Aung
Photo - Kan Su Ho (Black & White)
Retouch - Kan Su Ho
Makeup Artist - Gucci Aung
Photo - Kan Su Ho (Black & White)
Retouch - Kan Su Ho
- People ကို စသိတာ
People နဲ့စသိတာ ၈ နှစ်ကျော်ပါပြီ။ မိတ် ကပ် - ညီညီမောင်(စမ်းချောင်း) ဆီမှာနေကတည်းက လိမ်းဖြစ်ပါတယ်။ 
 
- People နဲ့ အမှတ်တရ 
အမှတ်တရတွေ အများကြီးရှိတဲ့ထဲက ပြောပြရရင် စိုင်းစိုင်းခမ်းလှိုင်နဲ့ မေဂရေ့စ် ကာဗာရိုက်တုန်းက မေဂရေ့စ်ကို လိမ်းပေးခဲ့တယ်။ အဲဒီမှာ  မေဂရေ့စ်ကိုလိမ်းထားတဲ့ မိတ်ကပ်ကို ကြိုက်လို့ဆိုပြီး ပန်းရောင်ခြယ်လေး နိုင်ငံခြားကပြန်လာတဲ့ အချိန်မှာ မဂ္ဂဇင်းရိုက်ဖို့အတွက် အောင့်ကို ကမ်းလှမ်းတာ ခံရတာကလည်း People နဲ့ ပတ်သတ်တဲ့ အမှတ်တရပါ။
 
- ၁၅ နှစ်ပြည့်စိတ်ကူး
အခုအောင်ပြင်ပေးတဲ့ ကဏ္ဍက Hair ပိုင်းကို အဓိကထားတဲ့အတွက် မိတ်ကပ်ကိုတော့ အများကြီး မလုပ်ထားပါဘူး။ ခေါင်းပေါ်မှာ လက်လက်လေးတွေလုပ်ပြီး ဖန်တီးပေးထားပါတယ်။
 
- ၁၅ နှစ်ပြည့် အမှတ်တရစကား
People က အခု ၁၅ နှစ်ပြည့်သွားပီဖြစ်တဲ့အတွက် နောင်နှစ်ပေါင်း ၁၅၀ ကြာအောင် အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေ။ ဒီ့ထက် ဒီ့ထက် ပရိသတ်တွေရင်ထဲမှာ People ဆိုတဲ့ ကျောက်တိုင်ကြီးကို အခိုင်အမာတည်ဆောက်နိုင် ပါစေလို့ မိတ်ကပ်ဆရာတစ်ယောက်အနေနဲ့ ဆုမွန်တောင်းပေးအပ်ပါတယ်။