Primary tabs

အစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ရွှေ

ရှေးခေတ်အခါကတည်းက ရွှေကို လက်ဝတ်ရတနာပစ္စည်းအဖြစ် မျိုးစုံဆင်မြန်းခဲ့ကြပါတယ်။ နောက်ပိုင်းခေတ်ကာလတွေမှာတော့ ရွှေကို အသုံးအဆောင်ပစ္စည်းတွေအဖြစ် ရွှေပုဝါ၊ ရွှေဆံထိုး၊ ရွှေလက်ကိုင်အိတ်၊ ရွှေခါးပတ်၊ ရွှေဒေါင်းဘယက်အနေနဲ့ပါ ၀တ်ဆင်လာတာ တွေ့မြင်ရပါတယ်။ ရွှေပန်းချီကား၊ ရွှေရုပ်တုများနဲ့လည်း အိမ်တွင်းအလှဆင်လာကြပါတယ်။   

ရွှေ နဲ့ ကျန်းမာရေး 
ရွှေကိုဝတ်ဆင်ခြင်းဖြင့် ရွှေမှာပါဝင်သော ဂုဏ်သတ္တိများကြောင့် သွေးလည်မှုကောင်းခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း၊ အဆစ်ရောင်ရောဂါများကို သက်သာစေပါတယ်။ 

ရွှေ နဲ့ အလှအပ  
၂၄ ကာရတ်ရွှေနှင့် မျက်နှာပေါင်းတင်ခြင်းဖြင့် ပါးရေတွန့်ခြင်း၊ မျက်ရည်အိတ်ဖောင်းခြင်း၊ ယောင်ယမ်းခြင်းများကို လျှော့ပါးစေပြီး နုပျိုစေပါတယ်။ 

ရွှေ နဲ့ လျှို့ဝှက်ချက် 
အလှအပထိပ်ခေါင် ဆယ်လီယိုပတ်ထရာ ဘုရင်မရဲ့ ပျိုမျစ်လှပမှုတွေကို ထိန်းသိမ်းထားတဲ့ အဓိကလျှို့ဝှက်ချက်က သူမဟာ ညစဉ်ညတိုင်း Gold Mask ကို အသုံးပြုခဲ့လို့ပါ။ 

Model - Yoon Mhi Mhi Kyaw  
Makeup - Soe Soe (Darli)  
Jewel - Aung Thamardi ( Gold & Jewellery)  
Photo - Thardu Ko Ko