Primary tabs

Celebrities Change in 2018 Hairstyle

၂၀၁၈ မှာ ဘယ်အနုပညာရှင်တွေက ဘယ်လိုဆံပင်စတိုင်လ်လေးတွေ ပြောင်းလဲချင်လဲဆို တာကို သူတို့ရဲ့ စိတ်ကူးလေးတွေနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။

San Yati Moe Myint
Makeup & Hair - Ci Ci (Htet Pop Soul)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)


ပထမဆံပင်က ပန်းရောင်လေးပါ။ Cute ဖြစ်တဲ့အရောင်လေး။ သဲသဲကဆံပင်ကို တစ်ခါမှ အဲဒီအရောင်မဆိုးဖူးဘူး။ ဆိုးရင်လည်း ရွှေရောင်ဘက်သွားတဲ့ဟာလေးတွေ၊ ၀ါတဲ့ဘက်သွားတဲ့ ဟာလေးတွေ၊ အညိုဘက်သွားတဲ့ဟာလေးတွေပဲ ဆိုးဖြစ်တယ်။ အဲ့လိုပန်းခရမ်းလိုဟာမျိုး တစ်ခါမှလည်းမဆိုးဖူးဘူး၊ ပြီးတော့ ဒီလိုဆံပင်ပုံစံအတိုကိုလည်း တစ်ခါမှ မညှပ်ဖူးဘူး။ အဲဒါကြောင့် ဒီလို ပုံစံမျိုးလေးနဲ့ မြင်ဖူးစေချင်လို့ ရိုက်ဖြစ်တာပါ။

ဒီဆံပင်ပုံစံလေးတွေက အခုကိုရီးယားမှာ ခေတ်စားနေတဲ့ပုံစံလေးပါ။ ခပ်မိုက်မိုက်လေး ဓာတ်ပုံရိုက်တာမျိုးတွေမှာ ဒီလိုဆံပင်လေးတွေ လုပ်ကြတယ်။

၂၀၁၈ မှာ ပြောင်းချင်တာဆိုရင်တော့ အရှေ့ဆံပင်လေးညှပ်မယ်၊ အရောင်လေးပြောင်းမယ် ဒီလောက်ပါပဲ။ အရမ်းအတိုညှပ်ဖို့တော့ မရှိပါဘူး။   ခုရိုက်ထားတဲ့ ဆံပင်ပုံစံလေးတွေကတော့ စိတ်ကူးယဉ်ထားတဲ့ ဆံပင်ပုံစံလေးတွေပါပဲ။

သဲက ဆံပင်ပုံစံအကောက်လေးတွေ ကြိုက်တယ်။ ကာလာဆိုးချင်ပေမဲ့ ကားရိုက်တွေရှိနေတဲ့ အခါကျတော့ ကာရိုက်တာအရ ပြောင်းလို့မရတော့ မပြောင်းဖြစ်ပါဘူး။ 

ငယ်ငယ်တုန်းကဆို ဆံပင်လေးတွေက ကပ္ပလီလေးတွေ ကောက်သလိုကောက်တာ၊ ဆံပင်အရှည်ကြီးက တင်ပါးလောက်ရှိတယ်၊ ပြီးတော့ ဆံပင်က အရောင်ရှိတယ်။ ဆံပင်ဖြောင့်တာတွေ ခေတ်စားလာတဲ့အချိန်မှာ မအူဝဲ ဆံပင်ဖြောင့်တာကိုကြိုက်ပြီး အမေကဆံပင်ဆိုင်ဖွင့်ထားတာဆိုတော့ သဲက ကလေးပဲရှိသေးတော့ သဲဆံပင် အကောက်လေးတွေကို ဖြောင့်ပေးတယ်။ အဆင့် ၄ ဆင့်လောက်ဖြောင့်ရတာ အဆင့်၂ လောက်မှာတင် နာလို့ထွက်ပြေးတာ။ အဲလိုမျိုး ၂ ကြိမ် ၊ ၃ ကြိမ်လောက် လုပ်ဖူးတယ်။

Misandi
Makeup & Hair - Ma Cho & Ma Khaing (Hello)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)

