Primary tabs

ဆံကေသာပေါ်က ချိုမြိန်သော သစ်သီးများ

    People မဂ္ဂဇင်းရဲ့ Hair Style ကဏ္ဍ ပရိသတ် များ အမြင်တမျိုးနဲ့ ခံစားနိုင်အောင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံများ ကို ဖန်တီးမှုလက်ရာအသစ်တွေနဲ့ ဆံကေသာထက် မှာ ဆန်းသစ်ထားပါတယ်။

မော်ဒယ် - ဂျူးစံသာ
မိတ်ကပ်၊ ဆံပင် - ညီညီမောင် (စမ်းချောင်း)
ဓာတ်ပုံ - လမင်းနိုင်(LMN)

စတော်ဘယ်ရီသီးများနဲ့ ထုဆစ်ထားတဲ့ အရုပ်မလေး

စတော်ဘယ်ရီ
    ဗီတာမင် စီ ကြွယ်ဝပြီး အင်တီအောက်ဆီဒင့် တွေ ကြွယ်ဝစွာ ပါဝင်လို့ ကျန်းမာရေးနဲ့ အလှအပ
အတွက် အထောက်အကူ ပြုစေတယ်။

အပြစ်ကင်းစင်သော အပြုံးလေးနဲ့ ဆန်းကစ်သီး

ဆန်းကစ်
    ဗီတာမင် စီ ၆၄% ပါဝင်တဲ့ ဆန်းကစ်သီး ဟာလည်း အလှအပအတွက် ပျိုမေများ စားသုံး သင့်တဲ့ အသီးပါ။    

ရောယှက်နေတဲ့ အနီရောင်ဆံပင်နှင့် လိမ္မော်ရောင် ဆန်းကစ်သီး

 

အလှတရားများနဲ့ ပြည့်နှက်နေသော ပန်းသစ်တော်သီးလေး

ပန်းသစ်တော်
    အမျှင်ဓာတ်များပြားစွာ ပါဝင်တဲ့ ပန်းသစ် တော်သီးက အစာကို လျှင်လျှင်မြန်မြန် ချေဖြတ်ပေး
ပါတယ်။

အလှခြင်းယှဉ်ပြိုင်နေတဲ့ ပန်းသစ်တော်သီး နှင့် အကြည့်တစ်ချက်

ချစ်စဖွယ်အနီရဲရဲ ရက်(စ်)ဘယ်ရီသီးလေး များကြားထဲက သူမ

ရက်(စ်)ဘယ်ရီ
    ဗီတာမင် စီ နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ ရက်(စ်)ဘယ်ရီသီးများကိုစားပြီး ခန္ဓာကိုယ်အလှကို ထိန်းသိမ်းနိုင်ပါတယ်။