Primary tabs

ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်ပိုင်စတိုင်(လ်)

    ဒီတစ်လမှာတော့ ဆံပင်တိုတို ပျိုမေများ အတွက် ဆံထုံးလှလှလေးတွေ လုပ်နိုင်အောင် ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ - လမင်းနိုင် (LMN)
မော်ဒယ် - ဆန်းသစ်လ

    နှစ်ထပ်စီးဆံပင်နဲ့စလိုက်ပါ။ ဆံပင်က တို လို့စီးလို့မရဘူးဆိုရင် အပေါ်ဆံပင်တစ်ထပ်ကို ယူပြီး ညှပ်ကလစ်အမဲနဲ့ ညှပ်လိုက်ပါ။ ဆံပင်ထိပ် ဖောင်းဖောင်းလေးဖြစ်ဖို့အတွက် ဘီးချွန်နဲ့ ပုံမှာပြ ထားတဲ့အတိုင်း ဖွာလိုက်ပါ။ ကော်စပရေးဖြန်းပါ။ ဘီးကုတ်လှလှလေးတစ်ခုတပ်လိုက်ပါ။ ဘီးကုတ်အပေါ်ကနေ အဆင်တန်ဆာတစ်ခုခု ထပ်တပ်လိုက်ပါ။ ဥပမာ - အရုပ်ကလစ် (သို့မဟုတ်) ခေါင်းစီး အ၀တ်စ အလှတွေပေါ့။ အားလုံးပြုလုပ်ပြီးပြီဆို လျှင် စပရေးနဲ့ ခပ်ဖြေးဖြေးဖြန်းလိုက်ပါ။


    ဆံပင်ထက်ဝက်ယူပြီး အပေါ်သို့ ခေတ္တ ကလစ်နဲ့ လှန်တင်ထားပါ။ ပြီးလျှင် မိမိနှစ်သက် ရာဆံပင်အတုကို ဆက်လိုက်ပါ။ အပေါ်သို့တင် ထားသော ဆံပင်ကိုပြန်ချပါ။ ဆံပင်အတုနဲ့ အစစ် ရောသွားပြီဆိုရင် ဆံပင်အစစ်နည်းနည်းကိုယူပြီး အနောက်ဘက်တွင် ကလစ်အမဲနဲ့ ညှပ်လိုက်ပါ။ မိမိစိတ်ကြိုက် ဖန်စီကလစ်လေးတွေ ပန်းလေးတွေ နဲ့ ဆံပင်ကိုအလှဆင်လိုက်ပါ။


    ရှေ့ဆံပင်နည်းနည်း ယူလိုက်ပါ။ အနောက် သို့ ပြန်လှန်တင်ပါ။ အမဲရောင်ကလစ်နဲ့ ညှပ် လိုက်ပါ။ ပွနေတဲ့ဆံပင်တွေကို စပရေးဖြန်းပါ။ နောက်ဆံပင်တစ်ထပ်ချင်းစီး အနောက်သို့ယူပြီး ကလစ်နဲ့ညှပ်ပါ။ နောက်ဆုံးမှာ အင်္ကျီနဲ့လိုက်ဖက် တဲ့ ဖဲပြားကြီးကြီးလေးတစ်ခု တပ်လိုက်ပါ။ ဆံပင် တိုတဲ့သူများလဲ ကျက်သရေရှိရှိ ဆံထုံးလေးတွေ လုပ်လို့ရပါတယ်။


    ဆံပင်နည်းနည်းယူပြီး ရှေ့မှာအရင်ချထား ပါ။ မူလရှိတဲ့ဆံပင်တိုကိုပဲ ဘေးကနေ နည်းနည်း ချင်းစီယူ စပရေးဖြန်းပြီး အနောက်ဘက်မှာ ခွေ လိုက်ပါ ပြီးလျှင် ကလစ်နဲ့ထိန်းပါ။ ထိုနည်းအတိုင်း ဘယ်တစ်ဖက် ညာတစ်ဖက် ဆံပင်နည်း နည်းယူ စပရေးဖြန်း အနောက်မှာခွေလိုက်ပါ။ ပွနေတဲ့ ဆံပင်အစအနတွေ ကျန်ခဲ့တဲ့ဆံပင်အစအနတွေကို ကော်စပရေးဖြန်းပြီး ကပ်လိုက်ပါ။ ချထားတဲ့ရှေ့ ဆံပင်ကို ဆံပင်ကောက်တဲ့စက်နဲ့ ကောက်ပြီး ချလိုက်ပါ။ အကောက်ဆံပင်ကိုမချထား ချင်လဲ ရ ပါတယ်။ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကိုယ်ပိုင်ဆံပင်စတိုင်(လ်)တွေပေါ့။