Primary tabs

ကာလာစုံအလှတရားပန်းပွင့်ကလေးများ

ပန်းပွင့်ကလေးတွေက ချစ်စရာကောင်းတဲ့ အသွင်သဏ္ဌာန်ကို ဖန်တီးပုံဖော်ပေးတတ်တဲ့ သဘာဝအလှ တရားလေးတွေပါ။ သင့်မှာရော သင်အနှစ်သက်ဆုံး ပန်းပွင့်ကလေးတွေ ရှိပါသလား။ ဒါဆိုရင်တော့ မိမိနှစ်သက်တဲ့ ပန်းပွင့်ကလေးတွေနဲ့ မိမိရဲ့ဆံကေ သာထက်မှာ ပုံသဏ္ဌာန်မျိုးစုံကို ချစ်စဖွယ် ဖန်တီးယူလိုက်ပါ။ ဒီလအတွက် ဖော်ပြပေးမယ့်  Hairstyle ကဏ္ဍလေးထဲမှာလည်း ကာလာစုံပန်းပွင့်ကလေးတွေနဲ့ ဖန်တီးပြင်ဆင်ထားတဲ့ ဆံပင်ပုံစံ(၁၂)မျိုးကို Myanmar People Magazine ရဲ့ ၁၂ နှစ်ပြည့် အမှတ် တရနဲ့အတူ ပုံဖော်ဖန်တီးပေးလိုက်ပါတယ်။

ကြယ်တာရာ ပန်းလေးတွေကြားက မိန်းမပျိုလေး တစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အလှတရားကို ခံစားကြည့်ရှုနိုင်မှာပါ။

ရွှေရောင်တောက်ပနေတဲ့ အလှတရားနဲ့ အ၀ါ ရောင်သစ်ခွပန်းပွင့်လေးရဲ့ အလှတရားတို့ ပေါင်းစပ်ဖန်တီးလိုက်တဲ့အခါ...။

ခရမ်းရောင် ပန်းကလေးများရဲ့ အလှတရားနဲ့ ခရမ်းရောင်မိန်းမပျိုတို့ ပေါင်းစပ်လိုက်တဲ့အခါ...။

နှင်းဆီပန်းကလေးများနဲ့ နီနီစွေးစွေး ရဲရဲတောက် အလှတရား။

အနီရောင်ပန်းပွင့်ကလေးနဲ့ ဇာပုဝါတို့ ပေါင်းစပ် ဖန်တီးထားတဲ့ အလှစစ်။

ခပ်မိုက်မိုက်စတိုင်လ်၊ ခရမ်းရင့်နဲ့ စိမ်းပြာရောင် ပန်းပွင့်၊ ပိုးပုဝါတို့ ပေါင်းစပ်ဖန်တီးထားတဲ့ အလှ။

ပန်းနုရောင် ဒေလီယာပန်းလေးများနဲ့ ကြယ်တာရာပန်းလေးများရဲ့အလှတို့ ပေါင်းစပ်ထားတဲ့ တည်ငြိမ်မှုအပြည့် မိန်းမပျိုလေး အသွင်။

အဖြူ၊ အ၀ါ၊ အစိမ်း ကာလာစုံပန်းကလေးများ ပေါင်းစပ်ကာ အသွင်တစ်မျိုး ဆန်းပြားစေမယ့် ဖန်တီးမှု။

ပန်းနုရောင် ဒေလီယာပန်းကလေးများနဲ့ လှပကျော့ရှင်းနေတဲ့ အလှတရား။

ခရမ်းရောင်ပန်းပွင့်လေးများနဲ့ နုနယ်ပျိုမျစ်နေတဲ့ အလှတရားများကြားမှာ စွဲဆောင်မှုရှိနေစေတဲ့ အသွင်ဆောင်စေပါတယ်။

အနီရောင် ပိန်းပန်းပွင့်လေးများနဲ့ လှပကျော့ရှင်း နေစေတဲ့ ဆံကေသာအသွင် ဆောင်စေပါတယ်။

အဖြူရောင် လီလီပွင့်ဖတ်လေးများနဲ့ ဖြူစင်ရှင်း သန့်လှပနေတဲ့ မိန်းမပျိုလေးတစ်ယောက်ကို မြင်တွေ့နိုင်မှာပါ။

Model - Su Myat Noe Kyaw
Hair & Makeup - Myaung Myaung(KSW)

Model - Khay Satt Thwin
Hair & Makeup - Joe Joe

Model - Han Thi
Hair & Makeup - A Nge Lay