Primary tabs

လွယ်ကူရိုးရှင်းတဲ့ပုံဖော်နည်း

    People ပရိသတ်ကြီးရဲ့ ဆံပင်လေးတွေ လှလှလေးဖြစ်နေအောင် ဖန်စီဆံပင်ချည်နည်း အဆင့်ဆင့်ကို ပြသပေးထားပါတယ်။

မော်ဒယ် - ရှင်ဝေနိုင်ဦး
မိတ်ကပ် - မိုးမခ (ဒီဇင်ဘာနှင်း)
ဓာတ်ပုံ - အာကာဝင်းထွဋ်

    ဆံပင်အားလုံးကို မိမိချချင်တဲ့ ဘယ်ဘက် (သို့မဟုတ်) ညာဘက်သို့ ချလိုက်ပါ။ ရိုးရိုး သုံးခွကျစ် ကျစ်ဆံမြီးတစ်ချောင်းရအောင် ကျစ်လိုက်ပါ။ ပြီးလျှင် ဆံပင်ဖြောင့်စက်နဲ့ ကျစ်ဆံမြီးကို အပူပေး ပါ။ ဆံပင်ကပ်ကပ်လေးလည်း ဖြစ် ချင်၊ ကော်စပရေးလည်း မသုံးချင်သူများအတွက် နည်းတစ်မျိုးပါ။ ကျစ်ဆံမြီး ကပ်ကပ်လေးနဲ့ လှပနေမှာပါ။

    ညာဘက်(သို့မဟုတ်) ဘယ်ဘက်သို့ ဆံသား အားလုံးထားပါ။ ချာလီသားရေကွင်းနဲ့ ချည်ပါ။ ချာလီကွင်းစီးထားတဲ့ နေရာနားမှာ လက်နှစ် ချောင်းနဲ့ ဆံပင်ကိုဟလိုက်ပါ။ ပြီးရင်ဆံပင်အဖျား ကို အပေါ်သို့ ပြန်လှန်ထည့်ပါ။ နောက်တစ်ဆင့်
ထိုနည်းအတိုင်း ချာလီကွင်းနဲ့စီး ဆံပင်အဖျားကို အပေါ်သို့ ပြန်လိပ်တင်ပါ။ ဆံပင်နည်းနည်းယူပြီး ချာလီသားရေကွင်းပေါ်ကနေ ပြန်ပတ်စီးလိုက်ပါ။

   ဆံပင်များအားလုံးကို ညာဘက်သို့ ဘီးနဲ့ ညီညီညာညာဖြီးပြီး ချထားပါ။ ဘေးသို့ချထားတဲ့ ဆံပင်ကို ချာလီသားရေကွင်းနဲ့ချည်ပါ။ ချည်ထား တဲ့ဆံပင်ကို နှစ်ခြမ်းခွဲပြီး မုန့်ကြိုးလိမ်သကဲ့သို့ ကျစ်ကျစ်လေးလိမ်လိုက်ပါ။ ပြီးရင် အပေါ်ဘက်
မှာ ခွေပြီးတင်လိုက်ပါ။ အမဲရောင်ညှပ်ကလစ်၊ ခွကလစ်များနဲ့ ဆံပင်ကိုထိန်းပါ။ ကော်စပရေး ဖြန်း ပြီး ဘေးနားမှာကပ်နေအောင်လုပ်ပါ။ သပ်သပ် ရပ်ရပ်နဲ့ လှနေမယ့်စတိုင်လေးနဲ့ ဆန်းသစ်လိုက်ပါ။

   ဆံကေသာကိုအလယ်ကနေ ညီညီညာညာ ခွဲလိုက်ပါ။ ရှေ့ဆံပင်နည်းနည်းကိုယူ အထဲကနေ ဆွဲ နောက်သို့ပို့ပြီး ခဏချည်ထားပါ။ ဘေးနှစ် ဘက်စီက ဆံပင်သုံးပုံနှစ်ပုံလောက်ယူပြီး ရိုးရိုးကျစ် ဆံမြီး သုံးခွကျစ်နည်းနဲ့ နှစ်ချောင်းရအောင် ကျစ် ပါ။ ပြီးလျှင် ထိုကျစ်ဆံမြီးနှစ်ချောင်းကို ဘီးကုတ်ပုံစံ အပေါ်သို့ ပြန်တင်လိုက်ပါ။ နောက်မှာချည်ထားတဲ့ ဆံပင်တွေကို  အခွေလေးတွေ ခွေလိုက်ပါ။ ကိုရီး ယားနန်းတော် ရုပ်ရှင်ထဲက မယ်မယ်တွေရဲ့ ဆံပင်ပုံစံနဲ့တောင် ခပ်ဆင်ဆင်ဖြစ်သွားသလိုပဲနော်။