Primary tabs

ဒဏ္ဍာရီထဲက Hair

 

    သင့်ရဲ့ဆံကေသာထက်က လှပပြီး ချစ်စဖွယ်ကောင်းတဲ့ ဖန်တီးမှုအသစ်အသစ်လေးတွေ ကို ခံစားရှုမြင်နိုင်ဖို့အတွက် ဒီလမှာတော့  ဒဏ္ဍာရီ လာသမိုင်းတွေထဲက ချစ်စရာကောင်းတဲ့ မင်းသမီးလေးတွေရဲ့ ဆံပင်ပုံစံလေးတွေကို ဖန် တီးဖော်ပြ ပေးလိုက်ပါတယ်။

Photo - LMN
Model - Nan Sandar Hla Htun
Makeup - Htoo Htoo(Htet - Pop Soul)
Hair - CC

  

   ကောက်ညှင်းထုပ်ပုံစံပေါ်အောင် သားရေကွင်းလေးများနဲ့စည်းပြီး ဖဲကြိုးလေးကို ဘီးကုတ် သဖွယ် အလှဆင်ထားတဲ့ အာလာဒင်ဇာတ်ကားထဲက ချစ်စရာ မင်း သမီးလေးရဲ့ ဆံပင်ပုံစံကို ပြန်လည်ဖန်တီးပုံဖော်ထားခြင်းဖြစ်ပါတယ်။

  

   လှိုင်းတွန့်ပုံ ဆံပင်လေးများဖြစ်အောင် စွဲမက်ဖွယ် ဆံပင်ကောက်သားပုံစံနဲ့ Brave ရဲ့ ဇာတ်ကောင် ချစ်စရာမင်းသမီးလေးအသွင် ပြန်လည် ဖန်တီးပုံဖော်ပေးထားခြင်း ဖြစ်ပါတယ်။

    ဆံနွယ်အခွေလေးများကို တစ်ဝက်စီးကာ ထိပ်ဘက်နားမှာတော့ ဆံထုံးပုံစံ ဖဲကြိုးလေးနဲ့ အလှဆင်ထားတဲ့ Beauty and The Beast ဇာတ်ကောင် ချစ်စရာမင်းသမီးလေးအသွင် ပြန်လည် ဖန်တီးပုံဖော်ပေးထားခြင်း ဖြစ်ပါတယ်။

    ဆံနွယ်ခွေလေးများကိုပဲ တစ်ဝက်စီးပြီး ခပ်ရှင်းရှင်းလေး ပြင်ဆင်ထားတဲ့ Maleficient ထဲကချစ်စရာမင်းသမီးလေး Princess Aurora ရဲ့ဆံပင်ပုံစံလေးကို ပြန်လည်ဖန်တီးပုံဖော်ပေးထား ခြင်း ဖြစ်ပါတယ်။

Photo - LMN
Model - Michelle
Makeup - Htet (Pop Soul)
Hair - CC

    ဆံပင်အတိုအကောက်လေးကိုပဲ အလယ်မှာခွဲပြီး ဖဲကြိုးလေးနဲ့ ဖဲပြားပုံသဏ္ဍာန် အလှဆင်ထားတဲ့ ချစ်စရာစနှိုးဝှိုက် မင်းသမီးလေးအသွင် ပြန်လည်ဖန်တီးပုံဖော်ပေးထားခြင်း ဖြစ်ပါတယ်။

    ဆံပင်အားလုံးကို နဖူးအပြောင်သိမ်းပြီး ခပ်ရိုးရိုးရှင်းရှင်းလေး ထုံးထားတဲ့ Mulan ဇာတ်ကားရဲ့ ဇာတ်ကောင်မင်းသမီး လေးဆံပင်ပုံစံကို ပြန်လည် ဖန်တီးပုံဖော်ပေးထားခြင်း ဖြစ်ပါတယ်။

    ရှေ့ဆံပင်လေးကို အတွန့်အလိပ်ပုံစံကလေး လုပ်ပြီး ဆံထုံးပုံစံဖန်တီးကာ ဖဲကြိုးလေးနဲ့ အလှဆင်ထားတဲ့ စင်ဒရဲလားမင်း သမီးလေးရဲ့ ဆံပင်ပုံစံကို ပြန်လည်ဖန်တီးပုံဖော်ပေးထားခြင်း ဖြစ်ပါ တယ်။

    နောက်တွဲဆံထုံးလေးကိုပဲ ခေါင်းပေါ်မှာ ပန်း ပွင့်လေးတွေတပ်ကာ အလှဆင်ထားတဲ့  Perci-phone အလှဖုရားလေးရဲ့ ဆံပင်ပုံစံကို ပြန်လည် ဖန်တီးပုံဖော်ပေးထားခြင်း ဖြစ်ပါတယ်။