Primary tabs

ကိုယ်တိုင်ပြင်မယ့် ကိုယ့်စတိုင်လ် DIY

မိန်းကလေးတစ်ယောက် အပြင်သွားရင်ပဲ ဖြစ်ဖြစ်၊ ထသွား ထလာသွားရင်ပဲ ဖြစ်ဖြစ်၊ ပွဲလမ်းသဘင် တက်ရင်ပဲဖြစ်ဖြစ် လှလှပပလေးနဲ့ ချစ်စရာကောင်းနေအောင် မိမိဘာသာ မိမိပြင်ဆင်ပြီး လိုက်လုပ်နိုင်မယ့် DIY Hairstyle ပုံစံလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။


ပထမဆုံး ပြင်ပြပေးမယ့် ဆံပင်ပုံစံတစ်မျိုးက ငါးရိုးကျစ်ဆံမြီး ပုံစံလေးပါ။ 

Step- 1
ပထမဆုံးအနေနဲ့ ဆံပင်ဘေးတစ်ဖက်ကနေ သုံးချောင်းခွဲပြီး ကျစ်ဆံမြီးလေး စကျစ်ပါမယ်။


Step- 2
ပြီးရင် ဘေးတစ်ဖက်စီက ဆံပင်တစ်ချောင်း စီကိုယူပြီး မူလယူထားတဲ့ ကျစ်ဆံမြီးထဲကို ထည့်ပြီး ကျစ်သွားပါမယ်။

Step- 3
ကျန်တဲ့ဘေးတစ်ဖက်က ဆံပင်ကိုလည်း ပုံပါအတိုင်း နည်းနည်းစီယူပြီး မူလယူထားတဲ့ ကျစ်ဆံမြီးထဲ ထည့်ပြီး ကျစ်သွားပါမယ်။


နောက်ဆုံးမှာတော့ လှပပြီး ချစ်စရာကောင်းတဲ့ ငါးရိုးကျစ်ဆံမြီးလေးနဲ့ လှနေတဲ့ ဆံပင်ပုံစံလေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။


ဒုတိယ ပြင်ပြပေးမယ့် ဆံပင်ပုံစံလေးကတော့ ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက်ရဲ့ Wave ဆံပင်ပုံစံမျိုးလေး ဖြစ်ပါတယ်။

Step- 1
ပထမဆုံးအဆင့်အနေနဲ့ ဆံပင်လေးကို အပြောင်သိမ်းပြီး သားရေကွင်းနဲ့ ခပ်မြင့်မြင့်လေး စည်းလိုက်ပါမယ်။

Step- 2
ပြီးရင် ပုံပါအတိုင်း ဆံပင်ကို ၂ ဖက်ခွဲလိုက်ပါမယ်။


Step- 3
ပြီးရင်တော့ ခွဲထားတဲ့ ဆံပင်လေးတွေကို နည်းနည်းစီယူပြီး ဆံပင်ကောက်တံလေးနဲ့ လိပ်ပြီး ကောက်ပါမယ်။

Step- 4
ကျန်တဲ့တစ်ဖက်ကိုလည်း ပုံပါအတိုင်း ကောက်တံလေးနဲ့ လိပ်ပြီး ကောက်ပါမယ်။

Step- 5
ပြီးတဲ့အခါမှာ ကောက်ထားတဲ့ ဆံပင်လေးတွေကို ပုံသေသပ်လှပပြီး ကောက်သားလေးတွေ ပေါ်အောင် Spray လေး ဖျန်းပါမယ်။

Step- 6
နောက်ဆုံးမှာတော့ ပုံထဲကအတိုင်း စည်းထားတဲ့ သားရေကွင်းလေးကို ဖြည်လိုက်ပါမယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ စတိုင်ခပ်မိုက်မိုက်နဲ့ လန်းနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဆံပင်ပုံစံလေးလို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Photo & Retouch - Ko Naing (Escape Photo Studio)
Model - Michi Ko
Makeup - Shane (Gucci Aung)
Hair - Thurein (Gucci Aung)