Primary tabs

ကိုယ်တိုင်ဖန်တီးနိုင်မယ့် ဆံပင်စတိုင်

မော်ဒယ် - ဆွီတီကို
ဓာတ်ပုံ - အာကာဝင်းထွဋ်

    ပထမဦးစွာ အလယ်အရင်ခွဲလိုက်ပါ။ ရှေ့ဆံပင် နည်းနည်းယူလိုက်ပါ။
    ဘီးချွန်နှင့် ဆံပင်ပွ၊ ဖွာတာတွေ မဖြစ်စေရန် သပ်ရပ်အောင် ဖြီးပေးပါ။
    ဆံပင် ထိပ်မရောက်တရောက် နေရာတွင်  ဘီး၏နောက်ဘက်အချွန်နှင့် ဆံပင်အား  အနောက်သို့ ပြန်လိမ်လိုက်ပါ။
    ဆံပင်ပုံစံမပျက်စေရန် ခွကလစ်၊ ကလစ်များထိုးပါ။ ပြီးမှ ဘီးချွန်အား ဖြေးညှင်းစွာထုတ်ပါ။ အလှကလစ်များနှင့်လည်း အလှဆင်နိုင်ပါတယ်။

   ယာယီ ဆံပင်အမြန်ကောက်ဖို့အတွက် မိမိစိတ်ကြိုက် ဘယ်ခွဲ၊ ညာခွဲ (သို့မဟုတ်) အလယ်ခွဲလိုက်ပါ။ ဆံပင်နည်းနည်းယူလိုက်ပါ ကော်စပရေးဖြန်းပါ။
    ဆံပင်ကောက်သည့် Hair roller ဖြင့် ဆံပင်အဖျားနားကနေ စတင်ပြီး ဖြည်းဖြည်းချင်း တစ်ခါလိပ် ကော်စပရေးတစ်ခါဖြန်းပါ။ ထိုနည်းအတိုင်းဆံပင်နည်းနည်းချင်းစီယူ ပြီး ကော်စပရေးဖြန်း Hair roller နဲ့လိပ်ခြင်းဖြင့် မိမိကောက်ချင်သည့် ပမာဏအထိ ပြုလုပ်ပါ။
    ဆံပင်အားလုံး Hair roller နဲ့ လိပ်ပြီးချိန်မှ ဆယ့်ငါးမိနစ်ခန့် ထားပါ။ ကော်စပရေး အသုံးပြုပါ။
    ဆယ့်ငါးမိနစ်ကြာသော် ခေါင်းပေါ်မှ Hair roller များအားလုံး ကောက်သား မပြေသွားအောင် ဖြေးဖြးချင်း ဖြည်ချလိုက်ပါ။ ဒီလို ခဏတာ ဆံပင်အကောက်လေးကို အမြန်ဖန်တီးလိုက်ပါ။

   အလယ်ခွဲ ဆံပင်လေးဖြစ်အောင်ဖြီးပါ။ ခွဲထားသော ဘေးတစ်ဖက်စီတွင် ရှေ့ဆံပင်နည်းနည်းစီ ယူပါ။
    ပြီးလျှင် ရိုးရိုးကျစ်ဆံမြီးလေးတစ်ခုကို လှလှပပလေးဖြစ်စေရန် ကျစ်ကျစ်လစ်လစ်လေး ကျစ်လိုက်ပါ။ ဆံပင်အဖျားနားရောက်လျှင် ချာလီကွင်းနဲ့ချည်လိုက်ပါ။ နောက်တစ်ဖက်လည်း ထိုသို့ကျစ် ပါ။
    ကျစ်ဆံမြီးလေးအား နောက်တွင် ပြန်ပတ်ပြီး ကလစ်ဖြင့်ထိန်းပေးပါ။ ကျစ်ဆံမြီးနှစ်ခု အပေါ်အောက်ဆင့်ပြီး အလှဆင်ပါ။
    မြန်ဆန်လွယ်ကူပြီး လှပတဲ့ ဆံပင်စတိုင်လ်လေးတစ်ခု ကိုယ်တိုင်ဖန်တီးလိုက်ပါ။

   ဆံပင်အားလုံး နောက်သို့ပို့ပြီး နှစ်ခြမ်းခွဲလိုက်ပါ။
    ခွဲထားသော ဆံပင်နှစ်ခြမ်းအား အထုံးတစ်ခုရစေဖို့အတွက် ယှက်ချည်လိုက်ပါ။
    ကျနေသော ဆံပင်တစ်ဖက်ကို အထုံးတွင်ပတ်လိုက်ပါ။ ကလစ်၊ ခွကလစ်များနဲ့ ထိန်းပါ။
    ကျန်ဆံပင်ကိုလည်း ပုံမှာပြထားသည့်အတိုင်း ချည်ထားတဲ့အထုံးပေါ်တွင် ထပ်ပတ်ပါ။ ကလစ်၊ ခွကလစ်များနဲ့ ထိန်းပါ။ လွယ်ကူမြန်ဆန်တဲ့ ဆံထုံးလေးတစ်ခုကို ငါးမိနစ်ပဲအချိန်ပေးပြီး ဖန်တီးနိုင်ပါပြီ။