ဆံပင်က သိပ်မညှပ်ဖြစ်တာ များတယ်။ ၂၀၁၈မှာ ပြောင်းချင်တဲ့ဆံပင်ပုံစံက အခု မိစန္ဒီပြင်ထားတဲ့ ဆံပင်ပုံစံလေးတွေပါ။ ပြီးတော့ ဆံပင်ကို  အရောင်စုံဆိုးချင်တယ်။ အရမ်းတော့ ဟော့ရှော့ မဖြစ်ဘူးပေါ့။ အရောင်အနုလေးတွေ ဆိုးချင်တယ်။ နောက်ထပ် အရမ်းလုပ်ချင်တဲ့ ဆံပင်ပုံစံက Rapper တွေလိုမျိုး ဆံပင်မှာ Drag Lock ဆံပင်လိုမျိုး ကျစ်ဆံမြီးကြီးတွေ ကျစ်တာ လုပ်ချင်တယ်။ ဒါပေမဲ့ မိစန္ဒီက Show ပွဲသွားတဲ့အချိန်က လွဲရင် ကျန်တဲ့အချိန်က အလှလည်း သိပ်မပြင်တတ်ဘူး၊ ပြင်ရမှာလည်း ပျင်းတော့ ဆံပင်က အရမ်းလှနေ ပြီး လူကအလှမပြင်ထားတော့ ဂွမ်းသွားမှာ ဆိုးတယ်။ 

ဆံပင်အကောက်ပုံလေးကို ပိုပြီးသဘောကျတယ်။ ၀တ်တာ၊ စားတာလည်း ယောက်ျားလေး နည်းနည်းပိုဆန်တော့ ပိုပြီး သဘောကျတယ်။

ခါတိုင်းဆံပင်ပုံစံတွေထက် မိန်းမလိုမျိုးပြင်ပြီး ရိုက်ရတာဖြစ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိတယ်။ Pose လုပ်ရတာ ပိုပြီးတော့ အဆင်ပြေတယ်။ ဒီဆံပင်အရှည်လေးကို ကျစ်ဆံမြီးကျစ်ပြီး ကွင်းလေးတွေထည့်ထားတာက ၆တန်း၊ ၇တန်းလောက်တုန်းက ဘရစ်တနီစပီးယားတို့၊ ခရစ္စတီးနားတို့ ခေတ်တုန်းက ဆံပင်တွေကို ကွင်းတွေထည့်တာတို့၊ အဖြောင့်အစင်းကိုမှ ကြိုကြား ကြိုကြား ကျစ်ဆံမြီးထည့်တာတို့၊ အရောင်ထည့်တာတို့ ခေတ်စားတယ်။

Nwe Darli Htun
Makeup & Hair - Wine
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)
Outfits - Bambini


ပုံစံနှစ်မျိုးလုံး အရမ်းကြိုက်ပါတယ် အတိုလေးနဲ့ကလည်း ဟော့ဟော့သွက်သွက်လေး ဖြစ်သွားသလို အရှည်ကောက်လေးကလည်း ပွယောင်းယောင်းလေးနဲ့ မိန်းမလည်း အရမ်းမဆန်တဲ့ပုံမျိုး လေးဆိုတော့ အင်္ကျီပုံသိပ်မရွေးဘူးပေါ့နော်။

အခုလောလောဆယ်အတွေးကတော့ လက်ရှိထားနေတဲ့အရှည်အဖြောင့်လေးပဲ ဆက်ထားဖြစ်အုံးမှာပါ။ သိပ်တော့မပြောတတ်သေးဘူး စိတ်ကူးပေါက်လို့ပြောင်းချင်လည်း ရုတ်တရက်ပြောင်းသွားနိုင်တယ်ဆိုတော့။

အတိုလေး ယောင်္ကျားဆန်ဆန် တိုတိုကပ်ကပ်လေး ဟိုးအရင်ကခေတ်စားတဲ့ Demi Moore ညှပ်ထားတဲ့ short hair style လေး ပြီးတော့ Rihana ရဲ့ boob hair style လေးတွေ ထားချင်ပါတယ်။ အဖြောင့်အရှည် တစ်ခါတလေ long wavy hair လေးတစ်ခါတလေ စိတ်ကူးပေါက်ပီးရှေဆံပင်ကိုအတိုညှပ်မိတယ်။ အဲ့အခါမျိုးက ညှပ်ခါစလှတယ်။ ဒါပေမဲ့ ပုံခဏခဏသွင်းရတော့ အလုပ်ရှုပ်တယ်။ ပြီးတော့တစ်ပတ်တစ်ခါလောက် ပြန်ပြန်တိတိ ပေးနေရတယ်။ အဲ့ဒါကြောင့် ညှပ်ပြီးတိုင်းလည်းနောင်တရသလို အပြောင်းအလဲဖြစ်ချင်လို့လည်း တစ်ခါတလေညှပ်မိသွားတယ်။